ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


Bangkok National Verification Centre သို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာစဉ်(AFP Photo)
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။ ညနေပိုင်းမှာ အရှေ့အာရှ စီးပွားရေးညီလာခံ ကျင်းပရာနေရာကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာ တာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မြန်မာအလုပ်သမားတွေ အများအပြားရှိနေတဲ့ မဟာချိုင်ကို သွားရောက်ပြီး မြန်မာအလုပ်သမားတွေကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက စုစည်းတင်ဆက်ပေးထား ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးညီလာခံအတွင်းမှာပဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံ ဖွယ်ရှိပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ကမ္ဘာ့စီးပွားရေးညီလာခံ တရားဝင်ဖွင့်ပွဲ အခမ်းအနား ပြုလုပ် မှာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်အပါအ၀င် ခေါင်းဆောင်အတော်များများက အရှေ့အာရှ အနာဂတ်အပေါ် အမြင်တွေကို မိန့်ခွန်း ပြောဆိုကြဖို့ရှိပါတယ်။ မနက်ဖြန် ဇွန်လ တစ်ရက်နေ့ မနက်ပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံမှာတော့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောဖို့ရှိပြီး မွန်းလွဲပိုင်းမှာတော့ မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုတွေဟာ ဒေသနဲ့ကမ္ဘာကြီးအတွက် ဘယ်လို သက်ရောက်နိုင်သလဲ ဆိုတဲ့ အပေါ် မြန်မာနိုင်ငံရေးအနာဂတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ရှိပါတယ်။
မနေ့ကတော့ ကမ္ဘာ့စီးပွားရေးညီလာခံကို မရောက်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ အလုပ်သမားတွေ အများအပြားရှိတဲ့ ဘန်ကောက်မြို့အနီး မဟာချိုင်အရပ်ကို သွားရောက်ရာမှာ ထောင်နဲ့ ချီတဲ့ မြန်မာတိုင်းရင်းသားလူမျိုးတွေရော ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ ထိုင်းလူမျိုးတွေပါ စုဝေးရောက်ခဲ့ကြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ ကျနော်တို့မှာ အလုပ်နားလို့ရှိရင် ၁၀ ရက်၊ ၁၅ ရက် ဖိုင်း (fine) တပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဂရုမစိုက်ပါဘူး။ အမေစုဆိုတာ တွေ့ရဖို့ ခဲယဉ်းပါတယ်။ တသက်မှာ တခါပဲ တွေ့ရပါတယ်။ သူများတွေ တွေ့ချင်လို့တောင် မတွေ့ရပါဘူး။ ကျနော်ဆိုရင် မနက် ၆ နာရီ ကတည်းက လာပါတယ်။ ထမင်းလည်းမစား-ဘာမှ မစားဘူး။ အမေစုကိုတွေ့ချင်တဲ့စိတ်နဲ့။ အခု တွေ့ လိုက်ရတော့ စိတ်ထဲမှာ အရမ်းကို ပီတိဖြစ်ပါတယ်။”
“အရမ်းကိုချစ်တဲ့အတွက်ကြောင့် လာကြိုတာ- ဘာမှ မျှော်လင့်ချက်ထားပြီး လာကြိုတာတော့ မဟုတ်ပါ ဘူး။ အရမ်းကိုချစ်လွန်းလို့၊ အရမ်းကို တွေ့ချင်လွန်းလို့ အပင်ပန်းခံပြီး လာကြိုတာပါ။ ဒီနေ့က အလုပ်မပိတ် ဘူး။ ဒါပေမယ့် သဌေးဆီမှာခွင့်တောင်းပြီးတော့ ကြိုးစားပမ်းစားနဲ့ လာကြိုရတာ၊ သူတို့လည်း အကုန်လုံး ကို ခွင့်မပေးနိုင်ဘူး။”
“မေမေ ဒေါ်အောင်ဆန်းစုကြည် အချုပ်ထဲမှာနေတာ ကြာပြီ။ ဘာမှ မသိဘဲနဲ့ - တိုင်းသူပြည်သား အားလုံး က ဒုက္ခရောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ - ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေတယ်။ မေမေဘာမှ မသိဘူး။ ဒါကြောင့်မို့လို့ မေမေသိအောင် ဒီထိုင်းနိုင်ငံမှာ လာလို့ရှိရင် သမီး မေမေ့ကို ကြိုနေမှာပါ။”
ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အားပေးစကားပြောပြီး တိုင်းပြည် အခြေအနေ မြင့်တက်လာတာနဲ့ အမျှ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေ တန်ဖိုး မြင့်တက်လာစေရမယ် လို့ ပြောဆိုသွားပါတယ်။
“ကျမတို့ဟာ မျက်နှာငယ်စရာ၊ အားငယ်စရာ ဘာမှ မလိုဘူး။ အမြဲတမ်းပြောင်းလဲနေမှာပဲ။ အဲဒီတော့ ဒီတကြိမ်တခါမှာ ကျမတို့နိုင်ငံသားတွေက ဒီမှာလာပြီး လုပ်နေရတယ်ဆိုပေမယ့် ကျမတို့နိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကျမတို့နိုင်ငံသားတွေရဲ့ အခြေအနေနဲ့တန်ဖိုးကလည်း တက်လာမှာပဲဆိုတာကို သိကြပါ။”
ထိုင်းနိုင်ငံအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်တဲ့ ခရီးစဉ်တွေမှာ ထိုင်းအာဏာပိုင်တွေက လုံခြုံရေး အပြည့်ယူထားပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂ ရက်နေ့မှာတော့ မြန်မာ တိုင်းရင်းသားဒုက္ခသည်တွေရှိနေတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့ ရှိပါတယ်။ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ကိုလည်း တွေ့ဆုံဖို့ရှိသလို မဲဆောက်က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကိုလည်း သွားရောက် လေ့လာဖွယ် ရှိပါတယ်။


မဟာချိုင်၌ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြည့်အစုံ (မေလ ၃၁ရက်)


