ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


ပြည်ပ ဘဏ်များတွင် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အနည်းဆုံး ဘဏ် စာရင်းငါးခုဖြင့် အမေရိကန် ဒေါ်လာ ခြောက်ဘီလီယံ အပ်နှံထားကြောင်း ၀ါရှင်တန် အခြေစိုက် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများ စောင့်ကြည့် နေသည့်အဖွဲ့ (BIC)မှ မန်နေဂျာ Jelson Garcia ကပြောကြားသည်။

''စာရင်းဖွင့်ထားတာတော့ အမှန်ပဲ။ ဘယ်လောက်ဆိုတာ တိတိကျကျပြောဖို့ မလွယ်ဘူး။ ဒီထက်တော့မကနိုင်ဘူး''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းကပြောသည်။

ပြည်ပ၌ ငွေစာရင်းဖွင့်လှစ်ရခြင်းမှာ ပြည်တွင်းမှ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊အစိုးရ၏ ပို့ကုန်သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းကဆိုသည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများပြုလုပ်နေသည့် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ စသည့်နိုင်ငံများရှိဘဏ်များတွင် ဖွင့်လှစ်ထား ခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။

7Day News Journal


Jelson Garcia is the Manager for BIC's Asia Program.


Written by ဦးကျော်စိန် (ပညာရေး-ငြိမ်း) Eleven Media Group

844
အောက်တိုဘာလ ၂၄ရက်က ပရိန်ကျေးရွာ မီးလောင်မှုကို တွေ့ရစဉ်
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) အရ “ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်ပဋိပက္ခ တွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရသဖြင့်” ဟု ဖော်ပြပါရှိပါသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခသည် ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ တစ်စ တစ်စကျယ်ပြန့်လာခြင်း ဖြစ်ကြောင်း၊ အများသိပြီးဖြစ်ကြပါသည်။ ရခိုင် နှင့် မွတ်ဆလင်ပဋိပက္ခဟု ဆိုဆို၊ ဗုဒ္ဓ ဘာသာနှင့် အစ္စလမ်ပဋိပက္ခဟု ပြောပြော အရေးအခင်းကာလအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာတိုး၍သာ လာနေပါသည်။ အကြမ်းဖက်မှုများ ကြီးလာနေပါသည်။
ဖြစ်စဉ်အစ ရမ်းဗြဲ မုဒိမ်းမှု၊ တောင်ကုတ် အရေးအခင်းအလယ်၊ မောင်တောမြို့နယ်မှ လူသတ်၊ မီးရှို့မှု အဆုံးတွင်ဘူးပေါ်သလိုပေါ်လာသည် က ရိုဟင်ဂျာလူမျိုးဆိုသော အမည်သစ်တစ်ခု ဖြစ်ပါသည်။ ဤရိုဟင်ဂျာ  ဆိုသောလူမျိုးသည် ရခိုင်ပြည်နယ်တွင် ယခုမှအဘယ်ကြောင်းကြောင့် ထင်ပေါ်လို့ လာရပါသနည်း။ ယခုမှ လူမျိုးအသစ်တစ်ခု မွေးဖွားလာခြင်းလော။

ယခု ရခိုင်ပြည်နယ်အရေးသည် မြန်မာတစ်နိုင်ငံလုံးနှင့် ဆိုင်သော လူမျိုးရေး သတ်မှတ်ခြင်းကိစ္စဖြစ်သည်။ နိုင်ငံသား၊ နိုင်ငံခြားသား စသော ကိစ္စတို့သည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံစီ၏ သီးခြား လွတ်လပ်သော ကိစ္စဟု ဆိုရပါမည်။ ဤကိစ္စကြီးသည် နိုင်ငံတော်အစိုးရမှ ကိုင်တွယ်ဖြေရှင်းမှရမည့် ကိစ္စဟု  . . .
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး လယ်ကူလီများ အခြေချ နေထိုင်လာကြသည်မှာ သမိုင်းမှတ်တမ်းများအရ အထင်အရှားရှိ၍ ငြင်းမရသော အချက်ဖြစ်ပါသည်။ ဘင်္ဂလားနယ်မှ လယ်ကူလီများသည် အလုပ်အကိုင်၊ အနေအစားချောင်သော ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်ခွင့် ရလာသောအခါ အစဉ်အဆက် နေထိုင်လာခဲ့ကြသည်။ မြို့ရွာအနှံ့ ဖြန့်ကြက်ကာ ကျပန်းအလုပ်များဖြင့် ရခိုင်လူမျိုးများအကြား အေးချမ်းစွာ နေထိုင်လာခဲ့ကြသည်။ ဘင်္ဂါလီ ကုလားလူမျိုး အများစုသည် ရိုဟင်ဂျာဆိုသော အမည်ကိုထိုစဉ်က သိဖို့ မဆိုထားဘိ၊ ကြားဖူးမည်ပင်မထင်ပါ။ အတူယှဉ်တွဲ နေထိုင်နေကြပါ လျက် အတူယှဉ်တွဲနေထိုင်နေကြကြောင်း သတိမထားမိကြသော လူမျိုးများဖြစ်ခဲ့ကြသည်ကို မည်သူမှ ငြင်း၍ရမည်မဟုတ်ပါ။
မွတ်ဆလင်ကမ္ဘာ ဖွံ့ဖြိုးလာသည် နှင့်အတူ ရခိုင်ပြည်နယ်မှ ပညာတတ် မွတ်ဆလင် လက်တစ်ဆုပ်စာ လူတစ်စု တို့၏ ကိုယ်ပိုင်လူမျိုး အတွေးအခေါ်တို့ လူးလွန့်လှုပ်ရှား လာခဲ့ကြသည်ကို တွေ့မြင်ကြရပါပြီ။ မွတ်ဆလင် ကမ္ဘာမှ အထောက်အပံ့တို့ဖြင့် စီးပွားဖွံ့ဖြိုးလာသော ဘင်္ဂါလီတို့သည် အာဏာပိုင် အုပ်ချုပ်သူတို့၏ အကူ ညီများစွာတို့ကို ရယူနိုင်လာခဲ့ကြ သည်။ သူတို့လိုအပ်သော အကူအညီတို့ကိုလည်း ဖောဖောသီသီရရှိခဲ့ကြသည်။ စီးပွားရေးပြေလည်မှုများမှသည် ဘာသာရေး၊ လူမှုရေးနယ် ပယ်များသို့တိုင် ထိုးဖောက်နိုင်လာ သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဗိုလ်ချုပ်ကြီး (ဟောင်း)ခင်ညွှန့်နှင့် အတူ ဗမာ-မွတ်ဆလင်များလေယာဉ် စင်းလုံးငှား၍ လာရောက်ခဲ့ကြသည်ကိုလည်း စစ်တွေမြို့နေ ရခိုင်ရော မွတ်ဆလင်ပါ မေ့မရနိုင်သေးပါ။
ထို့အတူပင် ရခိုင်လူမျိုးအနေဖြင့်ရော ဘင်္ဂါလီလူမျိုးများအတွက်ပါ အောက်မေ့ဖွယ် ဇာတ်လမ်းများရှိနေ ခဲ့ပါသည်။ ဘင်္ဂါလီလူမျိုးတို့၏ ဗလီကျောင်းတို့သည် ပြည်နယ်အနှံ့ တိုးလာနေသည်။ ခိုင်ခံ့လာနေသည်။  လွတ်လွတ်လပ်လပ် ရှိနေသည်။ ထိုစဉ်က ချင်းပြည်နယ်တွင် ခရစ်ယာန် ကျောင်းများဆောက်ခွင့် ပိတ်ထားပါသည်။ စီးပွားရေးပြည့်ဝလာသော ဘင်္ဂါလီလူမျိုးတို့၏ ထိုးစစ်ကို နိုင်ငံရေးလက်နက် တပ်ဆင်ခွင့်ပြု လိုက်သောအခါတွင် အရာရာသည် ရိုဟင်ဂျာဆိုသော စိတ်ကူးအိပ်မက်ကို အကောင်ထည်ဖော်ရန် အချိန်ကိုက် ဖြစ်နေပါတော့သည်။
ထို့ကြောင့်ပင် ရမ်းဗြဲကိစ္စ၊ တောင်ကုတ်ကိစ္စတို့နှင့် ဆက်စပ်မှု မရှိလှသော မောင်တောမြို့နယ်တွင် လူမျိုးရေးအဓိကရုဏ်း သဏ္ဌာန်၊ ဘာသာရေး အဓိကရုဏ်းပုံစံဖြင့် အကြမ်းဖက်မှု စတင်ခဲ့ကြပါသည်။ (ဘူးသီးတောင်၊ မောင်တောမြို့နယ် များတွင် အရေးအခင်း ဖြစ်ပွားနေစဉ် အတွင်း၊ ရန်ကုန်နှင့် ပြည်ပမှ မွတ်ဆလင်ဗလီဆရာများ အပါအ၀င် ဧည့် သည် ၃၀ ဦးတို့သည် ၎င်းမြို့နယ်များတွင် ရောက်ရှိနေကြပြီး အရေးအခင်းပြီးမှ ပြည်မသို့ ပြန်သွားကြကြောင်း ပြည်တွင်းထုတ်ဂျာနယ် တစ်စောင်တွင် ဖော်ပြပါသည်။)
844a
အောက်တိုဘာလ ၂၄ရက်က သရက်အုပ်ကျေးရွာ မီးလောင်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်
အရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့၍ အရေးယူခြင်း ခံခဲ့ရသူများသည် မည်သည့်ကိစ္စကို ဦးစားပေး ဆောင်ရွက်ခဲ့ကြပါသနည်း။ လူ့အခွင့်အရေး အတွက်လော၊ ရိုဟင်ဂျာအရေးအတွက်လော။ သို့သော်လည်း အပြစ်ရှိ၍ တရားရုံးမှ အပြစ်ပေးခံထားရသူများသည် လွတ်ငြိမ်းခွင့်ရခဲ့ပါပြီ။ သို့သော် မီးစမှာ ငြိမ်းသွားရမည့်အစား ပို၍ပင် စည်ပင်လာနေပါသည်။ အဘယ်ကြောင့်ပါနည်း။
နိုင်ငံအတွင်း တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူက ရိုဟင်ဂျာ လူမျိုးသည် ရခိုင်ပြည်နယ်တွင် ယခင်ကပင် ရှိနေပြီးကြောင်း၊ ရိုဟင်ဂျာ အသံလွှင့်အစီအစဉ်ပင် ရှိခဲ့ကြောင်း နိုင်ငံခြားအသံတစ်ခုတွင် ပြောနေဆဲပါ။ သမ္မတကြီး၏ ပြောစကားကိုပင် လက်မခံနိုင်သော ထိုပုဂ္ဂိုလ်သည် မည်သို့သော သဘောထားမျိုး ရှိနေပါသနည်း။ ထိုပါတီသည် မည်သို့သော ပါတီမျိုးဖြစ်နိုင်ပါသနည်း။ ရခိုင်ပြည်နယ်တွင် အထက်ပိုင်းစီးပွားရေးသမား မွတ်ဆလင်တို့ စန်းပွင့်နေဆဲဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ် ဖြစ်နေဆဲဖြစ်သည်။ ရိုဟင်ဂျာ အရေး တိုက်ပွဲဝင်နေဆဲဖြစ်သည်။
ရခိုင်တို့အနေဖြင့် ဘင်္ဂါလီမွတ်ဆလင်တို့နှင့် ကာလတာရှည်နေထိုင်ခဲ့ ဖူးကြပြီ။ ရိုဟင်ဂျာလူမျိုးသည် ရခိုင် ပြည်နယ်တွင် ယခင်ကလည်း မရှိခဲ့။ ယခုမှ ရှိသည်ဆိုလျှင်လည်း လက်ခံမည်မဟုတ်။ မြန်မာနိုင်ငံသားတွင် လူမျိုးများအကြားတွင် လက်မခံနိုင် သော (ယင်းအမည်နှင့် လူမျိုးတစ်ခု မရှိခဲ့ဖူးသော)လူမျိုးအကြောင်း ထိုလူမျိုးများ၏ အရေးတို့ကိုဆောင်ရွက် နေသူသည်ပင် ယခုဖြစ်ပျက်နေသော အရေးတို့ကိုလှုံ့ဆော်သူ၊ သွေးထိုးသူများ ဖြစ်ပါသည်။ နောက်ကွယ်မှကြိုးကိုင် ခြယ်လှယ်နေသူများ ဖြစ်ပါသည်။
ပြည်ပရောက် ရိုဟင်ဂျာဆရာကြီးများသည် လည်းကောင်း၊ ပြည် တွင်းမှ အစွန်းရောက် မော်လ၀ီဆရာများနှင့် အခါတော်ပေး စီးပွားရေးသမားများသည် လည်းကောင်း၊ ယခုဖြစ်ပျက်နေသော သေကျေ၊ ဒဏ်ရာရ အိုးအိမ် မဲ့စာရင်းများတွင် ပါဝင်ကြမည် မဟုတ်ပါ။ သူတို့သည် ရူးသွပ်သော အိပ်မက်တစ်ခုကို အသက်ပေါင်းများစွာ စတေးပြီး အကောင်အထည် ပေါ်အောင် ကြိုးစားနေခြင်းသာ ဖြစ်ပါသည်။ သူတို့သည် လူ့အခွင့်အရေး နှင့် ဘာသာရေးကို အကြောင်းပြပြီး ကိုယ်ကျိုးအမြတ် ထုတ်ကြပါမည်။ ယခုလည်းထုတ်နေ၊ ရနေ၊ ခံစားနေကြပါပြီ။
တရားခံဟူသည် တရားခွင်ထဲမှာပင် ရှိနေပါသည်။ ယခုရခိုင်ပြည်နယ် အရေးသည် မြန်မာတစ်နိုင်ငံလုံးနှင့် ဆိုင်နေသော လူမျိုးရေးသတ်မှတ်ခြင်း ကိစ္စဖြစ်သည်။ နိုင်ငံသား၊ နိုင်ငံခြား သားစသော ကိစ္စတို့သည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံစီ၏ သီးခြားလွတ်လပ်သော ကိစ္စဟုဆိုရပါမည်။ ဤကိစ္စကြီးသည် နိုင်ငံတော် အစိုးရမှ ကိုင်တွယ်ဖြေရှင်းမှရမည့် ကိစ္စဟု ထင်မြင်ပါသည်။ ယခုတည်မြဲနေပြီးဖြစ်သော အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့သည် နိုင်ငံသား၊ နိုင်ငံခြားသားဖြစ်မှုကိစ္စ ကို တိတိကျကျ ပြတ်ပြတ်သားသား ကိုင်တွယ်သင့်ပါသည်။ ထိုဥပဒေ ပြတ်သားလျှင် ရိုဟင်ဂျာ အရေးကို ပြတ်သားစွာ ဆုံးဖြတ်လာနိုင်ပါလိမ့်မည်။ ထိုအခါ ရခိုင်ပြည်နယ်အရေး သည် သူ့သဘောသူဆောင်သော အဆင့်သို့ ရောက်သွားပါလိမ့်မည်။
ရခိုင်ပြည်နယ်တွင် ယခင်ကာလရှည်ကြာ အတူနေထိုင်ခဲ့ကြသော လူမျိုးတို့အကြား ယခုလို အမုန်းတရား ပေါများလာစေခဲ့သည့် နောက်ကွယ်မှ တရားခံကိုပါ ဖော်ထုတ်ပြလာနိုင်ခဲ့ပါ မူကား အတူယှဉ်တွဲ နေထိုင်နိုင်ရေးသည်ပင် မဖြစ်နိုင်စရာမရှိပေ။ ယခုကား အပြစ်မဲ့ရန်ငြိုးမဲ့ လူသားတစ်ဦး ကိုတိရစ္ဆာန်တစ်ကောင်ပမာလည်လှီး သတ်ခဲ့ပြီ။ အိုးအိမ်များစွာတို့ ပြာပုံ ဘ၀ရောက်ခဲ့ကြပြီ။ အိမ်မဲ့ယာမဲ့ ဘ၀ရောက်ခဲ့သူများသည် ရိုဟင်ဂျာဆိုတာ ဘာလဲဟုမေးလျှင် ဖြေနိုင်မည့်၊ ဖြေတတ်မည့်သူများ မဟုတ်မှာတော့ သေချာသည်။ သို့သော်လည်း သူတို့မှာပါ ဒဏ်ရာကရှိနေပြီ။ ဤဒဏ်ရာတို့သည် နှစ်ဦးနှစ်ဖက်ရရှိ သွားကြသည့် ဒဏ်ရာများဖြစ်သည်။ ဤဒဏ်ရာဒဏ်ချက်တို့ကို လူ့အခွင့်အရေးဆေး၊ ဘာသာရေး လွတ်လပ်ခွင့်ဆေးများ တိုက်ကျွေးရုံဖြင့် ကောင်း ပျောက်မည်မထင်ပါ။ ရောဂါ၏ အကြောင်းရင်းသည် လူသားမျိုးနွယ် အမည်သစ် ဖန်တီးလိုသည့် စိတ်ဝေဒနာသည် ပညာတတ်လူတစ်စု တို့၏ သွေးထိုး မြှောက်ပင့်မှုများကြောင့်သာ ဖြစ်ရသည်ဟု ယူဆမိပါသည်။

