-
“ စုတေခါနီးအရေးကြီးပုံ ”11 years ago
-
ကမ္ဘာ့ဖလား ရှုံးထွက်ပွဲတွေ လာပြီ (၂)2 years ago
-
နောက်ဆုံးရ မြန်မာသတင်းများ4 years ago
Feedjit
ဇွဲကပင်ကိုချစ်တဲ့သူ
ဇွဲကပင်ကိုချစ်တဲ့သူ
ရွှေမြန်မာ
မြန်မာ့သတင်းစုံ
မြန်မာသတင်း
သတင်းစုံ
ဒေါက်တာလွမ်းဆွေ
သတင်းထူးများ
သီရိလင်္ကာရောက် မြန်မာရဟန်းတော်
သီချင်းနားထောင်ရန်
၁၉၉၀ ရွေးကောက်ပွဲ ရုပ်သံ
ဘာသာရေးဆိုဒ်များ
ဓါတ်ပုံဆိုဒ်
ဒေါင်းလော့နိုင်သောဇာတ်ကား
ဓါတ်ပုံဆိုဒ်များ
ဘလောဂါဆိုဒ်များ
ပညာရေးဆိုဒ်များ
ပြောချင်တာပြော
လာလည်သောနိုင်ငံမှ
နိုင်ငံတော်သမ္မတရုံး
လေဒီယိုသချင်း

သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်
မိမိတို့ Website နှင့် Blog များတွင်ထည့်ချင်ပါက ဒီမှာ ကုဒ်ယူပါ
ငွေလဲလှယ်နုန်းများ
ကိုယ်တိုင်ရိုက်ထည့်ပါ
light
မြန်မာစံတော်ချိန်
အဲဍောဟ်သာယှင်းဍောဟ်
Recent Posts
Powered By: Blogger Widgets
slider
ဆော့ဝဲများဒေါင်းရန်
Popular Posts
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
ကချင်ပြည်နယ် ချီဖွေ၊ ဝိုင်းမော်နဲ့ ဆော့လော်မြို့နယ်တွေက ရွာတွေမှာ မဲဆွယ်
စည်းရုံးတာတွေ မလုပ်ဖို့ ကချင်ပြည်နယ် အထူးဒေသ (၁ )ခေါင်းဆောင်
ဦးဇခုန်တိန့်ယိန်းက တားမြစ်တဲ့စာတွေ ထုတ်ပြန်လိုက်တာဟာ တရားဥပဒေနဲ့ မညီဘူး
လို့ အဲဒီနယ်မြေတွေကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း
ဦးကျော်ကျော်ဦးက ပြောလိုက်ပါတယ်။
ချီဖွေ၊ အင်ဂျန်းယန်နဲ့ ဆော့လော်မြို့နယ်တွေကို ကိုယ်စားပြုပြီး
အမျိုးသားလွှတ်တော် အတွက် ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း
ဦးကျော်ကျော်ဦးက စာလက်ခံ ရရှိတာနဲ့ ပတ်သက်ပြီး ပြောလိုက်တာဖြစ်ပါတယ်။
"လောလောဆယ် ပြည်ခိုင်ဖြိုးနဲ့ သူတို့ပဲအနိုင်ရရှိဖို့အတွက်ကို
ရည်ရွယ်ထားတဲ့ သဘောရှိတယ်၊ စစ်ဘုရင်တွေပေါ့ဗျာ၊ အုပ်စိုးတဲ့ဒေသဆိုပြီး
သူတို့ကယူဆတယ်၊ သူကိုယ်တိုင်ကလွှတ်တော်ကိုယ်စား
လှယ်လောင်းတစ်ယောက်ဖြစ်နေရဲ့သားနဲ့ ဒီလိုမျိုးစာထုတ်တယ်ဆိုတာ တရားဥပဒေနဲ့
အညီမရှိဘူးဆိုတာ ကျနော်တို့ သိနေရတယ်၊
လောလောဆယ်ဗဟိုကိုလည်းတင်ထားပြီးသွားပါပြီ၊ ကျနော်တို့သွားတာ လွယ်တဲ့ခရီး
မဟုတ်ဘူး၊ လမ်းပန်းဆက်သွယ်ရေးက ပန်ဝါရဲ့ဟိုဖက်ကိုကျတော့
နိုင်ငံတော်ရဲ့ဘက်ဂျက်နဲ့ဆောက်ခဲ့တဲ့ လမ်းတွေ၊
ဟိုဖက်ကိုတော့ကောင်းအောင်လုပ် ထားပြီး၊ ဒီဖက်ကိုကျတော့လူသူမသွားနိုင်အောင်