သောကြာနေ့၊ ဂျွန်လ ၁၊ ၂၀၁၂


ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းအချိန်က မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး ပြောကြားခဲ့သော မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဒီရုံးကိုလာတဲ့ အကြောင်းကို နည်းနည်းလေး ရှင်းပြပါရစေ။ အဓိက ကတော့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ယာယီပတ်စ်ပို့ ရဖို့အတွက် ဘယ်လို သွားရတယ်၊ ဘယ်လိုလုပ်ရတယ်။ ဘယ်လောက်ကြာ တယ်၊ ဘယ်လောက်ကျသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲဆိုတာ ဒါကိုလာပြီးတော့ လေ့လာဖို့ ဖြစ်ပါတယ်။



ခုနက (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ တွေ့ ရတဲ့ အကြောင်းအရင်းကလည်း ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့

အခြေအနေကို ကောင်းအောင်လို့ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာ ဆွေးနွေး တာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ ရွေ့ပြောင်း အလုပ်သမားတွေအတွက် ပြေလည်ရေးပေါ့။ ဥပမာအားဖြင့်ဆိုရင် သားသမီး တွေကို အမျိုးသားပိုင်ထိုင်းကျောင်းတွေမှာ စာသင်နိုင်ရေး စသဖြင့်ပေါ့နော်။ ဒီဟာ ပြေလည်နိုင်မယ့်ကိစ္စတွေကို လုပ်ပေးပါမယ်လို့ ကျွန်မကို ပြောပါ တယ်။

ကျွန်မအနေနဲ့ အခုချိန်မှာ စိတ်ပူတာက ဘာလဲဆိုတော့ မှတ်ပုံမတင် ထားရတဲ့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ကိစ္စပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးသား အလုပ်သမားတွေကတော့ ဒီမှာလာပြီးတော့ ပတ်စ်ပို့လုပ် လို့ရတယ်။ ဒါပေမဲ့လည်း ဒီပတ်စ်ပို့လုပ်တဲ့အခါမှာ ဒီကြားကနေပြီးတော့ ကြားပွဲစားတွေ၊ ကြားလူတွေကြောင့်မလို့ မကုန်သင့်တာတွေ မကုန်အောင်လို့ ဒါတွေကိုလည်း ကျွန်မတို့ ဂရုပြုထားပါလို့ ပြောပါရစေ။ နောက်ပြီးတော့ မှတ်ပုံမတင်ရသေးတဲ့ ကျွန်မတို့ရဲ့ အလုပ်သမားတွေ မှတ်ပုံတင်ရေး ကိစ္စ အဲတာတွေကိုလည်း ဆက်လက်ပြီးတော့ ကျွန်မတို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ပုံမတင်ရသေး သရွေ့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ အင်မတန်မှ ခက်ခဲတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေး ကိစ္စတွေ ကို ဘယ်လိုအမြန်ဆုံး လုပ်နိုင်မလဲ၊ ဘယ်လိုအပြေလည်ဆုံး လုပ်နိုင်မလဲဆို တာ ကျွန်မတို့ သက်ဆိုင်ရာတာဝန်ခံတွေနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးပါ့ မယ်။ ဒါပေမဲ့ အဓိက ကျွန်မပြောချင်တာကတော့ ကျွန်မတို့ရဲ့ တာဝန်ဟာ ဘာလဲဆိုတာ ကျွန်မတို့ သိပါတယ်။


ကျွန်မတို့ရဲ့ တာဝန်ဟာ ကျွန်မတို့ရဲ့ အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံကို ပြန်လာချင်တဲ့ အခါကျလို့ရှိရင် လုံလုံ ခြုံခြုံ စိတ်ချချနဲ့ ပြန်လာနိုင်အောင်လို့ လုပ်ပေးရမယ်ဆိုတာ ကျွန်မတို့ နား လည်ပါတယ်။ လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါကျလို့ရှိရင် မိမိတို့ရဲ့ အသက်မွေး ဝမ်းကျောင်းအတွက် အလုပ်ရရှိနိုင်ရမယ်ဆိုတာကို
ဆိုလိုတာပါ။ ကျွန်မက လွယ်လွယ်ကတိတွေ မပေးချင်ပါဘူး။ ကျွန်မတို့က လုပ်ပေးမယ်လို့ လွယ် လွယ်နဲ့ မပြောပါဘူး။ ကျွန်မပြောချင်တာက ဒီကိစ္စကို မျက်ခြေမပြတ် အမြဲ ရှိခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဒီကိစ္စကို အောင်မြင်အောင်လုပ်ပေးသွား မှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တစ်ကယ်တော့ ကျွန်မတို့ ပြည်သူတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာ တည် ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်အရပ်မှာမဆို သိက္ခာ ရှိရှိ မနေနိုင်သရွေ့ ကျွန်မတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ မပြော နိုင်ပါဘူး။

ကျွန်မတို့ ကြိုးစားရမယ်။ ကြိုးစားရမယ်ဆိုတာ တစ်ချိန်လုံး ကြိုးစား နေမှ အမြန်ဆုံးဖြစ်မြောက်အောင် ကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အ ခြားနိုင်ငံတွေမှာ ရောက်နေတဲ့ ပြန်လာပြီးတော့ အလုပ်ရနိုင်အောင် လုပ်ဖို့ ဆိုတာဟာ မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်သေးပါဘူး။ မဖြစ်နိုင်သေးတဲ့ အချိန်ကာလမှာ ဒီနိုင်ငံမှာ ရှိနေသေးသရွေ့ကတော့ အတတ်နိုင်ဆုံး အဆင် ပြေအောင်လို့ ကြိုးစားပါ့မယ်လို့ ကျွန်မပြောပါရစေ။ မနေ့ကလည်း မဟာချိုင်ကို လာပြီးတော့ ပြောသွားတယ်နော်။ ကျွန်မ တို့ဟာ ဘာပဲပြောပြော ဧည့်သည်တွေပဲ။ ဧည့်သည်တွေဆိုတော့ ကိုယ်ဟာ ဧည့်သည်ရဲ့ ကျင့်ဝတ်နဲ့ ညီအောင်လို့ နေကြရမယ်။ အဲတာတော့ ကျွန်မက ပြန်ပြီးတော့ သတိပေးပါရစေ။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။ တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေ မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံသားအားလုံ
းဟာ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။ ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့် အရေးတွေကို တတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ။


မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများကို နိုင်ငံတော် သမ္မတကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ဈေးနှုန်း လျှော့ချခိုင်းမည် ဆိုပါက အရှုံးခံ၍ လျှော့ချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မိုဘိုင်းတန်ဖိုး နှုန်းထားများအား ဇူလိုင် လကုန်ခန့်တွင် ကျပ်နှစ်သိန်းဖုန်းထက် လျော့နည်းသည့် ကျပ်တစ်သိန်းဖုန်းနှင့် ကျပ်ရှစ်သောင်းဖုန်းများ ထွက်ပေါ်လာတော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းအပေါ် မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နယာချုပ် တစ်ဦးက အထက်ပါအတိုင်း ပြောခဲ့သည်။ “ဆက်သွယ်ရေးက ချမှတ်ထားတဲ့ စနစ်ဆိုရင် ဒီနှစ်ထဲမှာ ဖုန်းတန်ဖိုးနှုန်းထားတွေ လျှော့ချပေးဖို့ မရှိပါဘူး။ လာမည့်နှစ်ကျမှ ထပ်မံ လျှော့ချပေးမှာပါ။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သမ္မတကြီးက လျှော့ချခိုင်းမှု ပြုလာရင်တော့ အရှုံးခံပြီး လျှော့ပေးမှာပါ” ဟု ၎င်းကပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများက ငါးနှစ်အတွင်း နိုင်ငံတကာ နှုန်းထားများအတိုင်း ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ထားပြီး လက်ရှိတွင် ကျပ်နှစ်သိန်းတန် ဖုန်းများကို ရောင်းချပေးနေသည်။ “အခု ချထားပေးထားတဲ့ နှစ်သိန်းနှုန်းထားက တကယ် ကုန်ကျခဲ့တဲ့ နှုန်းထားနီးပါးလောက် ရှိပါတယ်။ ဒီနှုန်းထားထက် လျှော့ချပေးရင်တော့ အရှုံးပေါ်မှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိ ရောင်းချပေးသည့် ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး စက်ပစ္စည်း ဝယ်ယူခြင်း၊ တာဝါတိုင် စိုက်ထူခြင်းနှင့် ဖုန်းရောင်းချခြင်းများကို ပုဂ္ဂလိက ကုမ္ပဏီများကသာ ဆောင်ရွက်နေခြင်း ဖြစ်သည်။ “မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် Elite Tech မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးမင်းသက်ပိုင်က ဖုန်းဈေးနှုန်း သတ်မှတ်တာက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ဆက်သွယ်ရေးနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့ဘက်က ပိုက်ဆံစိုက်ထုတ်ပြီး စက်ပစ္စည်းတွေ ဝယ်တယ်။ ပြီးရင် ဆက်သွယ်ရေးကို ပြန်ရောင်းပေးတယ်။ ဆက်သွယ်ရေးကလည်း ဖုန်းတန်ဖိုးလျှော့ချလို့ စက်ပစ္စည်းကို လျှော့မဝယ်ဘူး။ နိုင်ငံတကာ နှုန်းထားအတိုင်းပဲ ဝယ်တယ်၊ လုပ်ပိုင်ခွင့် အနေနဲ့ တာဝါတိုင်စိုက်ပြီး ဖုန်းရောင်းရတာပဲ ရှိပါတယ်။ ဈေးနှုန်းတွေ လျှော့ချပေးတယ် ဆိုတာကတော့ လက်ရှိ ဆက်သွယ်ရေးက Operator ဖြစ်တဲ့အတွက် သူ့မှာပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် ဖုန်းဆင်းကတ် တန်ဖိုးနှုန်းထားများမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက 
များစွာ မြင့်မားလျက်ရှိနေပြီး ယင်းသို့ မြင့်မားနေခြင်းမှာ လိုအပ်သည့် အခြေခံ အဆောက်အအုံ စတင် အချိန်ယူ တည်ဆောက်မှုစရိတ် ကြီးမြင့်မှုအပေါ် မူတည်ခြင်းကြောင့်ဟု ဆက်သွယ်ရေးမှ ထုတ်ပြန်ထားသည်။ “နိုင်ငံတကာ နှုန်းထားထက် ဈေးနှုန်းတွေ မြင့်နေတာကတော့ ကျွန်တော်တို့နိုင်ငံမှာ Second Operator မရှိဘူး။ သူများ နိုင်ငံတွေမှာက ပုဂ္ဂလိက Operator အများကြီး ရှိတယ်။ ဒီတော့ ကုမ္ပဏီတွေ အပြိုင် ဖြစ်လာတော့ ဈေးနှုန်းကလည်း သူ့ထက်ငါ အပြိုင်အဆိုင် လျှော့တာတွေ၊ Promotion လုပ်တာတွေ ရှိနေတော့ မြန်မာနိုင်ငံထက် ဖုန်းတန်ဖိုး ဈေးနှုန်း လျော့နေတာပါ” ဟု လူကြီးမင်း ဖုန်းဆိုင်မှ မိုဘိုင်း ကျွမ်းကျင်ပညာရှင် ဦးကိုကိုအောင်က ပြောသည်။ မြန်မာနိုင်ငံ၌ ဆက်သွယ်ရေး ကဏ္ဍတွင် Second Operator အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ပေးနိုင်ရန် ဥပဒေ လိုအပ်မည်ဖြစ်ကြောင်း ယင်းဥပဒေရှိမှသာလျှင် Operator အဖြစ် ခွင့်ပြုပေးနိုင်မည် ဖြစ်ကြောင်း၊ ဥပဒေကိုလည်း ယခုနှစ်အတွင်း အပြီးသတ် ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

အောင်ဇော် - ပေါ်ပြူလာဂျာနယ်



ရမ်းဗြဲ လူထု ၇၀၀ ကျော်ခန့်သည် မသီတာထွေး ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် အပေါ် မကျေနပ်သည့် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