Eleven Media Group


မင်းဆက်ခိုင်
ရန်ကုန်ရောက် ရခိုင်ခေါင်းဆောင်များ၊ ရခိုင်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များနှင့် ရခိုင်အရေး စိတ်ဝင်စားသူများ စုပေါင်းကာ ကွန်ယက်တခုကို ဖွဲ့စည်းလိုက်သည်။

အဆိုပါ အခမ်းအနားကို ယနေ့ နေ့လည် ၁နာရီမှ ညနေ၄ နာရီထိ ရန်ကုန်မြို့ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
“ အခု ရန်ကုန်မှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေဟာ သွားနေကြတဲ့ လမ်းကြောင်း ဟာ ရခိုင်ပြည်ကို ကယ်ဆယ်မယ်ဆိုပြီး ဦးတည်ချက်တော့ တူတယ်။ ဒါပေမယ့် နက်ဝါး ( Network) မရှိဘူး။ ဥပမာ စစ်တွေမှာဆိုရင် စစ်တွေဘက်ကိုပဲ ဦးတည်သွားကြတယ်။ တကယ် လိုအပ်တဲ့ နေရာတွေကို မရောက်တာ တွေရှိတယ်။ ဒါကြောင့် ကျနော်တို့က အခုလို ကွန်ယက် တစ်ခုကို လုပ်တာပါ။ ကွန်ယက် လုပ်လိုက်ခြင်းအားဖြင့် တဖွဲ့နဲ့တဖွဲ့ တယောက်နဲ့တယောက် ပူးပေါင်း တိုင်ပင်ပြီးတော့ လုပ်ရတော့ ပိုပြီး အောင်မြင်မှာဖြစ်လို့ အခုလို လုပ်ရတာပါ”  ဟု ရန်ကုန် ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က နိရဉ္စရာသို့ ပြောသည်။
ယခုကွန်ယက်အနေဖြင့် လုပ်ဆောင်နိုင်မည့် အတိုင်းအတာကိုလည်း ဦးဇော်အေးမောင်က ရှင်းပြသည်။
“ အများကြီးလုပ်နိုင်ပါတယ်။ ဥပမာ ပြောရရင် တသင်း တဖွဲ့တည်း လုပ်နေတာထက် စာရင် အဲဒီ တဖွဲ့ချင်းစီရဲ့ လုပ်အားကို စုလိုက်တဲ့အခါ ပိုပြီးတော့ ထိရောက်မှုရှိပါတယ်။ ပိုပြီး အောင်မြင်မူ ရှိမှာပါ” ဟု ဆိုသည်။
အဆိုပါအခမ်းအနားသို့ ရတပပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်၊ အထွေအထွေအတွင်းရေးမှူး ဦးဦးလှစော၊ ALD ပါတီ ရန်ကုန်တိုင်း ဥက္ကဌ ဦးဦးလှမြင့်၊ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်နှင့် တခြားအဖွဲ့အစည်းအသီးသီး မှ ခေါင်းဆောင်၊ ကိုယ်စားလှယ်များ၊ ရခိုင် အမျိုးသား စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့သည်။
အခမ်းအနား တက်ရောက်လာသူများထံမှ ဆန္ဒသဘောထားကောက်ခံပြီး ပြောရေးဆိုခွင့်ရှိသူ ၂၇ ဦးဖြင့် ကွန်ယက်ကို ဦးစွာ ဖွဲ့စည်းခဲ့သည်။
၎င်းတို့မှာ – ဦးအောင်လှထွန်း (ရွိက်တာ သတင်းဌာန)၊ ဒေါက်တာအေးမောင်(RNDP ဥက္ကဌ)၊ ဦးစောမောင် (ဥပဒေပညာရှင်)၊ ဦးဦးသန်းမောင် (ဥပဒေ ပညာရှင်) ၊ ဒေါက်တာစံ လှကျော်၊ ဒေါ်စောခင်မြင့် (စာ-ယဉ် ဥက္ကဌ)၊ ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး)၊ ဦးဘရှိန် (ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးကျော်စိန်၊ ဦးဘရွှေ (အင်ဂျင်နီယာချုပ် အငြိမ်းစား)၊ ဦးသာပွင့် (စစ်တွေ)၊ ဦးသန်းထွန်း (ကျောင်းဆရာ)၊ ဦးငြိမ်းချမ်းမောင် (ကျောက်ဖြူ)၊ ဒေါ်နုမြဇံ (ဒု-ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား)၊ ဦးလှမောင်သိန်း (ရခိုင်သဟာယအသင်း ဥက္ကဌ)၊ ဦးကျော်ဝင်းချေ (ရခိုင်အမျိုးသား ကွန်ယက် ဒု-ဥက္ကဌ)၊ ဦးဘိုမင်းဖြူ (ပြည်နယ် ဒု-ညွန်ကြားရေးမှူး အငြိမ်းစား)၊ ဒေါက်တာ ကျော်ကျော်အောင်၊ ဦးသိန်းဖေ၊ ဦးခိုင်ကျော်မိုး၊ ဦးကျော်ဝင်းခိုင်၊ ဦးအောင်ကျော်စိန် (ရှေ့နေ)၊ ဒေါ်အေးနုစိန် (ရှေ့နေ)၊ ဦးဦးလှမြင့် (ALD ရန်ကုန်တိုင်း ဥက္ကဌ)၊ ဦးဖေသိန်း၊ ဦးမြင့်မောင်ဌေး တို့ဖြစ်သည်။
၎င်း ပြောရေးဆိုခွင့်ရှိသူများအပြင် ရန်ကုန်တိုင်း မြို့နယ်အသီးအသီးတွင်ရှိသော ရခိုင် အဖွဲ့အစည်း အများအပြားမှာ တာဝန်ရှိသူများလည်း ပါဝင်ကြသည်ဟု သိရသည်။
နာယကအဖွဲ့တွင် တင်မြှောက်ခံရသူ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်ကလည်း ပိုမိုထိထိရောက်ရောက် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ယခုလို ပြောသည်။
“ ရန်ကုန်မှာ ရောက်နေတဲ့ အဝေးရောက် ရခိုင်တွေအနေနဲ့ စုပေါင်းပြီးတော့ ရခိုင်ပြည်သူ အရေးကို ထိထိ ရောက်ရောက် လုပ်နိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်”  ဟု ပြောသည်။
ဒေါက်တာ အေးမောင်ကလည်း ကွန်ယက်ဖွဲ့စည်းခြင်းဖြင့် ထိရောက်မူ ရှိနိုင်ကြောင်းကို နိရဉ္စရာသို့ ယခုလို ပြောသည်။
“ ဒီကွန်ယက်ကို ဖွဲ့တာကတော့ ကျယ်ပြန့်မှာပါ။ ကဏ္ဍပေါင်းစုံ ရှိမှာပေါ့နော်။ ဥပမာ နိုင်ငံရေး အဖွဲ့ ရှိမယ်၊ သမိုင်းနဲ့ ပတ်သက်လို့ရှိမယ်။ ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ရှိမယ်။ တခြား ကဏ္ဍတွေ အလိုက်လည်း ရှိမှာပေါ့။ ဒီလို ကဏ္ဍအလွှာလိုက် ရှိလာမှာပေါ့နော်။ ဒီလိုကွန်ယက် ပြောရေးဆိုခွင့်ရ အဖွဲ့ ဖွဲ့တာကို ကျနော်တို့က လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဖွဲ့အစည်း ပေါင်းစုံက လူတွေပါတော့ စုစည်းရတာလည်း လွယ်ပါတယ်။ ဥပမာ ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ ကိစ္စတခု ပေါ်လာရင် ကိုယ့်နေရာနဲ့ကို ပြောရေးဆိုခွင့်ရှိသူ အလိုက် လုပ်လို့ရတယ်။ မလုပ်ခင်မှာလည်း ကျနော်တို့က နိုင်ငံရေး အရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ ယဉ်ကျေးမှုအရ ဖြစ်စေ ကြိုတင် တိုင်ပင်ပြီး ဆုံးဖြတ်လုပ်လို့ရတာပေါ့။ ဆိုတော့ ဒီလိုလုပ်ရတာဟာ ပိုပြီးတော့ ထိရောက်တယ်လို့ ကျနော် ယူဆပါတယ်” ဟု ဆိုသည်။
ယခု အအခမ်းအနားတွင် တက်ရောက်လာသူများက သူ့အမြင် ကိုယ့်အမြင် သဘောထားများကို ပွင့်ပွင့် လင်းလင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး တင်ပြခဲ့ကြသည်။
 34 0 3 139
 



အောက်တိုဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
အမျိုးသားစည်းလုံးညီညွှတ်မှုကို ရှေးရှု၍ အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသော ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး သင်ပုန်းချေလိုက်ပြီးဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။
ကရင်ပြည်နယ်၊ ဖားအံခရိုင် ကေအဲန်ယူထိန်းချုပ်နယ်မြေ လေးဝါးစခန်း၌ အောက်တိုဘာလ ၂၅ရက်မှ ၂၆ရက်နေ့အထိ ပြုလုပ် သော ကေအဲန်ယူ၏ အထူးအရေးပေါ် အစည်းအဝေးသို့ ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအရံအမြဲတမ်း ကော်မတီဝင် ၄၀ဦးတို့ တက်ရောက်ခဲ့ကြပြီး ထုတ်ပယ်ခံရသော ခေါင်းဆောင် ၃ဦး၏ ကိစ္စကို အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ သင်ပုန်း ချေခဲ့ကြခြင်းဖြစ်သည်။
ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ထုတ်ပယ်ခံရတဲ့ ခေါင်းဆောင်ကိစ္စကို ဆွေးနွေးတဲ့အခါမှာ သူ့ ဘက်က သူမှန်၊ ကိုယ့်ဘက်က ကိုယ်မှန်နဲ့ အပြန်အလှန် ပြောဆိုလို့ မဆုံးနိုင်ဘူး။ ဒါကြောင့် စည်းလုံးညီညွှတ်ရေးကို ရှေ့ရှုပြီး သင်ပုန်းချေလိုက်တာ အကောင်းဆုံးပဲဆိုပြီးတော့ အဲဒီခေါင်းဆောင်တွေကို မူလ တာဝန်ပြန်ပေးပြီး ၁၅ကြိမ်မြောက် ကွန်ဂရက် အထိ ဆက်လက် တာဝန်ယူသွားဖို့ သဘောတူခဲ့ကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အထူးအရေးပေါ် အစည်းအဝေးတွင် အဖွဲ့အစည်းအတွင်း ဖြစ်ပွားသည့် သဘောထားကွဲလွဲမှုများမှာ ကေအဲန်ယူ ဖွဲ့စည်း ပုံအခြေခံဥပဒေ၏ အားနည်းချက်သာဖြစ်သောကြောင့် ၎င်းကို ခေါင်းဆောင်များအားလုံး တာဝန်ခံကာ ကျေအေးခဲ့ကြကြောင်း နှင့် ပြည်တွင်းပြည်ပမှ ကရင်ပြည်သူလူထုများလည်း ကေအဲန်ယူအတွင်း အုပ်စုကွဲမှုကို မဖြစ်ပွားလိုကြောင်း ဗိုလ်မှူးစောလှငွေ က ဖြည့်စွက်ပြောဆိုသည်။
ယနေ့ထုတ်ပြန်သည့် ကေအဲန်ယူ၏ သဘောထားကြေညာချက်အရ လက်ရှိဖြစ်ပေါ်နေသော အဖွဲ့အစည်းအတွင်း အားနည်း ချက်များကို ခေါင်းဆောင်များမှ ဦးစီးရှေ့ဆောင်၍ ညှိနှိုင်းအဖြေရှာကာ အခြေခံလမ်းစဉ်နှင့်အညီ အတူတကွ ဆက်လက် ချီတက်သွားကြမည်ဟူ၍ ဖော်ပြထားသည်။
ကေအဲန်ယူ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ မန်းငြိမ်းမောင်က “ကေအဲန်ယူအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခပေါ်မှာ တမျိုးသား လုံးက စိုးရိမ်မှုတွေ ကြီးမားစွာ ဖြစ်ပေါ်ခဲ့တယ်။ ဒီကိစ္စတွေကို ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ အလေးအနက်ထားပြီး ရေရှည် လုပ်ဆောင်ရမယ့်အရာတွေကို ရှေ့ရှုလုပ်ဆောင်သွားတာ ဖြစ်ပါတယ်”ဟု ပြောသည်။
တစ်ဆက်တည်းမှာပင် အဖွဲ့အစည်းအတွင်း ဖြစ်ပွားခဲ့သည့် ခေါင်းဆောင်များ၏ သဘောထားကွဲလွဲမှုများကို သင်ပုန်းချေခဲ့ပြီးဖြစ် ၍ လာမည့် ဗဟိုကော်မတီအစည်းအဝေးကို ယခုလ ၃၁ရက်နေ့တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ၁၅ကြိမ် မြောက် ညီလာခံကို နိုဝင်ဘာလ စတုတ္ထပတ်တွင် ကျင်းပသွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန် မြစ်တွင် သွားလာနေသော စက်လှေ တစ်စီးအား စစ်တပ်မှ အဆက်မပြတ် ပစ်ခတ်မူကြောင့် လူငယ် ၄ ဦးသေဆုံးပြီး၊ ၁၂ ဦးဒဏ်ရာ ရရှိကာ အများအပြား ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