လမ်းတွေ ကိုဖျက်ဆီးထားတဲ့ သဘောရှိတယ်၊ လမ်းကလုံးဝမကောင်းဘူး၊
ကျနော်တို့ခက်ခက်ခဲခဲ၊ လူတွေရော၊ ယာဉ်တွေရော၊ ပစ္စည်းတွေရော၊
ကျနော်တို့ရှားရှားပါးပါး၊ ခက်ခက်ခဲခဲနဲ့ ကျနော်တို့ အရောက်သွားခဲ့တာပါ၊
အခုဒီလိုတုန့်ပြန်လာတယ်ဆိုတော့ ကျနော်တို့ဖက်ကလုပ်သင့် လုပ်ထိုက်တာ
ကျနော်တို့လုပ်သွားမှာပါ"
အန်အယ်လ်ဒီပါတီက အထူးဒေသ (၁) က မြို့နယ်တွေကို ကိုယ်စားပြုမယ့်
ကိုယ်စားလှယ်လောင်းတွေထံ ပြီးခဲ့တဲ့ ၂၂ ရက်နေ့က စာတွေပေးပို့ လိုက်တာ
ဖြစ်ပါတယ်။
အဲဒီ နယ်မြေဟာ အစိုးရအပြောင်းအလဲ ပြုလုပ်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်နေခြင်း
မရှိသေးတဲ့ ဒေသဖြစ် တာကြောင့် မဲဆွယ်စည်းရုံးရေးကို နောက်ဆုတ်ကြ ဖို့
အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းတွေထံ ပေးပို့တဲ့ စာမှာ ပါရှိပါတယ်။
ဒါ့အပြင် အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ဝိုင်းမော်မြို့နယ်အတွင်း ဆဒုံး၊
ကံပိုင်တည်၊ မန်ဝင်း၊ ဒွမ်ဘမ်၊ မန်ဒေါင်၊ ခဝမ်နဲ့ ရှီငေါ်ချောင်းရိုးဒေသက
ကျေးရွာတွေ၊ ချီဖွေနဲ့ ဆော့်လော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ
မဲဆွယ်စည်းရုံးရေးမလုပ်ဖို့ တားမြစ်တာ ဖြစ်ပါတယ်။
အဲဒီလို ဟန့်တားတဲ့ စာကို လီဆူအမျိုးသားဖံွ့ဖြိုးတိုးတက်ရေးပါတီနဲ့ လော်ဝေါ်
အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီထံလည်း ပေးပို့ထားတယ်လို့
သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့
တာဝန်ရှိသူတွေကို RFA က သီးခြားဆက်သွယ်မေးမြန်းလို့ မရရှိသေးပါဘူး။
ပန်ဝါမြို့အခြေစိုက် ကချင်ပြည်နယ် အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေး
အဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းဟာ လက်ရှိ
လွှတ်တော်ကိုယ်စားလှယ်ဖြစ်သလို လာမယ့် ရွေးကောက်ပွဲမှာလည်း ချီဖွေ၊
ဆော့လော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်သုံးခု အတွက် တစ်သီးပုဂ္ဂလ
ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၅ မှာ
ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အဲဒီမဲဆန္ဒနယ်မြေမှာ ဦးဇခုန်တိန့်ယိန်းအပြင်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၊
လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနဲ့ တစ်သီး ပုဂ္ဂလကိုယ်စားလှယ် တွေ
စုစုပေါင်း ၆ ဦး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။