" ကျွန်တော်တို့ မေလ ၃၀ ရက်နေ့ နေ့လည်ဘက်မှာ ရမ်းဗြဲမြို့ စောမဲကျီလမ်း၊ ရုံးတက်လမ်း၊ ရဲစခန်းထိ ချီတက်ပြီး အဲဒီက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်" ဆန္ဒပြရာတွင် ပါဝင်သော ရမ်းဗြဲ ဒေသခံ တစ်ဦးက ပြောသည်။

ဆန္ဒပြသူများသည် နယ်မှ စက်လှေများနှင့် ရမ်းဗြဲမြို့သို့ ချီတက်လာပြီး မြို့ခံ လူထုနှင့် ပူးပေါင်းကာ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

" ကျွန်တော်တို့ တောင်းဆိုတာက အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ အမှန်တကယ် တရားခံ အစစ်အမှန်တွေ ဟုတ်မဟုတ် လူထုကို ပြသရန်၊ ဘာဖြစ်လို့ ဒီလိုတောင်းဆိုရသလဲ ဆိုရင် ဒီက အာဏာပိုင်တွေဟာ အမှန် တကယ် ပြစ်မူ ကျူးလွန်သူတွေဆီက ပိုက်ဆံတွေ အမြောက်အမြား ယူပြီး သူတို့ကို မဖမ်းဘဲ ပြစ်မူ မကျူးလွန်တဲ့ သူတွေကို ဖမ်းပြီး တရားစွဲဆိုတတ်တဲ့ အကျင့်ရှိတဲ့ အတွက် ဒီလူငယ် သုံးဦးဟာ အမှန်တကယ် ပြစ်မူ ကျူးလွန်တဲ့ သူတွေ ဟုတ်မဟုတ်ကို သူတို့ကို သိရှိထားတဲ့ ဒေသခံ ပြည်သူတွေကို ထုတ်ဖေါ်ပြသပေးပါဆိုပြီး ပထမ အချက် အနေနဲ့ တောင်းဆိုပါတယ်။"

ဒုတိယ တောင်းဆိုချက်ကိုလည်း သူက ယခုလို ပြောကြားသည်။

"ကျွန်တော်တို့ ဒုတိယ တောင်းဆိုတာက ဒေသက အာဏာာပိုင်တွေရဲ့ ဥပဒေကို မလိုက်နာတဲ့ အတွက် ခုလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာရတယ်။ ဒါကြောင့် အနာဂတ်မှာ ဒါတွေကို မပြုလုပ်ဖို့ တောင်းဆိုကြတယ်။ ခုလို ကြီးကျယ်တဲ့ မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ အမျိုးမျိုး နှောင့်ယှက်တာတို့၊ စော်ကားတာတို့ အကြိမ်ကြိမ် ရှိခဲ့တယ်။ ဒါကို ဒေသမှာ ရှိတဲ့ အာဏာပိုင်တွေကို တိုင်ကြားကြတယ်။ ဒါပေမယ့် သူတို့က ပိုက်ဆံတွေယူပြီး အရေးမယူဘဲ လျစ်လျူရှု့ခဲ့ကြတဲ့ အတွက် အမူအငယ်ကနေ ခုလို အမူကြီးထိ ဖြစ်လာရတာ ဖြစ်ပါတယ်။ ဒါမျိုး တွေကို အာဏာပိုင်တွေ အနေနဲ့ နောက်ထပ် မပြုလုပ်ကြဖို့ တောင်းဆိုကြပါတယ်။" ဟု သူက ပြောသည်။

ရမ်းဗြဲ ပြည်သူများ ဆန္ဒပြ တောင်းဆိုသော မေလ ၃၀ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် တစ်ခြား လူကြီးများ လူသတ်မူ ဖြစ်ပွားရာ ကျောက်နီမော် ကျေးရွာသို့ ရောက်ရှိနေသဖြင့် တစ်ခြား မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိုသူများက ပြည်သူများ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမည် ဟု ကတိပြုခဲ့ကြောင်း သူက ဆိုသည်။

" အာဏာပိုင်တွေဘက်က တုန့်ပြန် ပြောကြားတာက ဒေသအတွင်းက အရပ်လူကြီး ၅ ဦးနဲ့ ဖမ်းထားတဲ့ သူတွေဟာ လူသတ် တရားခံတွေကို တွေ့ပေးမယ်။ ကျန်တဲ့ တောင်းဆိုချက်တွေကိုလည်း နောက်ပိုင်းမှာ ဖြေရှင်းပေးမယ်ဆိုပြီး ပြောပါတယ်" ဟု သူက ဆက်ပြောသည်။

နယ်မှ တက်လာသူ လူပေါင်း ၂၀၀ ခန့်သည် သူတို့ တောင်းဆိုချက် ပြည့်ဝစွာ မရရှိသဖြင့် နယ်သို့ မပြန်ကြသဖြင့် ရမ်းဗြဲ အထက်တန်းကျောင်းတွင် နေရာချပေးထားကြောင်း သိရသည်။

" ကျွန်တော်တို့ ဆန္ဒ မပြည့်ဝဘူးလို့ ထင်ပါတယ်။ တောင်းဆိုတာတွေကို အပြည့်အ၀ မရသေးဘူး။ လူကြီးတွေလည်း မရှိ ဖြစ်နေတယ်လေ။ ဒါကြောင့် လိုအပ်ရင် ဆက်လက် ဆန္ဒပြဖို့ ရွာကို မပြန်ဘဲ ဒီမှာ (ရမ်းဗြဲ)မှာ နေနေတာ ဖြစ်ပါတယ်" ဟု ကျောက်နီမော် ဒေသခံ တစ်ဦးက ပြောသည်။

ရမ်းဗြဲ ကျောက်နီမော် ဒေသတွင် တာဝန်ကျနေသူ ရဲတပ်ဖွဲ့ တာဝန်ရှိသူများအား ယခု လူသတ်မူ မဖြစ်ခင်ကတည်းက အဆိုပါ ဒေသတွင် မွတ်ဆလင် တချို့မှ ကျောင်းသူ ကျောင်းသားများ၊ ဈေးသွား ဈေးလာများကို နှောင့်ယှက်မူများ ရှိခဲ့သဖြင့် တိုင်ကြားမူများ ရှိခဲ့သော်လည်း ပိုက်ဆံ ယူပြီး အရေးမယူဘဲ နေခဲ့ကြောင်း၊ သို့အတွက် ယခုလို ပြစ်မူကြီးများ ဆက်လက် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆကာ ရဲအရာရှိများကို အထူး ပြစ်တင် ဝေဖန်လျှက် ရှိကြောင်း ကျောက်နီမော် ဒေသခံ ပြောဆိုသည်။