သေဆုံးသူများမှာ ယခုအချိန်ထိ ကျောက်တော် ဆေးရုံသို့ ရောက်ရှိနေပြီး ယနေ့ နံနက် ၁၁ နာရီတွင် အလယ်ကျွန်းကျေးရွာမှ လူငယ် အလောင်း တစ်လောင်း ရောက်ရှိလာသည်ဟု ဒေသခံ လူကြီးတစ်ဦးက ဆေးရုံမှ နေပြီး နိရဉ္စရာသို့ ပြောကြားသည်။
“ အခုဘဲ အလောင်းရောက်လာပါတယ်။ မောင်ဝင်းလိုင်လို့ခေါ်တယ်။ အလယ်ကျွန်းကျေးရွာကတဲ့။ အခုဘဲ ဆေးရုံကို ယူလာပါတယ်” ဟု ဆိုသည်။
ယနေ့နံနက်ကလည်း စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားသူ ကိုထွန်းအေးသာ အလောင်းကိုလည်း ကျောက်တော် ဆေးရုံသို့ ယူဆောင်လာခဲ့သဖြင့် ယနေ့ ရောက်လာသော အလောင်းမှာ (၂) လောင်း ဖြစ်သည်ဟု သူက ပြောသည်။
“ အခု စစ်တပ်က တောင်ဘွေ ကျေးရွာ အနီးမှာ ပစ်ခတ်တဲ့ အတွက် သေဆုံးသူ ၄ ဦး ရှိသွားပါပြီ၊ ဒဏ်ရာ ရသူ ၁၂ ဦး၊ ပျောက်ဆုံးနေသူ အများအပြား ရှိနေပါတယ်” ဟု ပြောသည်။
သေဆုံးသူမှာ ကိုဦးထွီးလှစိန် (၂၈) နှစ်၊ ဦးကျော်လှ (၂၃ နှစ်)၊ ကိုထွန်းအေးသာနှင့် မောင်ဝင်းလိုင် တို့ ဖြစ်ကြပြီး သူတို့မှာ တင်းမကျေးရွာ၊ လက်ဖြူကျေးရွာ၊ သာစည်ကျေးရွာနှင့် အလယ်ကျွန်း ကျေးရွာတို့က ဖြစ်သည်။
အဆိုပါ စက်လှေသည် အောက်တိုဘာလ ၂၅ ရက် ညနေ ၄ နာရီခန့်တွင် ကျောက်တော်မြို့ အထက်ပိုင်း ကုလားတန်မြစ် အတွင်း သွားနေစဉ် စစ်တပ်မှ  တောင်ဘွေ ကျေးရွာအနီး ကမ်းပေါ်မှ နေပြီး တရစပ် အချက်ပေါင်း မြောက်မြားစွာ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
“ စစ်တပ်က ဘာကြောင့် ပစ်ခတ်တယ်ဆိုတာ မပြောနိုင်ဘူး။ သူတို့က မွတ်ဆလင်ရွာကို တိုက်ခိုက်ဖို့ လာတယ်ထင်ပြီး ပစ်တယ်လို့ ယူရပါတယ်။ ဒါပေမယ့် ရေထဲမှာ သွားနေတဲ့ စက်လှေကို ကုန်းပေါ်ကနေ အနီးကပ် ပစ်တာဖြစ်တဲ့ အတွက် လူတွေ အထိအခိုက် အကျအဆုံးများသွားတာ ဖြစ်ပါတယ်။ စက်လှေပေါ်မှာ လူပေါင်း ၃၀ ကျော်လောက် ပါလာတယ်။ အခုအချိန်ထိ အကုန်လုံးလိုလို ပျောက်နေပါတယ်” ဟု ပြောသည်။
ဒဏ်ရာ ရသူ ၁၂ ဦးထဲမှ ၄ ဦးအား စစ်တွေဆေးရုံကြီးသို့ ယမန်နေ့က ယူဆောင်သွားပြီး ယနေ့တွင် ဒဏ်ရာ ပြင်းထန်သဖြင့် နောက်ထပ် ၆ ဦးကို စစ်တွေသို့ ယူဆောင် သွားသည်ဟု သိရသည်။ လူနာ ၁၀ ဦးထဲမှ ကိုသန်းရွှေ ဆိုသူမှာ ဒဏ်ရာပြင်းထန်သဖြင့် ယနေ့တွင် ရန်ကုန် ဆေးရုံကြီးသို့ လေယာဉ်ဖြင့် ယူဆောင် သွားကြောင်း သတင်း ရရှိသည်။
ကျောက်တော်မြို့နယ်တွင် ယခုအချိန်ထိ သေဆုံးသူ (၈) ဦးရှိသွားပြီ ဖြစ်ပြီး ထိုအထဲမှ ၄ ဦးမှာ ပိုက်သည်ရွာ လက်ဆောင်ကောက် မွတ်ဆလင်ရွာတွင် စစ်တပ်နှင့် ဘင်္ဂလီရွာသားများ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ခြင်း ဖြစ်ပြီး နောက် ၄ ဦးမှာ တောင်ဘွေတွင် စစ်တပ်မှ ပစ်ခတ်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ အချိန်ထိ မြန်မာတပ်မတော်မှ ပစ်ခတ်သတ်ဖြတ်မူကြောင့်  သေဆုံးသွားသူများမှာ ရသေ့တောင်တွင် (၂) ဦး၊ မင်းပြား ပန်းမြောင်းတွင် (၂) ဦး၊ မြောက်ဦး ပရိန်နှင့် ယဉ်သေတွင် ၄ ဦး၊ ကျောက်တော်တွင် (၆) ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ တစ်ခြားနေရာများတွင်လည်း ရှိနိုင်သေးကြောင်း သတင်းများက ဆိုသည်။
စစ်တပ် ပစ်ခတ်မူကြောင့် ဒဏ်ရာ ရသူများမှာ ရသေ့တောင်မြို့နယ်တွင် ၁၂ ဦး၊ ကျောက်တော်မြို့နယ်တွင် ၁၅ ဦးခန့်နှင့် တခြားမြို့နယ်များတွင် လူပေါင်း ၃၀  အထက်ရှိနိုင်ကြောင်း သိရသည်။


မောင်အေး
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုတွင် မိမိတို့ရပ်ရွာ၊ အသက်အိုးအိမ်များကို ကာကွယ်နေသည့် ရခိုင်အမျိုးသားများကို မြန်မာစစ်တပ်မှ တမင် ချိန်ရွယ် ပစ်ခတ်  သတ်ဖြတ်နေသည့်အပေါ် ရခိုင်ပြည်လွတ်မြောက် ရေးပါတီက ရှုတ်ချလိုက်သည်။

ရခိုင်တို့အား မြန်မာစစ်တပ်မှ မတရား ပစ်ခတ်သတ်ဖြတ်  နှိမ်နင်းနေခြင်းများသည် မြန်မာအစိုးရမှ ကြွေးကြော်နေသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီရေးဆိုသည့်မူနှင့် လုံးဝလွဲချော်ပြီး “သူခိုးဓါးရိုးကမ်း”သည့် လုပ်ရပ်ဖြစ်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ပါတီ ကြေငြာချက်တွင် ဖော်ပြသည်။
“ အစိုးရဘက်က ကိုင်တွေမှုကို ကျွန်တော်တို့က လုံးဝ တရားမျှတမှုမရှိလို့မြင်တယ်။ ဘာဖြစ် လို့ လည်းဆိုတော့ သူတို့ အရင်ကတည်းက ပြောထားတာရှိတယ်။ ရခိုင်ဘက်ကလည်းမပါ။ ဘင်္ဂလီ ဘက်ကလည်းမပါလို့ပြောတယ်။ ဒီလိုပြောတာ ကိုက မျှတမှုမရှိဘူး။ သူတို့ပြောနေတဲ့ တိုင်းရင်း သားညီနောင်ဆိုတဲ့ အထဲမှာ ရခိုင်တွေပါတယ်။ ဒါကြောင့် တဘက်က ခိုးဝင်လာတဲ့ ဘင်္ဂလီတွေနဲ့ ရခိုင်တွေကို တစ်တန်းတည်းထားပြီး ဆက်ဆံတာကိုက လုံးဝမသင့်တော်လို့မြင်တယ်” ဟု ရခိုင်ပြည် လွတ်မြောက်ပါတီမှ ခေါင်းဆောင် တဦးဖြစ်သူ ခိုင်သုခက ပြောသည်။
ယခုကဲ့သို့ ရခိုင်ပြည်တွင် ပြဿနာများပေါ်ပေါက်လာရခြင်းမှာလည်း တစ်ဘက်နိုင်ငံမှ ခိုးဝင်လာသူ တဖြည်းဖြည်းများ လာမူ အပေါ် အစိုးရ တာဝန်ရှိသူများမှ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသည့် အတွက် ရခိုင်ပြည်သူများ မခံစားသည့်နိုင်သည့် အဆုံး မိမိမြေကို မိမိကိုယ်တိုင် ကာကွယ်ရာမှပေါ်ပေါက် လာ ခြင်းဖြစ်ပြီး ထိုသို့ ကာကွယ်သူ ရခိုင်ပြည်သူများကို အစိုးရမှ ခြေမှုန်းခြင်းမှာ လုံးဝ လက်ခံ နိုင်စရာ မရှိကြောင်းလည်း ခိုင်သုခက ပြောသည်။
ရသေ့တောင် ပြည်သူလူထုအစည်းအဝေးမှ ပြည်သူများ၏ တောင်းဆိုချက် တင်ပြချက်များကိုလည်း အစိုးရအနေနှင့် လိုက်လျှောရန်လိုအပ်ပြီး ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားများနှင့် ဘင်္ဂလီများ အတူ ယှဉ်တွဲ နေထိုင်ရေးဆိုသည်မှာလည်း လုံးဝမဖြစ်နိုင်ကြောင်း ခိုင်သုခမှ ပြောသည်။
အောက်တိုဘာလ ၂၁ ရက်နေ့က မင်းပြားမြို့ ပိုက်သည်ရပ်မှ စတင်ဖြစ်ပွားသည့် ဆူပူမှုမှာ တခြား မြို့များသို့ ကူးစက်သွားပြီး စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်သည့် အတွက် ရခိုင်လူမျိုး (၁၀) ကျော် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယမန်နေ့နေ့လည်က ကျောက်တော်မြို့တွင် ဆူပူမှုအတွင်း စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားသည့် ရခိုင် လူငယ်နှစ်ဦး အသု ဘအခမ်းအနားတွင်လည်း “တပ်မတော်သည် ပြည်သူကို ဘယ်တော့မှ သစ္စာမဖောက်ပါ။ တပ်မတော် သည် အမျိုးသားရေးအတွက်—?” ဟု မေးခွန်းများ ထုတ်ထားသည့် စာတန်းပါ ပိုစတာများကို ကိုင်ဆောင်ပြီး ပြည်သူများက ဆန္ဒပြထုတ်ဖော် ခဲ့ကြသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဗမာ စစ်တပ်၏ ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေပြီး တချို့ စစ်ဗိုလ် စစ်သားများသည် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များထံမှ ပိုက်ဆံများ အမြောက် အမြားယူပြီး ရခိုင်များကို ပစ်ခတ်မူများ ရှိနေသည်ဟုလည်း စွပ်စွဲချက် သတင်းများ ထွက်ပေါ်နေသည်။ စစ်တပ်က ပစ်ခတ်ခံ၍ သေဆုံးခဲ့ရသူ ရခိုင်အများစုသည် ဦးခေါင်းတွင် ကျည်ဆံ တိုက်ရိုက်ထိမှန်ပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်တော်မြို့နယ် သ၀င်ကိုင်း ကျေးရွာမှ ဦးထွန်းအောင်သာအား ခမရ ၃၇၄တပ်ရင်းမှ ဗိုလ်ကြီး ဝေဖြိုးအောင်က နားထင်အား သေနတ်ဖြင့် အနီးကပ် တည့်ကာ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
ရသေ့တောင်မြို့နယ် ကျွန်ကြီးကျေးရွာမှ ဦးသိန်းလှမောင်နှင့် ကပ်ချောင်းကျေးရွာမှ ဦးအောင်ဇံဝေမှာလည်း ဦးခေါင်းနှင့် လည်ပင်းတွင် စစ်တပ်မှ ပစ် ခတ်သော သေနတ်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြရသည်။
ကျောက်တော်မြို့နယ်တွင် ဘင်္ဂလီ မွတ်ဆလင်ကျေးရွာများမှ ဆူပူ သောင်းကျန်းလိုသူ တချို့သည် အမျိုးသမီးများကို မထီမဲ့မြင် စော် ကားခြင်း၊ ဈေးသွား ဈေးလာ သူ များကို နှောင့်ယှက်ခြင်း၊ ဂျင်ကလိ လေးဂွများဖြင့် ပစ်ခြင်း၊ ရခိုင်ပိုင် နွားများကို ခိုးယူသတ်စားခြင်း၊ စပါးခင်းများမှ စပါးများကို ခိုးရိတ်သိမ်းခြင်း စသည့် လုပ်ရပ်များဖြင့် ရန်စ စော်ကားမူများ ပြုလုပ်နေမူ အပေါ် စစ်တပ်နှင့် အာဏာပိုင်များကို တိုင်ကြားသော်လည်း မည်သည့်အခါမှ အရေးယူခြင်း မရှိခဲ့ကြောင်း သိရသည်။
ယခု ရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အောက်တိုဘာ ၂၅ ရက်အထိ လူနေအိမ် ၂၃၀၀ ကျော်ဆုံးရှုံးသွားပြီး သေဆုံးသူ ၆၄ ဦး နှင့် ဒဏ်ရာရသူ ၉၂ ဦးရှိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။


ရခိုင်အကြမ်းဖက်မှုကြောင့် လူသေဆုံးမှု တရာကျော်သွားပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ထားတဲ့ ပဋိပက္ခတွေကြောင့် သေဆုံးသူပေါင်း ၁၀၀ ကျော်ရှိနေပြီး၊ ဒုက္ခရောက် နေသူတွေ အတွက် အစားအသောက် အကူအညီတွေကို ပေးနေပါတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူက ပြောပါတယ်။ နေရေးထိုင်ရေး အတွက် စီစဉ်ပေး နိုင်ဖို့ကိုလဲ စပြီးဆောင်ရွက် နေတယ်လို့ ပြောပါတယ်။ တချိန်ထဲမှာပဲ ရခိုင်ပြည်ထဲက ပရဟိတ အဖွဲ့တခုကလဲ ဆေးရုံတက် နေရသူတွေ၊ တခြား ဒုက္ခ ရောက်နေသူတွေ အတွက် အကူအညီတွေ ပေးနေပါတယ်။ ခုလို အခြေအနေနဲ့ ပါတ်သက်လို့ စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ဒီကနေ့ သောကြာနေ့မှာတော့ ရခိုင်ပြည်နယ်ဖက်မှာ အခြေအနေတွေ ငြိမ်သက်နေပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းကစပြီးတော့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင် မြို့နယ်တွေမှာ သေဆုံး ဒဏ်ရာရသူပေါင်း ရာကျော် ရှိသွားပြီလို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က VOA မြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ဖြစ်စဉ် စဖြစ်တဲ့နေ့ကနေ စပြီးတော့ ခြောက်မြို့နယ်ပေါ့၊ ရသေ့တောင်နဲ့ ကျောက်တော်ပါ အပါ၊ သေဆုံးတာ ယောက်ကျား ၅၁ဦး၊ အမျိုးသမီးက ၆၁ဦး၊ ဒဏ်ရာရတာက အမျိုးသားက ၆၈ဦး၊ အဲ့မှာ ကလေး ၁၀ယောက်ပါတယ်။ နှစ်ဖက်စလုံးပါ။ အမျိုးသမီးလေးက ၄ဦး၊ ဖြစ်စဉ်တခုလုံးရဲ့ သေဆုံးတဲ့ လူဦးရေပေါ့ခင်ဗျ။”

ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေ အားလုံးမှာ ဒုက္ခရောက်နေသူတွေအတွက် အစားအသောက် အကူအညီတွေကို ပြည်နယ်အစိုးရက စတင်ပေးနေပြီ ဆိုတာကိုလဲ ဦးဝင်းမြိုင်က ခုလို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ခရိုင်အုပ်ချုပ်ရေးမှူးက မြေပုံမှာ ထိုင်ပြီးတော့ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေပါတယ်။ ကျန်တာကတော့ မြို့နယ်တိုင်းမှာတော့ သူ့အုပ်ချုပ်ရေးမှူးတွေမှာ အရင်ဖြစ်စဉ်ကတည်းက ကြိုတင်ပို့ထားတာတွေရှိတယ်။ အဲ့ဒီ့မှာ သူတို့မှာ အကုန်လုံး စားစရာ၊ သောက်စရာတွေ အကုန်လုပ်ထားပေးပြီးသား၊ အဲ့ဒီ့မှာ သူတို့ကူညီနေ ပါတယ်။ နေရေးထိုင်ရေး ကတော့ အခုမှ ဖြစ်တယ်ဆိုတော့ အဲ့ဒီ့မှာ သူတို့မြို့နယ်အုပ်ချုပ်ရေးမှူးက စီစဉ်ပေးဖို့ ရှိပါတယ်။ အဲ့ဒီ့မှာ တာဝန်ကျတဲ့သူတွေရော၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရော၊ သူတို့ ဆောင်ရွက်ပေးဖို့ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က အစိုးရအဖွဲ့ ဆိုတော့ ဘက်လိုက်တာတွေ၊ ဘာတွေ မရှိပါဘူး။ နှစ်ဖက်စလုံးကိုပဲ ပေးပါတယ်။”

လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေးအတွက် အစိုးရအဖွဲ့တွေနဲ့ တခြား နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

“ အခုလောလောဆယ်တော့ ဘာမှ မသိရသေးဘူး။ သူတို့လည်း အဲ့ဒီ့ဘက်တွေက မမျှော်လင့်ပဲ ပြန်ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့က ဒီဘက်ဖြစ်နေတဲ့ဟာတွေပဲ ပြီးပြီဆိုပြီးတော့ နောက်ထပ်ဖြစ်တာတွေက မမျှော်လင့်ပဲ ဖြစ်သွားတဲ့ အခါကျတော့ လောလောဆယ် ဒီမှာပဲ ပုံနေတာပေါ့။ အဲ့ဖက်တွေ အခုသွားဖို့ပြင်ဆင်နေပါပြီ။ ကြက်ခြေနီအဖွဲ့တွေ၊ ဘာတွေရောပဲ အခုပဲ ကျနော်တို့ပြည်နယ်ရုံးမှာ သူတို့ဆောင်ရွက်နေပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လုပ်ဖို့။”