ကျောက်နီမော်ရဲစခန်းသို့ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိရှိလိုသဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာ ဖုံးလိုင်းမကောင်းဘူး၊ ဘာမှ မကြားရဘူး စသဖြင့် ပြောဆိုပြီး ဖုံးကို ချ ချသွားခဲ့သည်။

ကျောက်နီမော်မှ တစ်နေ့တာ စက်ချုပ် သင်ပြီး မိမိကျေးရွာ သပြေချောင်သို့ တစ်ဦးတည်း အပြန်တွင် မေလ ၂၈ ရက်နေ့က ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံရသူ မသီတာထွေးအား မေလ ၃၀ ရက်နေ့က သဂြိုလ်ခဲ့ကြောင်း သိရသည်။

ယခုအခါ ပြစ်မူကျူးလွန်သူဟု စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း သိရသည်။




မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာ ကာလအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို မနေ့ည (၁၀) နာရီက ထိုင်းလေကြောင်းလိုင်းနဲ့ ရောက်ရှိလာပါတယ်။
လိမ္မော်ရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သုဝဏ္ဍဘူမိလေဆိပ်က ထွက်လာချိန်မှာ စုဝေးရောက်ရှိနေတဲ့မြန်မာတွေက သံပြိုင်ကြွေးကြော်ပြီး နှုတ်ဆက်ခဲ့ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” (လူထုအော်သံများ)

လုံခြုံရေးထူထပ်စွာ ချထားတဲ့ အထူးဧည့်သည်တော် ထွက်ခွာရာဂိတ် ကနေ ကားပေါ်မတက်ခင် တိုတောင်းတဲ့ အချိန်အတွင်းမှာ
ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ ပြန်လည်ပြောဆိုခြင်း မရှိပေမယ့် ပရိသတ်များကို လက်ဝှေ့ရမ်း နှုတ်ဆက်သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုကြသူတွေထဲမှာပါဝင်တဲ့ မဟာချိုင်ဒေသက မြန်မာအလုပ်သမား မချိုချိုလေး ဆိုသူကတော့ သူနဲ့တခြားသူငယ်ချင်း အချို့ဟာ နေ့လည်ကတည်းက မဟာချိုင်ကနေ ထွက်ခဲ့ပြီး လေဆိပ်မှာ လာရောက် စောင့်ဆိုင်းနေကြတာလို့ ပြောပါတယ်၊

ထိုင်းနိုင်ငံက မိမိတို့မြန်မာတွေရဲ့ ဘဝအခက်အခဲတွေကို
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကူညီဖြေရှင်းပေးစေချင်တယ်လို့ သူကပြောပါတယ်။

“အားကိုးတကြီး ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားအတွက် လုပ်သင့် လုပ်ထိုက်တာတွေ လုပ်ပေးဖို့အတွက် စကားတွေအများကြီးလည်း
ပြောခွင့်ရှိရင် ပြောချင်တယ်။ အဓိကကတော့ ထိုင်းသူဌေးတွေ လက်အောက်မှာ ရှိနေတဲ့ အလုပ်သမားတွေကို အဆင်ပြေအောင် ကိုယ့်နိုင်ငံသားပေါ် တရားမျှတအောင် လုပ်ပေးစေချင်တယ်။ အဲဒါတွေကို အဓိကပြောချင်တယ်၊ အနှိမ်ခံရတာတို့ အစော်ကားခံရတာတို့ များတယ်။ အရမ်းကိုလည်း ရင်နာဖို့ကောင်းတယ်။ ကူညီမယ့်သူလည်း မရှိဘူး”

ဒေါ်အောင်ဆန်းစုကြည့်ဟာ ဒီနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အမြောက်အများ ရှိရာ စမုတ်ဆာခွန် ခရိုင်၊ မဟာချိုင်ဒေသက နေရာသုံးနေရာကို သွားရောက် လေ့လာ ကြည့်ရှုမှာဖြစ်ပြီး အလုပ်သမားတွေနဲ့ အလုပ်သမား အဖွဲ့အစည်းအချို့ကို တွေ့ဆုံမယ်လို့ သိရပါတယ်။

အဲဒီနောက် ဘန်ကောက်မြို့မှာ ဒီကနေ့စတင်ကျင်းပမယ့် အရှေ့အာရှဆိုင်ရာ
ကမ္ဘာ့စီးပွားရေးညီလာခံကို တက်ရောက် မိန့်ခွန်းပြောကြားဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ရှိပေမယ့် အသေးစိတ် မသိရသေးပါဘူး။


ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် လက်ရှိအချိန်တွင် မြို့ခံလူထုများ အပါ အ၀င် အနီးတဝိုက်ရှိ ဒေသခံများ ထိတ်လန့်ကြောက်ရွံ့နေကြကြောင်း သိရသည်။

ဘုရားသုံးဆူမြို့တွင် ပြန်ပေးဆွဲမှုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကတစ်ကြိမ်၊ မေလ ၈ရက်နေ့ မြို့ခံ ၄ဦးကို ထိုင်းဘတ်ငွေ ၅သိန်း တောင်းခံခဲ့သည့်တစ်ကြိမ်နှင့် ယခု မေလ ၂၇ရက်နေ့ညက ခြံအလုပ်သမား ၆ဦးခန့်ကို အမည်မသိ ပြန်ပေးအဖွဲ့က ဖမ်းဆီးခေါ် ဆောင်သွားမှုများ ဆင့်ကဲ ဖြစ်ပွားခဲ့သည်။

“လူတွေကတော့ တော်တော်ကြောက်နေကြပြီလေ။ ၇နာရီလောက်ဆို ဘယ်သူမှ အပြင်မထွက်ရဲတော့ဘူး။ ညဆိုလည်း တိတ် ဆိတ်နေတာပဲ။ အခု အဖမ်းခံရတဲ့လူတွေကလည်း ပိုက်ဆံရှိကြတဲ့လူတွေမဟုတ်ဘူး”ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ပြန်ပေးအဖွဲ့သည် ဆင်းရဲချမ်းသာမရွေးဘဲ နေ့စား သာမန်ခြံအလုပ်သမား၊ ခြံစောင့်များကိုပင် ပြန်ပေးဆွဲနေသလို လက်ရှိ အဖမ်း ခံထားရသူများကိုလည်း ပြန်ပေးအဖွဲ့များက လူပေါ်မူတည်ပြီး မိသားစုထံ ယနေ့ ငွေကြေးတောင်းခံထားသည့်အတွက် ဒေသခံများ မှာ ပို၍ ကြောက်ရွံ့နေကြကြောင်းလည်း ၎င်းက ဆက်ပြောသည်။

မြို့ခံအမျိုးသမီးတဦးကလည်း “မြို့ပြင်ကိုတောင် မထွက်ရဲကြတော့ဘူး။ တမြို့လုံးက ထိတ်လန့်နေကြတယ်။ ဒီကလူတွေက ငွေကြေးချမ်းသာတဲ့လူတွေရှိသလို တနေ့လုပ် တနေ့စားတွေကလည်း အများကြီးပါ။ ခြံလုပ်ရတယ်။ ခြံသွားရတယ်။ တောထဲ သွားရတယ်။ အခုလို ပြန်ပေးတွေ နေ့တိုင်းလိုလိုဖြစ်နေတော့ ဘယ်သွားရဲမလဲ”ဟု ဆိုသည်။

ထိုအန္တရာယ်ကို ကာကွယ်ရန်အတွက် ဘုရားသုံးဆူမြို့ပေါ်ရှိ အာဏာပိုင်အဖွဲ့အစည်းများက မြို့အဝင်ပေါက်များနှင့် မြို့ပေါ်ရပ် ကွက်များတွင် လုံခြုံရေးချထားမှုရှိသော်လည်း ပြန်ပေးဆွဲမှုမှာ ရပ်တန့်မသွားဘဲ ဖြစ်ပွားလျှက်ပင် ရှိနေသည့်အပေါ် ဘုရားသုံးဆူ အာဏာပိုင်အဖွဲ့အစည်းတို့က လတ်တလောဖြစ်ပွားနေသည့် ပြန်ပေးဆွဲမှုကို မွန်ပြည်သစ်ပါတီအနေဖြင့် ပါဝင်ဖြေရှင်းပေးစေလို သည်ဟုလည်း အကူအညီ တောင်းခံထားသည်။

မွန်ပြည်သစ်ပါတီမှ ဒုဗိုလ်မှူးကြီးဥာဏ်ထွန်းက “ကျနော်တို့နယ်ထဲက ဝင်ထွက်သွားလာနေတဲ့ ဝင်ပေါက်ကနေ စောင့်နေတာရှိ တယ်။ ခက်တာက သူတို့ (ပြန်ပေးသမား)တွေက ထိုင်းဘက်ခြမ်းထဲကို ရောက်သွားကြတယ်။ အဲဒီတော့ ကျနော်တို့လည်း ဆက် လိုက်လို့မရတော့ဘူး။ ထိုင်းဘက်ကလည်း သူတို့နယ်ထဲကို အဝင်မခံဘူး”ဟု ပြောသည်။

၎င်းအပြင် နိုင်ထွန်း ဦးဆောင်သည့် ပြန်ပေးအဖွဲ့သည် ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်ကလည်း ဘုရားသုံးဆူမြို့ ရပ်ကွက်အုပ်ချုပ်ရေး မှူးများထံမှ ဆက်ကြေးအဖြစ် ဘတ်ငွေငါးသိန်း တောင်းခံထားခဲ့သေးသည်။



ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးဒေသအတွင်းရှိ အိမ်ခြေမဲ့ ပြည်သူများ(IDPs)က ၎င်းတို့အတွက် လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်နှင့် အစားအစာ လိုအပ်ကြောင်း အကူအညီပေးနေသော အဖွဲ့ များအား တောင်းဆိုလိုက်သည်။

နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေ၀န်ကြီး(Mr. Torgeir Larsen)၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် KNU မှ ဗိုလ်မှူးထူးထူးလေးတို့အဖွဲ့သည် ယမန်နေ့(မေ ၂၈ရက်နေ့) မွန်းလွဲ ၁နာရီမှ ၃နာရီအထိ ကျောက်ကြီးမြို့ ကေအဲန်ယူ ဆက်ဆံရေးရုံးတွင် ဒေသခံ အိုးအိမ်စွန့်ခွာ နေထိုင်နေရသူများနှင့် သွားရောက်တွေ့ဆုံခဲ့စဉ် Mr. Torgeir Larsen ၏ လိုအပ်ချက်မေးမြန်းမှုကို တက်ရောက်လာသည့် ကရင်တိုင်းရင်းသားတစ်ဦးက တင်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကျောက်ကြီးဒေသခံ IDP ပြည်သူ စောလှတင်မူးက “ရာသီဥတုက မမှန်တော့ တောင်ယာလုပ်တာ အရင်လို အဆင်မပြေတော့ဘူး။ အခု စားစရာ လိုအပ်နေတယ်”ဟု ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Torgeir Larsen က တိုင်းရင်းသားဒေသများအား ကူညီရန် အမေရိ ကန်ဒေါ်လာ ၅သန်း လျာထားကြောင်း ပြောကြားခဲ့ပြီး ထိုငွေကြေးဖြင့် အိမ်ယာမဲ့နေသူများအတွက် အစားအစာ အပါအ၀င် ပြန်လည်ထူ ထောင်ရေးအတွက် အသုံးပြုသွားမည်ဟု ပြောကြားသွားခဲ့သည်။