ပြည်နယ်အစိုးရရဲ့ စာရင်းအရ အခုတခေါက် ထပ်ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေသူပေါင်း ၄ ထောင်ဝန်းကျင် လောက်ရှိတယ်လို့ ပြောပါတယ်။ အခုလို ဒုက္ခရောက်နေကြသူတွေအတွက် ရခိုင်ပြည်နယ်ထဲက ဝံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကလဲ အကူအညီတွေ ပေးနေပါတယ်။ ဝံလက် အဖွဲ့ပြောခွင့်ရသူ ကိုခိုင်ကောင်းစံက သူတို့ ဘယ်လိုကူညီနေသလဲဆိုတာကို ခုလိုပြောပြပါတယ်။

“ဝံလက်ဖောင်ဒေးရှင်းကနေ လူငယ် ၂၀ကနေ ၃၀လောက်အထိ ကွင်းဆင်းပြီးတော့ အလှူခံပါတယ်။ ရတဲ့အလှူငွေတွေကို ကျနော်တို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံမှာ ရောက်ရှိနေတဲ့ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ နောက်ပြီးတော့ မင်းပြားမြို့နယ်တွေက လာတဲ့ လူနာတွေ လာပြီးဆေးကုသမှုခံနေတဲ့ လူနာတွေ၊ နောက် ရန်ကုန်ကို ပို့နေရတဲ့ လူနာတွေ၊ အဲ့တာတွေကို ကျနော်တို့က ငွေကြေးသွား လှူဒါန်းပါတယ်။

ဒီနေ့မှာဆိုရင် ကျနော်တို့ ကျောက်ဖြူမြို့ကို  ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးဆောင်ပြီးတော့မှ သွားနေပါတယ်။ ဘာကြောင့်ဆိုတော့ ကျောက်ဖြူမှာ မီးလောင်ခံထားရတဲ့ မိသားစုတွေရှိပါတယ်။ နောက် ဆေးရုံတက်နေရတဲ့ လူနာတွေ ရှိတယ်။ နောက် ကျောက်တော်၊ မြောက်ဦးကိုလည်း ကျနော်တို့ ဆေးရုံတက်နေရတဲ့ လူနာတွေအတွက်ရော၊ မီးရှို့ခံရတဲ့သူတွေအတွက်ရော ကျနော်တို့ စစ်တွေမှာ အလှူခံကောက်ပြီးမှ အဲ့ဒီ့ကို သွားလှူဒါန်းနေပါတယ်ခင်ဗျ။”

ဒီရက်ပိုင်းပြန်ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဆေးရုံတွေမှာ ကုသမှုခံယူနေရသူပေါင်း ၅၀ လောက်ရှိတယ် လို့လဲ ဝံလက်အဖွဲ့က ဆိုပါတယ်။

“ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ် နောက်ပြီးတော့ စစ်တွေ၊ မြောက်ဦး၊ နောက်ပြီးတော့ ရသေ့တောင်၊ မင်းပြားပါခင်ဗျ။  ကျောက်တော်ရော ပါ ပါတယ်ခင်ဗျ။ လူနာ ၅၀လောက်ရှိပါတယ်ခင်ဗျ။”

မေး။   ။ အဲ့တော့ သူတို့ကရော ဘယ်လိုဒဏ်ရာတွေ ရတာများပါလဲရှင့်။

“အဲ့ဒီ့မှာ ဓားဒဏ်ရာ တချို့ပါတယ်။ နောက်ပြီးတော့ ဂျင်ကလိလို့ခေါ်တဲ့ မြှားနဲ့ပစ်တဲ့ ဒဏ်ရာ၊ နောက် မီးနဲ့ အပစ်ခံရတဲ့ ဒဏ်ရာပါ ပါတယ်။ နောက် ကျည်ဆံထိတဲ့ လူနာတွေလည်း ပါပါတယ်ခင်ဗျ။”

မေး။  ။ ကျည်ထိတယ်ဆိုတော့ ကျည်က ဘယ်သူပစ်တာပါလဲရှင့်။

“ လူနာနဲ့ပါလာတဲ့သူတွေက သူတို့က ပြောရခက်တယ်လို့ ပြောပါတယ်ခင်ဗျ။ ဒါပေမယ့် မနေ့က ကျောက်တော်မှာ ဖြစ်တဲ့ဟာဆိုရင် စစ်တပ်က ပစ်တယ်ဆိုတဲ့သတင်းက ခိုင်ခိုင်လုံလုံ ပြောနေကြပါတယ်ခင်ဗျ။

ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သမ္မတရုံးက ကြာသပတေးနေ့တုန်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ပဋိပက္ခရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ ရှိနေတာကိုလဲ ဖော်ထုတ်ပြီးတော့ ဥပဒေအရ အရေးယူသွားမယ် လို့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

မစုမြတ်မွန် (ဗွီအိုအေ မြန်မာပိုင်း)


ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ သဘောထားထုတ်ပြန်ကြေငြာချက်ကို ၄င်းတို့ပါတီ၏ အင်တာနက်စာမျက်နှာ(http://www.arakanalp.com/
) တွင်ဖော်ပြထားရှိသည်။ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ယခုလက်ရှိဖြစ်ပေါ်နေသည့် ခိုးဝင်သူဘင်္ဂါလီများ၏ အကြမ်းဖက်သောင်း
ကျန်းနေမှုများသည် မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး ကာလတွင် လူမျိုးသစ်တခုအဖြစ် အသိအမှတ်ပြုခံရရေးအတွက် ကြိုတင်စီစဉ် အကွက်ချ
လုပ်ဆောင် နေသည့် တဖက်နိုင်ငံမှ ခိုးဝင်သူ ဘင်္ဂါလီမူဆလင်များနှင့် ၄င်းတို့ကို အားပေး အားမြှောက် ပြုနေသည့် နိုင်ငံများနှင့် အကြမ်းဖက်
အဖွဲ့အစည်းများ၏ လုပ်ရပ်သာဖြစ်သည်။

၂။ ရခိုင်လူမျိုးများအား တမြေတည်းနေတရေတည်းသောက် ညီနောင်တိုင်းရင်းသားအဖြစ် အမှန်တကယ်သတ်မှတ် ပါက မိမိတို့၏ ဘိုးစဉ်ဘောင်ဆက်ပိုင်နက်နယ်မြေကို ဘင်္ဂါလီများလက်တွင်းသို့ မကျရောက်ရေး အသက်ပေးကြိုးပမ်းနေသည့် ရခိုင်တို့၏လုပ်ရပ်အား
မြန်မာအုပ်ချုပ်သူအစိုးရနှင့် မြန်မာပြည်သူတရပ်လုံးအနေဖြင့် ရခိုင်တို့နှင့် လက်တွဲပူးပေါင်း ပါဝင်သင့်သည်။

၃။ ယခုဖြစ်ပေါ်နေသည့် ဘင်္ဂါလီမူဆလင်များ၏အကြမ်းဖက်သောင်းကျန်း
နေမှုများကို လက်ရှိအစိုးရအနေဖြင့် နိုင်နင်းစွာ ကိုင်တွယ်ဆောင်ရွက်ရ
မည့်အစား မိမိတို့ဘိုးစဉ်ဘောင်ဆက် ပိုင်နက်နယ်မြေကို အသက်ပေး
ကာကွယ်နေသည့် ရခိုင်တို့အား မြန်မာစစ်တပ်မှ မတရားပစ်ခတ်သတ်ဖြတ်
နှိမ်နင်းနေခြင်းများသည် မြန်မာအစိုးရမှ ကြွေးကြော်နေသည့် ပြည်ထောင်စု ဖွား တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီရေးဆိုသည့်မူနှင့်လုံးဝလွဲချော်
ပြီး“သူခိုးဓါးရိုးကမ်း”သည့် လုပ် ရပ်ဖြစ်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ပြင်းထန်စွာ ကန့်ကွက်သည်။

၎။ ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများအား အမြန်ဆုံးဖြေရှင်းနိုင်ရန်အတွက် ရသေ့တောင်ညီလာခံကြီးမှ ရခိုင်တို့ ၏ တောင်းဆိုချက်များအား မြန်မာ
အစိုးရအနေဖြင့် အမြန်ဆုံး လေးစားလိုက်နာ အကောင်အထည်ဖော်
သင့်သည်။ ထို့အပြင် ၁၉၈၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေအတိုင်း အမြန်ဆုံး တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၏ သဘောထားကို ထုတ်ပြန်အပ်
ပါသည်။

စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)
ဗဟိုဌာနချုပ်၊ ရခိုင်ပြည်။
ရက်စွဲ။ ။ ၂၀၁၂ ခု၊ အောက်တိုဘာလ ၂၅ ရက်
ဆက်သွယ်ရန်။ ။ +၉၁ ၉၆၁၂၈၆၉၄၃၄


ရခိုင်လွတ်မြောက်ရေးပါတီ


၂၆.၁၀.၂၀၁၂ ရက် ၂း၂၅ နာရီတွင် ရမ်းဗြဲမြို့တွင် ဘင်္ဂလီကုလား (၁)ယောက်သည် ဓာတ်ဆီးပုံများဖြင့် ရခိုင်အိမ် တစ်ကို ၀င်ရောက် မီးရှိုးထွက်ပြေးပြီး ရခိုင်များမှ ၀ိုင်းဖမ်းရာ ထို ဘင်္ဂလီကုလားအား လက်ရ ဖမ်းဆီးမိသည်ဟု သိရှိရပါသည်။ ထို့အပြင် တချိန်တည်းတွင် ဘင်္ဂလီရပ်ကွက်များမှ မီးလောင်းမှုများဖြစ်ပေါ်လာပြီး ယခုအခါ အခြေအနေမှာ ဆက်လက် အပြန်အလှန်မီးရှိုးမှုများနှင့် တဖက်နှင့် တဖက် အပြန်အလှန်တိုက်ခိုက်မှုများရှိသည်ဟု RSV သတင်းထောက်မှ သတင်းပေးပို့လာပါသည်။

၂း၄၁ နာရီ ရမ်းဗြဲမြို့ သတင်း
----------------
ယခုအခါ ရမ်းဗြဲမြို့ရှိ တပ်ရွာနှင့် သာယာကုန်ကျေးရွာတို့တွင် မီးလောင်းမှုများ ဖြစ်လျှက်ရှိပြီး ဘင်္ဂလီကုလားများနှင့် ရခိုင်တို့ အပြန်အလှန် တိုက်ခိုက်လျှက်ရှိသည်ဟု သိရှိရပါသည်။ မီးလောင်းမှုမှာ ပြင်ထန်းလျှက်ရှိပြီး ဒဏ်ရာရမှုများလည်း ရှိသည်ဟု သိရှိရပါသည်။

၃း၅၂ နာရီ ရမ်းဗြဲမြို့သတင်း
----------------
ရမ်းဗြဲမြို့ ဘင်္ဂလီကုလားများ မီးရှိုးပြီး ပင်လယ်ပြင်ဖက်သို့ စက်လှေများဖြင့် ထွက်ပြေးနေကြသည်ဟု သိရှိရပါသည်။ ယခုအခါ မီးမှာ အချိန်ပြင်းစွာဖြင့် လောင်းကျွမ်းလျှက်ရှိနေပါသည်။ ရမ်းဗြဲမြို့ရှိ တပ်ရွာ ရပ်ကွက်၊ ပလုတ်တောင် ရပ်ကွက်၊ သာယာကုန် ရပ်ကွက်များမှာ မီး အရှိအဟုန်ပြင်းစွာဖြင့် လောင်းကျွမ်းလျှက်ရှိသည်ဟု သတင်းရရှိပါသည်။


၃း၀၅ နာရီ ကျောက်တော်မြို့ သတင်း
----------------
၂၅.၁၀.၂၀၁၂ ရက်နေ့က ကျောက်တော်မြို့နယ် အရေးအခင်းတွင် သေဆုံးသွားတော့ ရခိုင်တိုင်းရင်းသားနှစ်ယောက် အသုဘ အခမ်းအနားတွင် ရခိုင်များမှ ပေါ်စတာများကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။၂၅.၁၀.၂၀၁၂ ရက်နေ
ထိ ကျောက်တော်မြို့နယ် အရေးအခင်းတွင် သေဆုံးလက်ရှိ (၄) ယောက်ရှိပြီး ယခု အသုဘအခမ်းအနားမှာ

(၁) ဦးကျော်သိန်း ၊ အသက် (၃၇)နှစ် ၊ ပြည်တော်သာ ရပ်ကွက်။
(၂) ဇော်ဝင်း၊ အသက် (၃၈)နှစ်၊ ပြည်တော်သာ ရပ်ကွက်။

Rakhine Straight Views

Photo: Kyaw Gree


 ပဋိပက္ခများကြောင့် သုံးရက်အတွင်း သုံးဦးသေ၊ ၂၅ ဦး ဒဏ်ရာရ၊ အိမ်ခြေတစ်ထောင်ကျော် မီးလောင် ရန်ကုန်၊အောက်တိုဘာ-၂၅

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ သေဆုံးသူသုံးဦး ဒဏ်ရာရရှိသူ ၂၅ ဦးရှိပြီး အိမ်ခြေ တစ်ထောင်နီးပါး မီးလောင်ကျွမ်း ခံရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့  ပြန်ကြားရေးမှူး ဦးဝင်းမြိုင်က အတည်ပြု ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်မှ စတင်၍ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောမြို့နယ်တို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ယခုအခါ ငြိမ်သက်လာပြီဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သို့သော် အောက်တိုဘာ ၂၅ ရက် အခြေအနေများနှင့် ရသေ့တောင်၊ စစ်တွေ ဆင်ခြေဖုံးနေရာအချို့တွင်လည်း ပဋိပက္ခဖြစ်ပွားနေသည်ဆိုခြင်းနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အဓိကဖြစ်ပွားလျက်ရှိသော မြို့နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်းများ ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း၊ အောက်တိုဘာ ၂၇ ရက်တွင် ကျရောက်မည့် ကုရ်အာနီအိဒ်ပွဲတော် မကျင်းပရန် တစ်စုံတရာ ဟန့်တားခြင်း၊ အနှောင့်အယှက်ပေးခြင်းများကို အစိုးရမှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

7Day News Journal

ဓါတ်ပုံ - ကိုအောင် (Facebook)


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၂)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်

၁၃၇၄ ခု၊ သီတင်းကျွတ်လဆန်း ၁၀ ရက်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း

၁။ ၂၀၁၂ ခုနှစ် မေလ နှင့် ဇွန်လ တို့တွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများကို အကြောင်းပြု၍ လူအုပ်စုအချင်းချင်း ဒေါသအလျောက် အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာ ဇွန်လ (၁၄)ရက်အထိ သေဆုံးသူ (၅၀)ဦး၊ ဒဏ်ရာရရှိသူ (၅၄)ဦးရှိခဲ့၍ လူနေအိမ် (၂၂၃၀)အိမ်နှင့် ဘာသာရေး အဆောက်အဦ (၁၄)ခု မီးလောင်ဆုံးရှုံး ခဲ့ပါသည်။ ဒေသခံပြည်သူ (၆၁၄၆၂)ဦး တို့သည် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဒုက္ခသည်စခန်းများသို့ ရောက်ခဲ့ကြရပါသည်။

၂။ အဆိုပါ ပဋိပက္ခဖြစ်ပွားနေခြင်းများနှင့်ပတ်သက်၍ အလျင်အမြန် အေးငြိမ်းသွားစေရန် ရခိုင်ပြည်နယ်အစိုးရက မြို့နယ်အချို့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ လည်းကောင်း၊ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာ၍လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်အပါအဝင် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သောကြောင့် အချိန်တိုအတွင်း တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိခဲ့ပါသည်။ အရေးပေါ်အခြေအနေ ထုတ်ပြန်ဆောင်ရွက်မှုကိုလည်း ဥပဒေနှင့် အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူ ဆောင်ရွက်ခဲ့ပါသည်။