ထို့အပြင် မြန်မာအစိုးရဖက်ကလည်း ကျောက်ကြီးဒေသရှိ အိုးအိမ်မဲ့နေသူ အမျိုးသား ၃၃ဦးနှင့် အမျိုးသမီး ၃ဦးတို့အား နိုင်ငံသားဖြစ် ကြောင်း သက်သေခံကဒ် ထုတ်ပေးခဲ့ပြီး ထိုကဒ်ဖြင့် ပြည်တွင်းပြည်ပခရီးသွားနိုင်ကြောင်း ၀န်ကြီးဦးခင်ရီက ပြောသည်။

ကျောက်ကြီးဒေသတွင် ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာနေရသည့် အိုးအိမ်မဲ့ပြည်သူ ၁,၅၀၀ဦးကျော်ရှိကြောင်း တက်ရောက်လာသူများ ၏ ပြောဆိုချက်အရ သိရပြီး ထိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုသည့် သက်သေခံကဒ်များ ဆက်လက် ထုတ်ပေးသွားမည် ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲပြီးနောက် နှစ်ဖက်တပ်များ ဆက်သွယ်လုပ်ဆောင်နိုင်ရန်အတွက် ဆက်ဆံရေးရုံးကို ကျောက်ကြီးမြို့ တွင် ဧပြီလ ၉ရက်နေ့က နှစ်ဖက် ငြိမ်းချမ်းရေးကိုယ်စားလှယ်များက ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။



အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ(၂၉) ရက်နေ့က တွေ့ဆုံခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ် Manmohan Singh က ကွန်ဂရက်ပါတီဥက္ကဌ Sonia Gandhi လူကြုံပါးလိုက်တဲ့စာကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ကြောင်း Press Trust of India သတင်း မှာ ရေးထားပါတယ်။

အဲဒီစာထဲမှာ Sonia Gandhi က ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကိုလာရောက် လည်ပတ်ပြီး Jawaharlal Nehru အမှတ်တယအခမ်းအနားမှာ မိန့်ခွန်းပြောဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း ဖိတ်ခေါ်ချက်ကိုလက်ခံပြီးအမြန်ဆုံးသွားရောက်လည်ပတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြန်ပြောခဲ့ပါတယ်။

ရန်ကုန်-စီဒိုနားဟော်တယ်မှာ ၄၅-မိနစ်ကြာတွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနဲ့မြန်မာဟာ ပထ၀ီမြေအနေအထားအရ ကာလကြာရှည် ချစ်ကြည်ရင်းနှီးတာမဟုတ်ဘဲ တစ်ဦးရဲ့စံတန်ဖိုး ကို တစ်ဦးကမျှဝေခံစားပြိး လွတ်လပ်ရေးအတွက် အတူတိုက်ပွဲဝင်ခဲ့တာကြောင့်ဖြစ်ကြောင်း ၀န်ကြီးချုပ် Manmohan Singh ကို ပြောကြားခဲ့ပါတယ်။

   ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။

“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာမရှိဘူး ကျွန်တော်တို့တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

ရိုဟင်ဂျာဆိုသည်မှာ အင်္ဂလိပ်မြန်မာပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံအနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက်လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာသွားသည့်အခါ လက်နက်ကိုင်တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်းဖြစ်ကြောင်း ပြန်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောကြားသည်။

ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီနေထိုင်လာခဲ့သော မေ့လျော့ခံမြန်မာလူမျိုးစုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ သတင်းထောက် မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။


 

ကျောက်ကြီး၊ မွန်းလွဲ ၃ နာရီခွဲ၊  မေလ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်၊

သူရမျိုး (YPI)


ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့မှ စစ်ဘေးဒဏ်ကြောင့် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် IDP  ၃၆ ဦးအား ပြန်လည်လက်ခံကာ မှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်း ကျောက်ကြီးတွင်ကျင်းပရာ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၃) မှ ဦးတူးတူး၊  နော်ဝေ ဒုနိုင်ငံခြားရေး ၀န်ကြီး ၊ နော်ဝေသံအမတ်ကြီး နှင့်  ဒေသတပ်နယ်အာဏာပိုင်များ  တက်ရောက်ကြသည်။

အခမ်းအနားဖြင့် ယခုပေးအပ်သည့် ၃၆ ဦးအပြင် လူဦးရေ ၁၅၀၀ ကျော်ရှိသည့် IDP ကျေးရွာ တရွာကိုလည်း ယခုတခေါက်တွင် မှတ်ပုံတင်ထုတ်ပေးသွားမည်ဟု သိရှိရသည်။



ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပထမဦးစွာ ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ပြီးနောက် ပြန်လာသည့် ရွှေ့ပြောင်းဒုက္ခသည်များအား အသက်အရွယ်အလိုက် တရားအားထုတ်လိုသူအတွက် ဘာသာရေးဆိုင်ရာ နေရာများ၊ အလုပ်လုပ်ကိုင်လိုသူ လူလတ်ပိုင်းမျာအတွက် စက်မှုဇုန်များ၊ လက်နက်ဆက်လက်ကိုင်ဆောင်လိုသူ လူငယ်ပိုင်း အတွက် တနည်းတဖုံဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။


ယခု ပြန်လည်နေရာချထားရေး အစီအစဉ်ကို နော်ဝေနိုင်ငံမှ အထောက်အပံ့အကူအညီများ ပေးအပ်သွားမည်ဖြစ်ရာ ပထမဆုံး အနေဖြင့် ဒေါ်လာ ၅ သန်းပေးအပ်ရန် ဒုနိုင်ငံခြားရေး ၀န်ကြီး Mr Espen Barth Eide က သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖေါ်ပြောဆိုလိုက်သည်။


ငြိမ်းချမ်းရေးရသည့်နောက်တွင် မြေမြှုပ်မိုင်းများ ရှင်းလင်းရေးကိစ္စရပ်တွင်လည်း နော်ဝေနိုင်ငံမှ နည်းပညာနှင့် ပစ္စည်းများ ထောက်ပံ့သွားမည်ဟုလည်း ၎င်းက ပြောဆိုသည်။


IDP ပြန်လည်နေရာချထားရေး အစီအစဉ်ကို နော်ဝေနိုင်ငံမှ ဆက်လက်ကူညီသွားရန်ရှိပြီး အခြားနိုင်ငံများမှလည်း ကူညီရန်ရှိသည်ဟု နော်ဝေ ၀န်ကြီးကပြောသည်။