၃။ အထက်ပါဖြစ်စဉ်အပေါ် နိုင်ငံတကာအဖွဲ့အစည်းအချို့တို့မှ မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် ပုံဖော်ပြီး ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသို့ပင် တင်ပြခဲ့ရာ၊ နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါပြစ်တင်ဝေဖန်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းချေဖျက်ခဲ့ရပါသည်။ တစ်ချိန်တည်းမှာပင် ဒုက္ခသည်များအတွက် ယာယီနေရာချထားရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် လူသားချင်း စာနာထောက်ထားသည့် ထောက်ပံ့ကူညီမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရပါသည်။

၎။ ယခုအခါ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦး မြို့နယ် တို့တွင် မမျှော်လင့်ဘဲ ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၄)ရက်အထိ သေဆုံးသူ (၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦး ရှိပြီး၊ လူနေအိမ် (၁၉၄၈)အိမ်၊ ဘာသာရေး အဆောက်အဦ (၈)ခု မီးလောင်ပျက်စီး ဆုံးရှုံးကာ လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။

၅။ လက်ရှိအခြေအနေသည် ဒီမိုကရေစီဖော်ဆောင်သော ပြုပြင်ပြောင်းလဲမှုများကို အချိန်တို အတွင်း ညင်သာစွာ အသွင်ကူးပြောင်းနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အသိအမှတ်ပြု ထောက်ခံလျက် ရှိသကဲ့သို့၊ ဆက်လက် တိုးတက်ဖြစ်ပေါ်လာမည့် အခြေအနေများကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည့် အချိန်ကာလ လည်း ဖြစ်ပါသည်။

၆။ ဤသို့သောအခြေအနေတွင် တစ်ကျော့ပြန် ဖြစ်ပွားလာသော ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံတော်၊ နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့်အကျိုးစီးပွားကို ထိခိုက်နစ်နာ စေနိုင်သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

နိုင်ငံတော် သမ္မတရုံး ၀က်ဆိုဒ်



ရခိုင်ပြည်နယ် ဒေသ အချို့တွင် အစော တလျင်ဖြစ်သည့် စိတ်ငြိုငြင်စေမှု (သို့မဟုတ်) အန္တရာယ် ဖြစ်လိမ့် မည်ဟု စိုးရိမ် ဖွယ်ရှိ သဖြင့် တားဆီးနိုင်ရန် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ အမိန့် ထုတ်ပြန်ထား ရှိပါသည်။

ယခုအခါ ရခိုင် တိုင်းရင်းသားနှင့် ဘင်္ဂါလီ လူမျိုးတို့ အကြား ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး၊ အမ်းဒေသများတွင် ပဋိပက္ခများ ထပ်မံဖြစ်ပွား လာသဖြင့် လူအသေ အပျောက်များ ရှိခဲ့ပြီး ဒဏ်ရာ ရရှိသူ အများအပြား လည်းရှိကြောင်း ၀မ်းနည်းဖွယ်ရာ ကြားသိရပါသည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ထိန်းသိမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပိုမိုဝီရိယစိုက်ထုတ် ဆောင်ရွက်ရန် လိုအပ်နေပါသည်။

နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပိုမိုထိရောက်သော လုပ်ဆောင်မှုများ အမြန်ဆုံးဆောင်ရွက်ပါရန် အလေးအနက် တိုက်တွန်းပါသည်။

(၂၄.၁၀.၂၀၁၂)တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ထွန်းထွန်း
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မူစဲကမ်းအတွင်း ဘင်္ဂလီ မွတ်ဆလင်များနှင့် တိုက်ခိုက်နေကြသော လူအုပ်ထဲကို စစ်တပ်မှ ချိန်ရွယ်ပစ်ခတ်သဖြင့် ရခိုင် ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိသွားကြောင်း လူနာများကို ဆေးရုံသို့ ပို့ဆောင်နေသည့် အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ နှစ်ဦးပွဲချင်းပီ သေပါတယ်။ ၉ ဦးဒဏ်ရာ ရပါတယ်။ အခု လူနာ ၉ ဦးက စစ်တွေ ဆေးရုံကို ရောက်နေပြီ ဖြစ်ပါတယ်” ဟု အမျိုးသမီးက ပြောသည်။
သေဆုံးသူများမှာ ကျွန်းကြီးကျေးရွာမှ ဦးသိန်းလှမောင်နှင့် နောက်တစ်ဦးမှာ ကံချောင်းကျေးရွာမှ ဖြစ်ကြောင်း သိရသည်။
“ အခု ကျွန်မ သိရတာက စစ်တပ်က လမ်းက ဖြတ်ပြီး ပစ်တယ်လို့ ပြောတယ်။ မိုးပေါ်ကို ခြောက်လှန့် ပစ်ခတ်မျိုး မဟုတ်ဘဲ လူအုပ်ထဲကို တည့်တည့်ပစ်တယ်လို့ ပြောပါတယ်။ အခု အခြေအနေက တော်တော်ဆိုးရွားနေပါတယ်” ဟု သူမက ပြောသည်။
ညောင်ပင်ကြီး မွတ်ဆလင် ရွာအနီးတွင် လက်နက်အပြည့်အစုံဖြင့် စောင့်နေသော စစ်တပ်က ယမန်နေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) ညနေက  တိုက်ခိုက်ကြရန် စုဝေးနေသော လူအုပ်ကြီးကို ပစ်ခတ်ခဲ့သည်ဟု ပြောသည်။
နောက်ဆုံး အခြေအနေကို မေးကြည့်ရာ အမျိုးသမီးက ဆက်ပြီး “ နောက်ဆုံး အခြေအနေက စစ်တပ်က ခုမိုးပေါ်ကိုထောင် ပစ်တာမရှိဘူး။ လူအုပ်ထဲကို တည့်တည့်ချိန်ပြီး တော့ ရေတွက်မရအောင် ဖြိုပစ်နေပါတယ်။ ဒါတော်တော် ရက်စက်ယုတ်မာတဲ့ ထိန်းသိမ်းမူ တခုဖြစ်နေပါတယ် ” ဟု ပြောသည်။
အဆိုပါဒေသအတွင်း ရခိုင်ရွာများဖြစ်သည့် ဆားပြင်ကြီး၊ ကျွန်းကြီးရွာ၊ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်လည်၊ ပန် ဇင်းမောင်ရွာ၊ ရွာကြီးမြောက်ရွာ၊ ကန်ချောင်းရွာနှင့် ဘင်္ဂလီရွာများ ဖြစ်သည့် အနောက်ပြင်ရွာနှင့် ညောင်ပင်ကြီး ကျေးရွာတို့ရှိသည် ဟုသိရသည်။
ယခုအခါ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီ မွတ်ဆလင် အဓိဂရုဏ်းမှာ တမြို့နယ်ပီး တမြို့နယ် ကူးစက်ပျံ့ပွားနေပြီး တိုက်ခိုက်မူများ မြို့နယ် တချို့တွင် ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။


“အရပ်ဘက် အစိုးရဌာန များအတွင်း မိုးကျရွှေကိုယ် တပ်မတော် အရာရှိများ ၀င်ရောက် တာဝန် ထမ်းဆောင်ခြင်းက လုပ်သက်ရှိ အရပ်သား ၀န်ထမ်းတို့အား မျှော်လင့်ချက် ကင်းမဲ့စေ”

အရပ်သား အစိုးရ လက်ထက်တွင် နိုင်ငံအတွင်း အပြောင်းအလဲ များစွာ ဖြစ်ပေါ် တိုးတက် ခဲ့သော်လည်း အစိုးရ ဌာနများ အတွင်း လူမှန်၊နေရာမှန် မရှိခြင်းက အောက်ခြေ အဆင့်ပါ လိုက်လျော ညီထွေ ပြုပြင်ပြောင်းလဲမှုဖြစ်လာစေရန် အဟန့်အတား တစ်ခုဖြစ်ကြောင်း အစိုးရဌာနများ၌ တာဝန် ထမ်းဆောင်ခဲ့သူ အရာရှိများနှင့် ပညာရှင်တို့က သုံးသပ်သည်။

သူတို့အခေါ် လေထီးတပ်သား (သို့မဟုတ်) မိုးကျရွှေကိုယ်များဟု လူသိများသည့် တပ်မတော်မှ ပြောင်းရွှေ့လာသည့် လုပ်ငန်းမကျွမ်းကျင်သူများအား ရာထူးကြီးကြီးပေးကာ   ဌာနအတွင်းရှိ  ကျွမ်းကျင်သူများအထက်တွင် ထားရှိစေခြင်းသည် အဆိုပါဝန်ထမ်းများအတွက် အနာဂတ်မျှော်လင့်ချက် ပျောက်သွားကာ လုပ်ချင်ကိုင်ချင်စိတ်များ ကုန်ခန်းစေသည့် အချက်များအနက် တစ်ခုဖြစ်ကြောင်း အငြိမ်းစားနှင့် လက်ရှိလုပ်ကိုင်နေသည့်  ဌာနဆိုင်ရာဝန်ထမ်းများက ပြောကြားသည်။

“အဲဒီစနစ်ကတော့ အလွန်ကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။ တိုင်းပြည်ကို ဘယ်လိုမှ အကျိုးမရှိတဲ့ကိစ္စပဲ” ဟု ကြားဖြတ်နေရာပေးသည့် စနစ်အပေါ် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတွင် ၄၅ နှစ်ခန့် လုပ်ကိုင်ခဲ့ပြီး အငြိမ်းစားယူခဲ့သူ ဒေါက်တာထွန်းလွင် ကပြောသည်။

ဌာနဆိုင်ရာမှ အရာရှိရာထူးများ ခန့်အပ်ပါက နိုင်ငံတော် ပြန်တမ်းများမှတစ်ဆင့် ထုတ်ပြန်ချက်များ ထုတ်ပြန်လေ့ရှိသည်။

ယင်းပြန်တမ်းများအရ ၂၀၁၀ ခုနှစ်အတွင်း ဒုတိယလက်ထောက် ညွှန်ကြားရေးမှူးမှ ညွှန်ကြားရေး မှူးချုပ်အထိ ရာထူးနေရာများတွင် အပြောင်းအလဲ ၂၀၀ ခန့် ဖြစ်ခဲ့ရာ ယင်းတို့ အနက်မှ ဆယ်ရာခိုင်နှုန်း ခန့်ဖြစ်သော နေရာ ၁၉ နေရာခန့်မှာ တပ်မတော်ဘက်မှ ပြောင်းရွှေ့ တာဝန်ပေးခံရ သူများဖြစ်သည်။

၂၀၁၁ ခုနှစ် ပြန်တမ်းများ၏ ဖော်ပြချက်တွင်မူ ရာထူး နေရာ ၃၀ ခန့်အထိ တပ်မတော်ဘက်မှအရာရှိများ ပြောင်းလဲကာ အဆိုပါ
ရာထူးနေရာများတွင် ခန့်ထားခဲ့ကြောင်း တွေ့ရှိရသည်။ အခြားအဆင့် ရာထူးအပြောင်းအရွှေ့များ ထည့်တွက်မည်ဆိုပါက အရေအ
တွက်မှာ ယခုထက် ပိုများလာနိုင်သည်။  ပြောင်းလဲတာဝန်ပေးသည့်  နေရာများမှာ ပြည်ထဲရေးဝန်ကြီးဌာနကဲ့သို့ ၀န်ကြီးဌာနများ ပါဝင်သကဲ့သို့ သမ၀ါယမ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနစသည်တို့လည်း ပါဝင်သည်။

 အစိုးရအဖွဲ့အတွင်းတွင် စက်တင်ဘာလက ပြည်ထောင်စုအဆင့် ၀န်ကြီးနေရာများတွင် ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ပြီး ယင်းပြောင်းလဲမှုတွင် အရပ်ဘက် မှ ကျွမ်းကျင်သူအချို့ ပါဝင်လာ သောကြောင့် စောင့်ကြည့်လေ့ လာသူအချို့က အဆိုပါအပြောင်း အလဲကို အကောင်းမြင်ကြိုဆိုခဲ့ ကြသည်။

နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်တာဝန်ယူပြီးနောက်ပိုင်းတွင် တိုင်းပြည်တွင် အံ့အားသင့်ဖွယ်ပြောင်းလဲမှုများကို လုပ်ဆောင်
ပြခဲ့သည်။ နိုင်ငံတော်သမ္မတသည် သူကိုယ်တိုင်အပြောင်းအလဲများ ကို ဦးဆောင်နေသလို သူ၏ ၀န်ထမ်းများအားလည်း အပြောင်းအလဲနောက် လိုက်ပါလာကြရန် အကြိမ်ကြိမ် သတိပေးထားသည်။ တိုးတက်လိုတဲ့ အမြင်မရှိတဲ့ရှေး ရိုးစွဲများ၊ ခေတ်နောက်ပြန်ဆွဲ သူများကို ချန်ထားခဲ့မည်ဟု သတိပေးခဲ့သည်။  ၎င်းအပြင် လုပ်နည်းလုပ်ဟန်တွေ၊ ကြိုးနီစနစ်တွေ ဆက်လက် လက်စွဲကိုင်ထားသူများ၊   တာဝန်သိမှု၊  တာဝန်ယူမှုကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်းလည်း တိုင်းပြည်ကို ကတိပေးခဲ့သည်။

အဆိုပါ ကြားဖြတ်စနစ်အပေါ် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကိုယ် တိုင် ယခုနှစ် မေလ ၁၃ ရက်က
ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ထောက်ပြပြောဆိုခဲ့သေးသည်။

ဒုသမ္မတက “သာမန်အားဖြင့်အောက်ခြေမှ တက်လာသော ၀န်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုတွင် ပြောရန်မရှိသော်လည်း
ကြားမှဖြတ်ဝင်လာသော ပုဂိုလ်များရှိလာပါက မူလ၀န် ထမ်းများ စိတ်ဓာတ်ကျဆင်းစေ နိုင်ကြောင်း၊ ၎င်းအပြင် ၀န်ကြီးဌာန၏ လုပ်ငန်းလည်း အထိုက်အလျောက်   ကျဆင်းသွားနိုင်ကြောင်း...”ပြောကြားသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ရေးသားထားသည်။ သို့သော်လည်း ကြားဖြတ်ရွှေ့ပြောင်း နေရာပေးမှုများမှာ ရှိနေဆဲဖြစ်သည်။

တပ်မတော်ဘက်မှ ပြောင်း ရွှေ့လာသူတို့သည် စီမံအုပ်ချုပ် ရေးဘက်တွင် သက်ဆိုင်ရာဌာနများ၌ ထူးချွန်ကြသော်လည်း နှစ်ပေါင်းများစွာ လုပ်ကိုင်လာခြင်း မဟုတ်သည့် လုပ်ငန်းများတွင် ဦးစီးရသောအခါ လုပ်ငန်းခွင်အခက်အခဲများနှင့်  ကြုံတွေ့ရလျက်ရှိသည်။

 ကြားဖြတ်ဝင် ရောက်နေရာယူသူများသည် ပညာရှင်များကို တန်ဖိုးထားတတ်သူ၊ အောက်ခြေမှ ကျွမ်းကျင်ဝန်ထမ်းများ၏လုပ်ငန်းအပေါ် နားလည်မှု ရှိသူဖြစ်ပါက ဌာနတွင်းလုပ်ငန်း များတွင် အောင်မြင်မှုများ ရရှိသော်လည်း၎င်းနှင့်ဆန့်ကျင်ဘက် ဖြစ်ပါက ၀န်ထမ်းများ လုပ်ငန်းခွင် အတွင်း အားစိုက်မှုလျော့သွား လေ့ရှိကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။ မျှော်လင့်ချက် မရှိသော ဘ၀အတွက် ကြိုးစား အားထုတ်မှုမရှိတော့ကြောင်း ၎င်းကပြောသည်။

“အောက်ကလူတွေက ဘယ် လိုခံစားရလဲဆိုရင် တစ်သက်လုံး မျှော်လင့်ထားတဲ့ ရာထူးရာခံအ တန်းအစားကို မရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အကုန်လုံးအ ပေါ်စီးနေရာမှန်သမျှ တပ်ကသူ တွေချည်းပဲ”ဟု စိုက်ပျိုးရေးပညာ ရှင် ဒေါက်တာထွန်းဝင်းက ပြောသည်။

“အဓိကကတော့ လူမှန်နေ ရာမှန် မဟုတ်တဲ့အတွက် အစိုးရ ၀န်ထမ်းတွေ အကျင့်ပျက်တာတို့၊  စိတ်ဓာတ်ကျတာတို့၊ အလုပ်မလုပ်တာတို့ ဖြစ်လာတာ။ အကျိုး ဆက်က အဲဒါပဲ” ဟု အစိုးရ၀န်ထမ်းအဖြစ် နှစ်ပေါင်း ၄၀ နီးပါးတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအချိန်တွင် ကမ္ဘောဇဘဏ်၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ ဦးသန်းလွင်ကပြောသည်။

“သူတို့လည်း ဒုက္ခရောက်တယ်။ တာဝန်ပေးလို့သာ လာလုပ်နေရတာ။ သူတို့လည်း မလုပ်တတ် မကိုင်တတ်နဲ့ဆိုတော့ သူတို့ လည်း စိတ်ညစ်တာပဲ။ အောက်က ၀န်ထမ်းလည်းပဲ စိတ်ညစ်တာပဲ” ဟု ၎င်းကပြောသည်။

မိုးကျရွှေကိုယ်အချို့၏ ဌာနတွင်း အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုများကလည်း အစိုးရ၀န်ထမ်းများအတွက် ဒုက္ခတစ်ရပ်ဖြစ်သည်။
ပုဂ္ဂိုလ်ရေးအလေးပေးသည့် အဆိုပါစနစ်ကြောင့် ၀န်ထမ်းများမှာ အလုပ်ကြိုးစားလုပ်ကိုင်ခြင်းဖြင့်ရာထူး၊ လစာတိုးမြှင့် ခံစားရမည် မဟုတ်သောကြောင့် အထက်လူကြီးအကြိုက်များသာ  လုပ်ဆောင်လာကြကြောင်း  အငြိမ်းစားဝန်ထမ်းများကပြောသည်။

“ဘာမှမတတ်ဘဲ လူကြီးက ခန့်လိုက်လို့ နေရာရရင် လူကြီးငြိုငြင်မှာကို သေမလောက်ကြောက်တယ်။ လူကြီးငြိုငြင်တာဟာ သူ့ ဘ၀ရဲ့အဆုံးအဖြတ်ပဲ။ဒါကြောင့်လူကြီးမငြိုငြင်အောင် အကုန်လုပ်တယ်” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ အစိုးရ တစ်ခုလုံးကို ဦးဆောင်နေသည့် နိုင်ငံတော်သမ္မတက “မိဘပြည်သူများ”ဆိုသည့် အသုံးအနှုန်းကို တန်ဖိုးထားသုံး စွဲနေချိန်တွင် အောက်ခြေ၀န်ထမ်း အချို့က ပြည်သူလူထုအား သားသမီး၊ လက်အောက်ငယ်သားကဲ့သို့ ဆက်ဆံနေဆဲဖြစ်သည်။ ရှေးကကျင့်သုံးလာသည့် နည်းဟောင်းများကို ယခုချိန်ထိ စွဲမြဲစွာဖက် တွယ်ထားဆဲဖြစ်သည်။ အမှန်တရားနှင့် ပြောင်းလဲတိုးတက်မှုထက် အထက်အရာရှိ၏ ငြိုငြင်မခံရရေးကို ဦးစားပေးနေဆဲဖြစ်သည်။

ဌာနအတွင်း တက်လမ်းမရှိခြင်း၊ အနာဂတ်မျှော်လင့်ချက်မဲ့ နေခြင်း၊ လုပ်ကိုင်ခွင့် ကန့်သတ်ခြင်းတို့ကြောင့် ၀န်ထမ်းများအတွက် ဦးတည်ရာမှာ ငွေရပေါက် ရလမ်းရှာခြင်းပင်ဖြစ်သည်။
    
အဂတိလိုက်စားမှုဟာအောက်ခြေအဆင့်ဆင့်မှာ နေရာတိုင်းလိုလိုရှိနေသေးသည်ဟု နိုင်ငံတော် သမ္မတကိုယ်တိုင် ထုတ်ဖော်ပြော ဆိုခဲ့သည်။ မိန့်ခွန်းတစ်ခုတွင် နိုင်ငံတော်သမ္မတက အဂတိလိုက်စားမှုကို “အမျိုးသားရေး စိန်ခေါ်မှုကြီး”ဟုပင်  တင်စားသွားပြီး ဘက်စုံ
နည်းလမ်းတွေသုံးကာ အရေးယူ ဆောင်ရွက်နေသည်ဟုဆိုသည်။

ဝန်ထမ်းများအတွက် လူမှန်နေရာမှန် မဖြစ်မှုများကလည်း အဂတိလိုက်စားမှုများကို အားပေးသကဲ့သို့ ဖြစ်နေခဲ့သည်။ အောက်ခြေ၀န်ထမ်းများ၏ လုပ်ငန်းအပေါ် တာဝန်ယူမှု၊ စွမ်း ဆောင်ရည်မြင့်မှုစသည်တို့ကို အသိအမှတ်ပြုပေးခြင်း၊ ရသင့်ရ ထိုက်သော ခံစားခွင့်များကို ထူးချွန်မှုအလိုက် တရားမျှတစွာ ပေးခြင်းတို့သည် လက်ရှိဖြစ်နေသည့် “မလုပ်၊ မရှုပ်၊ မပြုတ်”ကိစ္စများကို ဖြေရှင်းနိုင်သည့်နည်းလမ်းကောင်း များဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန သံလျင်လူငယ်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ် (ငြိမ်း) ဦးကြီးမြင့်ကပြောသည်။

အစိုးရ၀န်ထမ်း အရေအတွက်သည် နှစ်သန်းခန့်ရှိပြီး အဆိုပါအရေအတွက်မှာ တစ်နိုင်ငံလုံးလူဦးရေ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းခန့်ဖြစ်သည်။ ၀န်ထမ်းများလစာတိုးပေးရေး ဆွေးနွေးမှုများကြောင့်ကုန်ဈေးနှုန်းများ ရုတ်တရက်တက်လာလေ့ရှိသဖြင့် အစိုးရသစ်အနေဖြင့် လစာတိုးမြှင့်ပေး လိုက်သောကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်ကို အစိုးရ၀န်ထမ်း မဟုတ်သော ကျန် ၅၈ သန်းသော ပြည်သူများ ကြုံတွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက တာဝန်ထမ်းဆောင်မှုတစ်နှစ်ပြည့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဝန်ထမ်းများတွင် ဖြစ်ပေါ်နေသည့် နေရာနှင့် အပိုဝင်ငွေရမှ လုပ်ချင်ကိုင်ချင်ဖြစ်နေသည့် စိတ်ဓာတ်များကို ပြုပြင်ရမည်ဖြစ် ကြောင်း၊ အဆိုပါပြဿနာ ဖြေရှင်းနိုင်ရန် အတွက် ၀န်ထမ်းများအား လစာတိုးပေးခြင်းအပြင် စိတ်ဓာတ်မြှင့်တင်ခြင်းလုပ်ငန်းများလည်း
ဆောင်ရွက်ရမည်ဖြစ်ကြောင်း လူ့စွမ်းအား အရင်းအ မြစ် တိုးတက်ရေးအတွက် ဟော ပြောပို့ချပွဲများ လုပ်ဆောင်နေသူ ပါမောက္ခဒေါက်တာအောင်ထွန်း သက်ကပြောသည်။

“တာဝန်ကျေရမယ်ဆိုတဲ့ စိတ်၊ အများအတွက် ဆောင်ရွက်ရမယ်ဆိုတဲ့စိတ်တွေ ၀န်ထမ်းတွေမှာ ရှိဖို့လည်း အရေးကြီးတယ်။ အဲဒီတော့ အစိုးရအနေနဲ့ရော မီဒီယာကရော ပြောပေးဖို့လိုလာပြီ။ နိုင်ငံ့ဝန်ထမ်းဆိုတာ အခွင့်အရေးလိုချင်လို့လုပ်တာ မဟုတ်ဘူး။ Servant ဆိုတဲ့စကားအတိုင်း အလုပ်အကျွေးပြု တယ်ဆိုတာကို ၀န် ထမ်းတွေကို လေ့ကျင့်သင်ကြား ထားဖို့ လိုအပ်တယ်”ဟု ဒေါက်
တာအောင်ထွန်းသက်က ဆက်ပြောသည်။

အများပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံနေရသော ၀န်ထမ်းများသည် အများပြည်သူအား ၀န်ဆောင်မှုပေးနေသည်ဆိုသည့် အသိ ကာလကြာမြင့်စွာပျောက် ဆုံးနေခဲ့ခြင်းများသည်  အစိုးရ ယန္တရား ဟန်ချက်ညီညီ လည်ပတ်ရေးအတွက် အနှောင့်အယှက် တစ်မျိုးလည်း ဖြစ်ပေသည်။ နှစ် ပေါင်းများစွာ ကျဆင်းနေသော အစိုးရ၀န်ထမ်းများ၏ စွမ်းဆောင် ရည်များကို ပြန်လည်တိုးတက် ကောင်းမွန်လာရေး အတွက် လူမှန်နေရာမှန်ဖြစ်ရေးသည် အသက်တမျှအရေးပါလှသည်။

ဝေဖန်သူများအနေဖြင့် ၀န်ထမ်းများအား ပြစ်တင်နေမှုများ သာများပြားပြီး ၀န်ထမ်းများ ကြုံ တွေ့နေရသည့် အခက်အခဲများ ကိုမူ ဂရုမပြုကြကြောင်း အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဆယ်စုနှစ်တစ်ခုနီးပါး လုပ်ကိုင်ခဲ့ ပြီး အနားယူခဲ့သူ အသက် ၄၀ နှစ် အရွယ် အငြိမ်းစားဝန်ထမ်းတစ်ဦးကပြောသည်။

“၀န်ထမ်းတွေ ဆက်ဆံရေး မကောင်းတာ၊ ပိုက်ဆံယူတာပဲ လူတွေက ပြောကြတယ်။ ဘာ ကြောင့် ဒီလိုဖြစ်တာလဲဆိုတာ တော့ ဘယ်သူမှ စိတ်မ၀င်စားကြဘူး” ဟု ၎င်းကပြောသည်။

တိုင်းပြည်တွင် လူမှန်နေရာ မှန် မဟုတ်ခဲ့သောကြောင့် နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်အထိနာခဲ့သည်ဟု ဒေါက်တာထွန်းဝင်းကပြောသည်။

လူမှန်နေရာမှန်မရှိပါကနောင်နှစ် ၅၀၊ ၁၀၀ ကြာလျှင်လည်း ယခုလိုပင်ဆက်ဖြစ်နေဦးမည်ဟု ၎င်းကဆက်လက်သုံးသပ်ခဲ့သည်။

7Day News Journal
အတွဲ (၁၁)၊ အမှတ်(၃၃)
ထွန်းခိုင်ရေးသား၍ မြတ်စုမွန်၊ အိဖြူမွန်၊ ၀တ်ရည်အောင် အားဖြည့်သည်


ယမန်နေ့ စတင် ဖြစ်ပွားခဲ့သော လူမျိုးရေး အဓိဂရုဏ်းကြောင့် ထောင်သောင်းချီသော ကျေးရွာသား များမှာ လုံခြံရာသို့ထွက်ပြေးနေကြသည်ဟု သိရသည်။
မင်းပြား မွတ်လင် ပိုက်သည်ရပ်ကို အောက်တိုဘာ ၂၂ ရက် ညက မီးလောင်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
မြောက်ဦးမြို့ပေါ်သို့ ပြောင်းရွှေ့ ထွက်ပြေးလာကြသော ရခိုင် ကျေးရွာသားများမှာ ရွာဟောင်းတော၊ ကျောက်တွင်းကုန်း၊ မောင်တာကုန်း၊ ပီပင်ကုန်း၊ နန်းကျ၊ လောင်းကြက်တောင်မော်၊ ရှောက်ပုံကျွန်း စသည့် ကျေးရွာများဘက်မှ ဖြစ်ကြောင်း သိရသည်။
“ မွတ်ဆလင်ရွာတွေနဲ့ နီးတဲ့ ရခိုင် ကျေးရွာတွေက လူတွေ မနေ့က စပြီး ပြောင်းရွှေ့လာကြပါတယ်။ အခုကတော့ လူတွေ ထောင်နဲ့ ချီပြီး မြောက်ဦးရောက်နေကြပါပြီ” ဟု ရှေးဟောင်း သုတေသန ဌာနမှူး (ငြိမ်း) ဆရာ ဦးကျော်ထွန်းအောင်က ပြောသည်။
မွတ်ဆလင်များမှာမူ မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာသို့ ထွက်ပြေး သွားကြသည်ဟု သိရသည်။
“ ပေါင်းတုတ် ကျေးရွာတို့၊ လက်မတို့၊ မနေ့က ပြဿနာ ဖြစ်ခဲ့တဲ့ သရက်အုပ်၊ နဂါရာ ရွာတွေက မွတ်ဆလင်တွေက ပုရိန်ကို ပြောင်းရွှေ့သွားကြပါတယ်။ သူတို့က ပုရိန်မှာ စုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။
ယခုအခါ ပုရိန် အနားရှိ ရခိုင်ကျေးရွာများ ဖြစ်သော မောင်တာကုန်း၊ ပီပင်ကုန်း၊ ပရီကုန်း စသော ရခိုင်ရွာများကို မွတ်ဆလင်များက မီးရှို့မည် ဆိုသဖြင့် ယခုအခါ မြောက်ဦးပေါ်မှ လူများသာမက တိမ်ညို၊ နကန်ဘက်မှ ကျေးရွာသားများလည်း လိုက်ပါသွားကြသည်ဟု သိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြောက်ဦး ယဉ်သည်ရွာတွင် အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး  ၎င်းနောက် ဇီးဇာသို့ ကူးစက်သွားကာ နောက်ဆုံး နဂကွေ့တွင် ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရခိုင်နှင့် မွတ်ဆလင်များ တစ်ဘက်နှင့် တစ်ဘက် အကြီးအကျယ် မီးရှို့နေကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ မွတ်လင်တွေက အဆင်သင့် လုပ်ထားတဲ့ မီးကွင်းတွေနဲ့ ပစ်တော့ ရခိုင်အိမ်တွေ အကြီးအကျယ် လောင်နေပြီ။ အခု မြင်နေရတယ်။ ပိုက်ဆိပ်မှာ ဖြစ်ပါတယ်။ အပြန်အလှန် ရင်ဆိုင်တိုက်ပွဲလည်း ဖြစ်နေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ယခုအခါ နေရာ အတော်များများကို မီးဟုန်းဟုန်း ထလောင်နေပြီ ဖြစ်ကြောင်း သူက ဆိုသည်။
ယခုအချိန်ထိ တဘက်နှင့် တဘက် ရင်ဆိုင် တိုက်ခိုက်မူ ဖြစ်ပွားရာ ရခိုင်ဘက်က (၆) ဦးဆေးရုံကို ရောက်ရှိလာကြောင်း သိရသည်။
မွတ်ဆလင်များဘက်က အထိအခိုက်ကို မသိရသေးကြောင်း သူက ပြောကြားသည်။

9:46 PM
Posted by nankeythioo

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ပဋိပက္ခအတွင်း အိုးအိမ်ထောင်ချီ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ (ဇွန် ၁၂၊ ၂၀၁၂)

ကိုမိုးဇော်
ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ မနေ့ညနဲ့ ဒီကနေ့ မနက်အစောပိုင်းက စတင်ခဲ့တဲ့ မီးရှို့မှုနဲ့ တိုက်ခိုက်မှုတွေကို ပြည်နယ်အစိုးရက လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကူအညီရယူပြီး အခြေအနေကို ငြိမ်သက်အောင် ထိန်းချုပ်နေပါတယ်။ ဒီကနေ့ မနက်မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်မှာ အတွင်းဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းမှာတော့ အိမ်ခြေ၂၀၀ကျော်လောက် မီးလောင်ကျွမ်းခဲ့ပြီး နှစ်ဘက် တိုက်ခိုက်မှုတွေကတော့ နေ့ခင်း မွန်းလွဲပိုင်းအထိ ဆက်လက် ဖြစ်ပွားနေပါတယ်။ ဒီသတင်းအပြည့်အစုံကို တော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် မင်းပြား နဲ့ မြောက်ဦးမြို့နယ်က ကျေးရွာတွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ အစိုးရက ဘင်္ဂလီလို့ ခေါ်ဝေါ်တဲ့ အစ္စလာမ် ဘာသာဝင်တွေအကြားမှာ တိုက်ခိုက်မှုတွေဟာ မနေ့ညပိုင်းကနဲ့ ဒီနေ့ မနက်မှာ အသစ်တဖန် ပြန်လည်စတင်နေတာဖြစ်တယ်။ ဒီတိုက်ခိုက်မှုဟာ လူနေအိမ်တွေ မီးရှို့တာအပါအ၀င် တုတ်၊ ဓါးလက်နက်တွေကိုင်ဆောင်ပြီး လူအုပ်စုလိုက်နဲ့ တိုက်ခိုက်နေကြတာပါ။

လောလောဆယ်မှာ ပြည်နယ်အစိုးရက နယ်မြေခံ ရဲနဲ့ စစ်တပ်အင်အားတွေ အသုံးပြုပြီး အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရရဲ့ ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

“ မြောက်ဦးမြို့နယ်ထဲမှာ ပုရိန်ကုန်းရွာမှာ အပြန်အလှန်မီးရှို့တယ်လို့ အဲလို သတင်းရတယ်ခင်ဗျ။ ရတော့ မနက်ကတည်းက ကျနော်တို့ဆီက ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီး၂ပါးနဲ့ ခရိုင်အုပ်ချုပ်ရေးမှုး၊ ခရိုင်ရဲတပ်ဖွဲ့မှုးကတော့ သူနေရာနဲ့သူ အဲဒီကို သွားနေပါတယ်။ အဲဒီမှာရှိတဲ့ ဒေသခံတပ်ရင်းတွေကလည်း အဲဒီနေရာတော့ ရောက်သွားပါပြီ။

အခုကတော့ လုံခြုံရေးအနေနဲ့ ဒီထက် ဆက်မဖြစ်အောင် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့က ပုဂ္ဂိုလ်များကို မြို့ ပြအုပ်ချုပ်ရေးမှာ လိုအပ်ရင် ကူညီပေးဖို့  ဒါကို မြို့နယ် အုပ်ချုပ်ရေးမှုးတွေနဲ့ ပေါင်းစပ်ပြီး တော့ လိုအပ်တဲ့ အင်အားကို အသုံးပြုပြီးတော့ ဆက်မဖြစ်အောင် ထိန်းသိမ်းသွားဖို့ အစီအစဉ် ဖြစ်ပါတယ်။”

မြောက်ဦးမြို့မှာ ဒီကနေ့ ဖြစ်ပျက်နေတဲ့ အခြေအနေကိုတော့ မြောက်ဦးမြို့ခံ တဦးက အခုလို ပြောပါတယ်။

“အဓိကရုဏ်းတွေဖြစ်နေပါတယ်။ လေးမြို့ကမ်းခြေမှာ ဖြစ်နေတာ။ မနက်ပိုင်းကတော့ အဲ့မှာပန်းမြောင်းဖက်က ဘင်္ဂလီ ရွာတွေ ရှိတယ်။ အဲဒီရွာတွေက သူတွေက ကိုယ့်အိမ်ကိုယ်မီးရှို့ ပြီးတော့ ထွက်ပြေးကြတယ်။ ဒီဘက်က ရခိုင်တွေကလည်း အုပ်စုလိုက် တက်ပြီးတော့ မီးရှို့ကြတယ်။ နောက် နေ့လည်ပိုင်း ရောက်လာတော့ ဖောင်းထုပ်၊ ပုရိန်၊ လက်မ အဲဒီကုလားရွာတွေက စုပြီးတော့ ခုခံကြတယ်။ နောက် ဒီဖက်က ရခိုင်အုပ်စုကလည်း စုပြီးတော့ ချီတက်ကြတယ်။ အဲဒီမှာ ရင်ဆိုင်ပြီးတော့ တိုက်ပွဲတွေ ဖြစ်ကြတယ်။ အခုထိဖြစ်တုံးပဲ။ အခုဆိုရင် ၂နာရီထိုးတော့မယ် ၂နာရီထိုးတဲ့အထိ အခုထိဖြစ်တုံးပဲ။”

ညနေ ၅နာရီခွဲအချိန်က အခြားမြောက်ဦးဒေသခံတယောက်ကို မေးမြန်းရာမှာတော့ ဒီတိုက်ခိုက်မှုမှာ ရခိုင်ဖက်က သေဆုံးသူ ၃ဦးရှိတယ်လို့ ပြောပါတယ်။

“အခု ပုရိန်ကုန်းမှာ ရခိုင်ယောင်္ကျားလေး ၃ယောက် သေဆုံးပါတယ်။ ဒါပေမဲ့ ၃လောင်းမှာ ၂လောင်းပဲ ရပါသေးတယ်။ ပထမ နေ့လည်ဖက် ၁၁နာရီလောက် အလောင်းတလောင်းရပါတယ်။ ၂နာရီခွဲလောက်က ရွာထဲက ဗလီနားက တလောင်းရပါတယ်။ နောက်တလောင်းကတော့ မရသေးပါဘူး။ အခုချိန်ထိ။”

အစ္စလာမ် ဘာသာဝင် ဘင်္ဂလီအမျိုးသားတွေ ဘက်က အသေအပျောက်စာရင်းကိုတော့ သီးခြား မသိရသေးပါဘူး။

ဒီလ ၂၁ရက်နေ့ တနင်္ဂနွေညကလည်း မင်းပြားမြို့နယ် ပိုက်သည်ရွာမှာ မီးရှို့မှုဖြစ်ခဲ့ပါတယ်။ ဒီအခင်းဖြစ်ပွားပုံ ကိုတော့ မင်းပြားဒေသခံက အခုလို ပြောပါတယ်။

“အိမ်၁၀ကျော်လောက် သူတို့ဟာ သူတို့ မီးရှို့တာပါ။ သူတို့ ရခိုင်ကို နံမည်ခံပြီးတော့ သူတို့ဟာသူတို့ မီးရှို့တာပါ။ မင်းပြားနဲ့ ကပ်ရက်ပါပဲ။ မင်းပြားမြို့ ကားဂိတ်နားလေးက ပိုက်သည် ရပ်ကွက်ပါ။ ၁၀နာရီလောက်မှာ ဖြစ်တာပါ။ ၁၂အိမ်၊ ၁၃အိမ် လောက် ပါမယ်ထင်ပါတယ်။”

မင်းပြားမြို့မီးရှို့မှုဟာ ဘင်္ဂလီတွေက ရခိုင်အမျိုးသားတယောက်ကို ဂျင်ကလိနဲ့ပစ်ခတ်ရာက စတင်ပြီး နှစ်ဘက် အချင်းများခဲ့ကြောင်း၊ အဲဒီအချိန်မှာ ရခိုင်အမျိုးသားတွေ စုရုံးလာချိန်မှာ ဘင်္ဂလီတွေက သူတို့ရွာကို သူတို့ မီးရှို့ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြောက်ဦးမြို့နယ် အတွင်း ဒီနေ့ စတင်တဲ့အခင်းဖြစ်ပွားမှုဟာ မင်းပြားမြို့က ကူးစက်လာတဲ့ အရေးအခင်းဖြစ်တယ်လို့ ရခိုင်ဒေသခံတွေကပြောပါတယ်။

လက်ရှိ နေပြည်တော်ကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အစ္စလာမ် ဘာသာဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးရွှေမောင်းကတော့ သူကြားသိရတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ မတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ လူနည်းစု မူဆလင်တွေက ကျီးလန့်စာ စားနေရတယ်လေ။ နောက် တရားဥပဒေစိုးမိုးမှုကလည်း အင်မတန်မှ အားနည်းတဲ့အခါကျတော့ သူတို့က ရွာထဲ မပြောနဲ့ အိမ်ထဲကတောင် မထွက်ပဲနဲ့ ဈေးတို့ဘာတို့တောင် သွားလို့မရတဲ့ အခြေအနေ ကြောက်လန့်ပြီးမှ နေတဲ့အချိန်မှာ ဒါမျိုးပြဿနာ သူတို့မလုပ်ပါဘူးတဲ့။ ဒါတွေဟာ သပ်သပ် သူတို့က လုပ်နေကျပုံစံအတိုင်းပဲ အဲ့တာမျိုး သတင်းလွှင့်ပြီးတော့ အပြစ်မရှိရှိအောင် အဲ့တာမျိုး ဟို..သူတို့က လုပ်တာပါတဲ့။  ငါးနေရာကနေ ကျနော်ကို Confirm လုပ်ပြီး ပြောတယ် ခင်ဗျ။”

ရခိုင်ပြည်နယ်အစိုးရရဲ့ ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းကတော့ ဒီတိုက်ခိုက်မှုတွေ ဘာကြောင့်ဖြစ်တယ် ဆိုတာ မသိသေးကြောင်းပြောဆိုပါတယ်။  

“ ဖြစ်စဉ်အစကိုတော့ ကျနော်တို့လည်း မသိသေးဘူးဗျ။ ဖြစ်စဉ်အစကိုတော့ လုံခြုံရေး တာဝန်ယူတဲ့ပုဂ္ဂိုလ်တွေပဲ သိမယ်လေနော်။”

ဒီအရေးအခင်းတွေကြောင့် မြောက်ဦးမြို့မှာရော၊ မင်းပြားမြို့မှာပါ ဒီကနေ့ ဈေးနဲ့ ကျောင်းတွေကို ပိတ်ထားပြီး ညနေပိုင်းမှာ နေ၀င်မီးငြိမ်းအမိန့် ဖြစ်တဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ဖို့ စီစဉ်နေတယ် လို့ ပြောပါတယ်။

ဒီကနေ့နဲ့ မနေ့က အဖြစ်အပျက်မှာတော့ မင်းပြားနဲ့ မြောက်ဦးမြို့နယ်က ပိုက်သည်ရွာမှာ အိမ်ခြေ ၁၀ကျော်၊ သရက်အုပ်ရွာမှာ အိမ်ခြေ ၁၅၀လောက်နဲ့ ညောင်ပင်ဝိုင်းရွာမှာ အိမ်ခြေ ၁၀၀လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညနေပိုင်းထိ တိုက်ခိုက်မှုတွေဖြစ်နေပြီး အခြားရွာတွေက ပျက်ဆီးဆုံးရှုံးမှုကိုတော့ အတိအကျမသိရသေးပါဘူး။

ရခိုင်တိုင်းရင်းသားတွေနဲ့ အစိုးရက ဘင်္ဂလီလို့ ခေါ်ဝေါ်တဲ့ အစ္စလာမ် ဘာသာဝင်တွေအကြား တိုက်ခိုက်မှုတွေဟာ ဒီနှစ်ဇွန်လဆန်းပိုင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင်အတွင်း တိုက်ခိုက်မှုတွေ ကို ထိန်းသိမ်းပြီးချိန်မှာတော့ အဓိကရုဏ်းအတွင်း အနည်းဆုံး လူ ၇၇ယောက်သေဆုံးပြီး လူနေအိမ် ၄၈၀၀ကျော်၊ ဗလီ၁၇လုံး၊ ဘုန်းကြီးကျောင်း ၁၅ကျောင်းနဲ့ စာသင်ကျောင်း ၃ကျောင်း မီးလောင်ပျက်ဆီးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။


ဖျာစုတ် ဖျာဆွေးကြီးတချပ်ကို ဆွဲလှပ်လိုက်သလို ...
ဒေါက်တာလွဏ်းဆွေ

လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက နှစ်ပေါ် ၅၀ ကျော် မိုးထဲ ရေထဲ လေထဲမှာ မြေကြီးပေါ် ပစ်ထားခံခဲ့ရတဲ့ ဖျာစုတ် ဖျာဆွေးကြီးတချပ်ကို ဆွဲလှပ်လိုက်သလိုပါပဲ။ လှပ် လှပ်ချင်း ဖျာစုတ် ဖျာဆွေးကြီး ဖိထားတဲ့အောက်က ပိုးမွှားပေါင်းစုံ ဝေါကနဲ တိုးထွက်လာသလို နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာရှင်စနစ်ဆိုးနှစ်ဆက်အာက်မှာ ဖိနှိပ်ခံထားခဲ့ရတဲ့ ပြဿနာတွေ တမဟုတ်ချင်း ကြွထလာတဲ့ အခြေအနေပါပဲ။ တခုပြီး တခု ရှင်းလို့ကိုမနိုင်ဆိုတဲ့ အနေအထားပါပဲ။

ဒီအခြေအနေမှာ ဒီမိုကရေစီခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေရဲ့ အနေအထားကို ခန့်မှန်းရတာက ပြဿနာတခုချင်းကို လိုက်မရှင်းတော့ဘဲ (ပြဿနာတွေကို ကိုယ်နဲ့မဆိုင်သလို နေထိုင်ပြုမူရင်း) အာဏာပိုင်တွေ မငြိုငြင်အောင် ငြိမ်ငြိမ်လေးနေပြရင်း၊ အာဏာပိုင်နဲ့ ပူးပေါင်းဆောင်ရွက်ရင်း၊ ဘာမှန်းမသိ မရေရာ မသေချာတဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဆိုတာကြီးကို မျှော်လင့်ရင်း အနိုင်ရလို့ ရှင်းနိုင်တဲ့ အနေအထားရောက်မှ ရှင်းမယ်ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုးနဲ့ မတုန်မလှုပ် တေမိလုပ်ပြီး စခန်းသွားနေကြပုံရတယ်လို့ ယူဆမိတယ်။

ဒါပေမယ့် လက်ငင်းအခြေအနေမှာ နှစ် ၅၀ ကျော်ကြာ ဖြစ်တည်လာခဲ့တဲ့ ပြဿနာတွေရဲ့ ဖိစီးမှုအ၀၀ကို ကျောကော့အောင် ခံစားနေရတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူကတော့ ပြဿနာတခုချင်းအလိုက် တောင်းဆိုတိုက်ပွဲဝင်ရင်း ဒီမိုကရေစီဘောင်ကို ရသလောက် တဆင့်ချင်း ချဲ့ထွင်သွားဖို့ တနေ့ပြီးတနေ့ တောင်းဆို တိုက်ပွဲဝင်နေကြတာကို တွေ့ရတယ်။

အဲဒီလို ခေါင်းဆောင်ပိုင်းနဲ့ ပြည်သူလူထုတွေရဲ့ တိုက်ပွဲဝင်မှုပုံစံ သိသိသာသာ ကွဲပြားခြားနားနေမှုဟာ ၂၀၁၅ ရောက်ဖို့ အချိန်ကာလအားဖြင့် ၃ နှစ်ကျော်ကြာ လိုနေသေးတဲ့ အချိန်ကာလအတွင်းမှာ အက်ရာတွေ ပိုပိုဟလာမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ထိတ်စရာပါပဲ။

ခေါင်းဆောင်ပိုင်းကပုဂ္ဂိုလ်တွ စိတ်ကူးယဉ်သလို ဖျာစုတ် ဖျာဆွေးကြီကို တဖြေးဖြေးချင်း လှဲကျင်းသွားရင်း သန့်စင်အောင် လုပ်လို့ရနိုင်မလား၊ မီးရှို့ပစ်ပြီး အသစ်ခင်းကျင်းမှ အဆင်ပြေလေမလား ဆိုတာကတော့ လက်ငင်းအခြေအနေမှာ ဒုက္ခအ၀၀ကို ခါးစည်းခံနေရတဲ့ မြန်မာပြည်သူလူထု ဘယ်အချိန်ကာလအထိ ဆက်သည်းခံနိုင်မလဲဆိုတဲ့အပေါ် မူတည်မယ်လို့ ထင်မိရဲ့။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ


ထွန်းထွန်း
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်အတွင်း မြို့နယ်အသီးသီး၌ OIC ရုံး မဖွင့်လှစ်ရေးနှင့် ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြမှုများ ပေါ်ပေါက်နေရာ အောက်တိုဘာ ၂၁ရက်နေ့က သံတွဲမြို့၌ လူပေါင်းသောင်းချီ၍  ဆန္ဒထုတ်ဖေါ်ခဲ့ ကြသည်ဟု သတင်းရရှိသည်။
သံတွဲတွင် အိုအိုင်စီရုံးကို မလိုကြောင်း ဆန္ဒပြနေကြစဉ်။
သံတွဲမြို့၌ ဆန္ဒထုတ်ဖေါ်ရာတွင် ရဟန်းတော်များနှင့် ပြည်သူ စုစုပေါင်း တစ်သောင်းကျော်ခန့် ပူးပေါင်း ဆင်နွဲခဲ့ကြသည်ဟု မြို့ခံ တစ်ဦးဖြစ်သူ ကိုထွန်းဖေက နိရဉ္စရာသို့  ပြောသည်။
“ဒီနေ့ဆန္ဒပြတဲ့ အထဲမှာ လူပေါင်းသောင်းချီ ပါဝင်ကြပါတယ်။ နေ့လည် ၁နာရီကနေ မွန်းလွဲ ၂နာရီအထိ ပြုလုပ်ခဲ့ကြပါတယ်။ ပထမဆုံး သံတွဲမြို့ရဲ့ အောင်မြေသာစည် ဘုန်းကြီးကျောင်းဘက်ကနေ စထွက်ပါတယ်။ အဲဒီ ကတဆင့် အုပ်ချုပ်ရေးမှူးရုံး၊ ပြီးရင် ဗိုလ်ချုပ်လမ်းကနေ ကွေ့ပြီး အဏ္ဍ၀ါလမ်း၊ ဒီကတဆင့် ဦးဥတ္တမ လမ်းကနေ အောင်မြေ သာစည်မှာ အဆုံးသတ်ခဲ့ ကြပါတယ်” ဟုပြောသည်။
ဆန္ဒထုတ်ဖေါ်မှုနှင့် ပတ်သက်ပြီး ယခုလို သူက ဆက်ပြောသည်။
“အဓိကတော့ ရခိုင်ပြည်နယ် အတွင်းမှာ OIC ရုံး မဖွင့်ဖို့ကို မြန်မာ တိုင်းရင်းသားတွေနဲ့ရော ရခိုင်ပြည်သူတွေ နဲ့ပါ သဘောထား အတူတူရှိတယ် ဆိုတာကို သံတွဲမြို့ခံတွေက နိုင်ငံတကာနဲ့ မြန်မာ နိုင်ငံတော်အစိုးရကို သိ အောင် ဒီကနေ့မှာ ထုတ်ဖေါ် ပြသ ကြတာဖြစ်ပါတယ်” ဟုပြောသည်။
ဆန္ဒထုတ်ဖေါ်သူများမှာ OIC စီကိုကန့်ကွက်သည့် စာတမ်းများ ရေးထိုးထားသော တီရှပ်အင်္ကျီများကို ဆင်တူ  ၀တ်ဆင်ပြီး  OIC အလိုမရှိ၊  OIC ရုံးကို ဖျက်သိမ်းပေး၊ သမ္မတကြီးအား ထောက်ခံပါသည် စသည့်  တောင်းဆို ချက်များကို ဆိုင်းဘုတ်များတွင် ရေးသားကာ ကိုင်ဆောင်ပြီး  ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြချီတက် လမ်းလျှောက်ရာတွင် အနှောင့်အယှက် တစ်စုံတစ်ရာ မရှိသော်လည်း လုံခြုံရေး တပ်ဖွဲ့များ အများအပြား ချထားခဲ့သည်ဟု ဆိုသည်။
ယခုလ အတွင်း OIC ရုံးမဖွင့်လှစ်ရန် အတွက် ကန့်ကွက် ဆန္ဒြ့ပပွဲများကို သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် ရခိုင်ပြည်နယ် မြို့နယ်အများအပြားတွင် ပြုလုပ်ခဲ့ကြသည်။


မောင်ရမ္မာ
မြန်မာ တိုင်းရင်းသား ၁၀၀ ခန့်က  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ OIC ရုံးချုပ်ရှေ့သို့ သွားရောက်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့က ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံတွင် Organization of Islamic Cooperation (OIC) အနေဖြင့် ရုံးခွဲများဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်နေခြင်း အပေါ်  ကန့်ကွက်ခဲ့ ကြပြီး၊ ဆန္ဒပြသူများက မြန်မာပြည်သူလူထု၏  သဘောထားကို လေးစားလိုက်နာရန် OIC ကို တောင်းဆိုခဲ့ကြသည်။
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ OIC ကိုယ်စားလှယ်ရုံးရှေ့တွင် ပြုလုပ် ခဲ့ကြသော အဆိုပါ ဆန္ဒပြပွဲသို့  ရခိုင်လူမျိုးများ အပြင် ယနေ့မြန်မာသတင်းဌာန၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) နှင့် International Foundation for Burma National Congress တို့မှကိုယ်စား လှယ်များတစ်ချို့လည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်။
International Foundation for Burma National Congress ဥက္ကဌ ဦးရဲထွဋ္ဋ်က ဒေသခံ ပြည်သူများ၏ သဘောထားကို လေးစား လိုက်နာရန် လိုကြောင်း ယခုလို ထောက်ပြ ပြောဆိုသည်။
“ဒီကိစ္စကို ကျနော်တို့ လုံးဝလက်ခံလို့ မဖြစ်ဘူး။ ရခိုင်တွေကသာမက တိုင်းရင်းသားပေါင်းစုံ ပြတ်ပြတ် သားသား ကန့်ကွက်ရမယ်။ အခုဆို ပြည်တွင်းမှာလည်း ဆန့်ကျင်နေကြပြီ၊ ပြည်ပမှာ ရောက်နေကြတဲ့ မြန်မာ တွေလည်း ကန့်ကွက်ကြရမှာဖြစ်တယ်။ ဒေသခံ ပြည်သူလူထုရဲ့ သဘောထား မပါဘဲနဲ့ အတင်းဆက် လုပ်မယ်ဆိုရင်၊ ပြဿနာတွေ ပိုရှုပ်လာမှာပဲ”  ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ OIC ရုံးဖွင့်ရေးကို လက်မခံကြောင်း မြန်မာ အစိုးရက ပြောဆိုထားသော်လည်း  တရားဝင် စာထုတ်ပြန်ပေးရန် လိုအပ်သည်ဟု ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ဦးခိုင်အောင်ကျော်က ဆိုသည်။
“ မြန်မာနိုင်ငံတွင် တနိုင်ငံလုံးအတိုင်း အတာအနေနဲ့  OIC ရုံးဖွင့်မှာကို ကန့်ကွက် ဆန္ဒပြ တောင်း ဆိုခဲ့ကြတဲ့ အတွက် နိုင်ငံတော်သမ္မတ ရုံးကနေ OIC ရုံးခန်း ဖွင့်မှာ မဟုတ်တော့ဘူးလို့ ပြောဆို တာကို ကြားရပါတယ်။ ဒါကို  တရားဝင် ထုတ်ပြန် ကြေငြာပေးဖို့လိုတယ်။  လက် မှတ်ထိုးထားတဲ့  နယ်စပ်ရေးရာ ၀န်ကြီးဌာ ၀န်ကြီး ကိုယ်တိုင်ကလည်း ပယ်ဖျက်လိုက်ပြီး ဖြစ်ကြောင်း OIC ရုံးချုပ်ကို တရားဝင် အကြောင်းကြားဖို့ လိုအပ် နေပါသေးတယ်” ဟု ပြောသည်။
ဆန္ဒပြပွဲကို တက်ရောက်ခဲ့သူ ကိုမိုးချမ်းကလည်း ယခုဖြစ်ပေါ်နေသော အခြေအနေများကို ပြည့်သူ့ လွတ်တော် အမတ် များက အစိုးရကို တိုက်တွန်းရန်လိုအပ်ကြောင်း နိရဉ္စရာသို့ ပြောသည်။
“ အခုအချိန်မှာ ပြည်သူ့ လွှတ်တော်တက်ရောက်နေကြတဲ့ ရခိုင် တိုင်းရင်းသားများ တိုး တက်ရေး ပါတီ  လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လွှတ်တော်ထဲမှာ OIC ရုံးဖွင့်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား တောင်းဆို တိုက်တွန်းပေးဖို့ လိုပါတယ်” ဟု ဆိုသည်။
ဆန္ဒပြပွဲကို စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုလှဌေးက ပြည်သူနှင့်ဆိုင်သော လုပ်ငန်းများတွင်  ပြည်သူ့ အသံကို အလေးထားရန် လိုအပ်ကြောင်း၊ ထိုသို့ အလေးမထားဘဲ လုပ်ဆောင်ပါက လူ့အခွင့်အရေး ချိုးဖေါက်ခြင်းပင် ဖြစ်သည်ဟု ပြောဆိုသည်။
“OIC ရဲ့အစီအစဉ်ကို လက်ခံလို့မဖြစ်ဘူး၊ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေပဲလုပ်လုပ်၊ ငြိမ်းချမ်းရေး လုပ်ငန်းပဲဆိုဆို ဘာပဲဖြစ်ဖြစ် ဒေသခံတွေရဲ့အသံတွေကို အလေးထားရမယ်။ ဒေသ ခံပြည် သူလူထုသဘောတူညီချက်ကို ရယူဖို့ လိုတယ်။ အခုဆို မြန်မာပြည်မှာရော၊ ပြည်ပတွေမှာပါ ကန့်ကွက် လာနေကြပြီ၊ ဒါကို အလေးမထားပဲ ရှေ့ဆက်ကြိုးစားနေမယ်ဆိုရင် ဒါ ဒေသခံတွေ အပေါ် လူ့အခွင့် အရေး ချိုးဖေါက်တာပဲ” ဟုပြောသည်။
ဆန္ဒပြသူများ မြန်မာပြည်သူများ၏ အသံကို လေးစားပါ၊ OIC ရုံးဖွင့်မည်ကို ရပ်တန့်ပေးပါ ဟု ကြွေးကြော်ခဲ့ကြသည်။
၎င်းအပြင် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ကိုကျော်ကျော်မှ ဖတ်ကြားပြီး ၎င်းကြေညာချက်ကို မမေစန္ဒာစိုးညွန့် က -OIC- ရုံးချုပ်ရှေ့ စာတိုက်ပုံးမှ တဆင့် ပေးပို့  လိုက်သည်ဟု သိရသည်။
OIC သည် ကုလသမဂ္ဂလက်အောက်အဖွဲ့အစည်းတစ်ခု မဟုတ်ခြင်း၊ အာဆီယံ၊ ဥရောပသမဂ္ဂတို့ ကဲ့သို့ ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခု မဟုတ်ခြင်း၊ OIC သည်ဘာသာရေးကိုအခြေခံပြီးဖွဲ့ စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ခြင်းအပြင် မြန်မာနိုင်ငံသည် OIC အဖွဲ့ဝင်နိုင်ငံတစ်ခု မဟုတ်ခြင်း တို့ကြောင့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ရုံးခန်းများဖွင့်ရန်ကြိုးစားနေခြင်းကို ရပ်တန့်ပေး ရန် ထုတ်ပြန် ကြေညာချက်တွင် ရေးသားထားသည်။
ဆန္ဒပြပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့ အမေရိကန်စံတော်ချိန် နေ့လည် တစ်နာရီတွင် ပြုလုပ်ခဲ့ခြင်း  ဖြစ်ပြီး မြန်မာ နိုင်ငံမှ ရောက်ရှိနေကြသော ဗမာ၊ မွန်၊ ရခိုင်နှင့် ကရင်တိုင်းရင်း ၁၀၀ ခန့်  ပူးပေါင်း ပါဝင်ခဲ့ကြသည်။


ကျောက်ဖြူမြို့ တွင် ဆန္ဒထုတ်ဖော်မှု မြင်ကွင်းပုံ
ကျောက်ဖြူမြို့ တွင် လူထု ဆန္ဒထုတ်ဖော်
=======================

သမ္မတကြီး၏ နိုင်ငံသား ကိစ္စ မိန့်ကြားချက်ကို အပြည့်အ၀ ထောက်ခံပါသည်။ OIC နှင့် ပတ်သက်သော မည်သည့် အဖွဲ့ အစည်းကိုမှ အလိုမရှိ ဟူသော စာ တမ်းများကို ရေးထိုး ကိုင်ဆောင်ခဲ့ကြ ကြောင်းသိရှိ ရပါသည်။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မ္မတရုံး သတင်း ထုတ်ပြန်ချက်ကို အပြည့်အ၀ ထောက်ခံသည်၊ OIC နှင့်ပတ်သက် သော မည်သည့် အဖွဲ့အစည်းကိုမှ အလိုမရှိဟု ကျောက်ဖြူမြို့တွင် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

ထိုပွဲကို အောက်တိုဘာ ၂၀- ရက် ယနေ့ မွန်းလွဲ တစ်နာရီက ကျောက်ဖြူမြို့ ဘုရားကြီး တောင်ကွင်းတွင် စတင်ပြုလုပ်ပြီး ဆန္ဒထုတ်ဖေါ်ရာ ရဟန်း သင်္ဃာတော် အပါး ၂၀၀ခန့်၊ ကျောက်ဖြူ
မြို့ခံများနှင့် ကျောက်ဖြူခရိုင် တိုက်နယ် အသီးသီးမှ လူထုအင်အား ၁၀၀၀၀-ကျော် ပါဝင်ကြောင်း သိရသည်။

ဆန္ဒထုန်ဖေါ်ရာတွင် ကျောက်ဖြူလူငယ်များက ဦးဆောင်ပြီး လမ်းလျှောက် ဆန္ဒထုတ်ဖေါ်ရာ OIC အလိုမရှိထွက်သွား၊ OIC နှင့်ပတ်သက်သည့် မည်သည့်အဖွဲ့အစည်းကိုမှ အလိုမရှိဟု ကြွေးကြော်သံများဖြင့် သံပြိုင်ရွက်ဆိုကာ ဆန္ဒထုတ်ဖေါ်ပွဲကို မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကျော်ဖြူမြို့ နာရီစင်ကွင်းတွင်း ငြိမ်းချမ်းစွာဖြင့် လူစုခွဲခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့ ဆန္ဒဖော်ထုတ်မှုများယနေ့ ၂၀ ရက်နေ့တွင် မြို့နယ်လေးခုတွင် ကျင်း ပပြုလုပ်ခဲ့ကြောင်းလည်းသိရှိရပါသည်။
မင်းပြားမြို့တွင် ဆန္ဒထုတ်ဖော်မှုမြင်ကွင်းပုံ

ရမ်းဗြဲမြို့နယ်တွင် ဆန္ဒထုတ်ဖော်မှုမြင်ကွင်းပုံ
ရခိုင်ပြည် ၊ ရမ်းဗြဲမြို့နယ်တွင် လူထု ဆန္ဒထုတ်ဖော်
----------------------
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် လူထု ဆန္ဒထုတ်ဖော်ပွဲတရပ်ကို ၂၀.၁၀.၂၀၁၂ ရက် နံနက် ၉း၃၀ နာရီမှ ၁၀း၀၀ နာရီထိ မြို့နယ် ဓမ္မာရုံတွင် လူစုဝေးပြီး မြို့တပတ် ချီတက် ဆန္ဒဖော်ထုတ်ခဲ့ပါသည်။ ဆန္ဒဖော်ထုတ်ပွဲတွင် လူ ၃၀၀ ခန့်လောက် တက်ရောက်ခဲ့ပြီး သမ္မတကြီးရဲ့ ရခိုင်ပြည်အပေါ် ရပ်တည်ချက်သဘောထားကို ထောက်ခံခြင်း၊ OIC အလိုမရှိ၊ ရသေ့တောင်ညီလာခံကို ထောက်ခြင်း တို့ကို ကြွေးကြော်ပြီး မြို့နယ် ဓမ္မာရုံတွင် လူစုခွဲခဲ့ကြပါသည်။

မြေပုံမြို့နယ် ဆန္ဒထုတ်ဖော်ပုံမြင်ကွင်း
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဆန္ဒထုတ်ဖော်
------------------------------------
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ ၂၀.၁၀.၂၀၁၂ ရက် နံနက် ၇း၃၀ မှ ၉း၀၀ နာရီထိ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင်

1 ဘင်္ဂလီနှင့် ယှဉ်တွဲနေထိုင်ရေး (အလိုမရှိ)
၂ တရားမ၀င်ရောက်ရှိနေသော ဘင်္ဂလီများ ( ဖယ်ရှားပေး)
၃ ရခိုင်ပြည်အရေး (ဒို့အရေး)
၎ ရခိုင်သားအရေး (ဒို့အေ၇း)
၅ အမျိုးဘာသာ စော်ကားသူ (ဒို့ရန်သူ)

တို့ကို ကြွေးကြော်ပြီး တောင်းဆိုခဲ့ကြပါသည်။

သတင်း - ဓါတ်ပုံ Rakhine Straight Views

Back to the Top

Related Posts Plugin for WordPress, Blogger...