ယင်းဒုက္ခသည်များမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့် အစိုးရစစ်တပ်တို့အကြား နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားသည့် စစ်ပွဲများကြောင့် မိမိတို့နေထိုင် လုပ်ကိုင်ရာကျေးရွာများကို စွန့်ခွာပြီး တောတောင်များ၊ နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင် နေရသူများဖြစ်သည်။


မကြာမီလပိုင်းက ကရင်အမျိုးသား အစည်းအရုံးနှင့် အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့တို့အကြား အပြစ်ရပ် သဘောတူလက်မှတ်ရေးထိုး နိုင်ခဲ့သည်။ အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးအရ ဆွေးနွေးပွဲများကို  မကြာမီ ကျင်းပမည်ဟု အစိုးရဘက်မှ ပြောဆိုထားသော်လည်း အချိန်အတိအကျ မသတ်မှတ်ရသေးပေ။ 

7:49 AM

တစ်နေရာစီဝေးလို့

Posted by nankeythioo

  •  
♥♥ ♥♥တစ်နေရာစီဝေးလို့ ♥♥ ♥♥

♥♥ ♥♥မေ့ကြကြေးဆို♥♥ ♥♥

♥♥ ♥♥အချစ်စစ်ဆိုတဲ့စကားလုံးကို♥♥ ♥♥

♥♥ ♥♥ကမ္ဘာအပြင်သာပစ်လိုက်တော့♥♥ ♥♥

♥♥ ♥♥တစ်နိုင်ငံစီခြားနေလို့ ♥♥ ♥♥

♥♥ ♥♥မပေါင်းရဘူးလို့ ♥♥ ♥♥

♥♥ ♥♥ဘယ်ဥပဒေမှာမှပြဌာန်းချက်မရှိဘူး♥♥ ♥♥

♥♥ ♥♥စစ်မှန်တဲ့ချစ်ခြင်းအတွက်♥♥ ♥♥

♥♥ ♥♥မဖြောင့်ဖြူးတဲ့လမ်းတွေလည်း♥♥ ♥♥

♥♥ ♥♥နားလည်မှု့ တွေနဲ့ ဖလှယ်ထားတဲ့♥♥ ♥♥

♥♥ ♥♥နှလုံးသားပန်းခင်းထက်မှာ♥♥ ♥♥

♥♥ ♥♥အလဲလဲအကွဲကွဲပြိုလဲသွားကြတာချည်းပဲ♥♥ ♥♥

♥♥ ♥♥တစ်ဦးလိုအင်တစ်ဦး♥♥ ♥♥

♥♥ ♥♥ဖြည့်ဆည်းပေးဖို့ အချစ်စစ်မှန်ရင်♥♥ ♥♥

♥♥ ♥♥ကမ္ဘာတစ်ဖက်ခြမ်းမှာ♥♥ ♥♥

♥♥ ♥♥လက်လှမ်းဖို့ ဝေးခဲ့ရင်တောင်♥♥ ♥♥

♥♥ ♥♥ကမ်းလင့်တဲ့အချစ်စစ်ပန်းခင်းက♥♥ ♥♥

♥♥ ♥♥ငါတို့ အတွက်လမ်းခင်းပြီးအတိဖြစ်လိမ့်မယ်♥♥ ♥♥

♥♥ ♥♥တစ်ခုပဲ..........

အချစ်စစ်နဲ့ သာချစ်နေဖို့ လိုတယ်♥♥ ♥♥♥♥ ♥♥♥♥ ♥♥♥♥

  •  
နင့်ကိုခေါင်းညိမ့်ခိုင်းတာ
 
ခဏတာတွက် မဟုတ်ခဲ့ဘူး။

နင့်ရဲ့လိမ်ညာမှုတွေကို
 
ငါ့နှလုံးသားက မလွန်ဆန်နိုင်ခဲ့ဘူး။
 
နင့်ကိုပေးဆပ်ခဲ့တာ
 
တော်ရုံအချစ်ကြောင့်မဟုတ်ဘူး။
 
နင့်ကိုမေ့လို့မရတာ
 
ငါ့မှတ်ဥာဏ်ကောင်းလွန်းလို့မဟုတ်ဘူး။
 
နင့်ကိုချစ်ခဲ့တာ
 
နင့်ပိုင်ဆိုင်မှုတွေကြောင့် မဟုတ်ခဲ့ဘူး။
 
ငါ့နှလုံးသားကော
 
ငါ့မာနပါမကျန် နင်ရိုက်ချိုးခဲ့တာ
 
ဒီနေ့ထိမေ့လို့မရခဲ့ဘူး။
 
ချစ်သူ ....နင်လဲတစ်နေ့တော့................

7:22 AM

ဘယ်အရာမဆို

Posted by nankeythioo


ဘယ်အရာမဆို..တည်မြဲခြင်းမရှိဘူးဆိုတာ...
သိရဲ့နဲ့..
ဘယ်အချိန်..ဘယ်အခါ....ဘယ်တော့.မှ..မရနိုင်ဘူး..ဆိုတာ..
သိရဲ့နဲ့...…
အမြဲကြားချင်တဲ့..စကားကို...ကြားခွင့်မရဘူးဆိုတာ...
သိရဲ့နဲ့...
ငါလေ...နင်ရဲ့..ပုံရိပ်လေးကို..ငေးရင်း..ကြည်နူးခဲ့ရတယ်......။
နင်ချော့မသိပ်ပေမဲ့....နင်နဲ့..စကားပြောပြီးမှအိပ်ပျော်စေခဲ့တယ်..
နင်စိတ်ဆိုးပြီး..စကားမပြောတဲ့ရက်တွေဆိုရင်..ငါတယောက်ထဲ..၀မ်းနည်းခဲ့ရတယ်..
ဘယ်အချိန်မှာ...နင်ပြန်ခေါ်မလဲလို့...မျော်လင့်ရင်းနဲ့..
တိတ်ဆိတ်တဲ့ညတွေ..ကုန်းဆုံးသွားမှာစိုးတယ်.....
ငါလေ.....နင်နဲ့အတူ...ဟိုးအဝေးဆုံး...ကမ္ဘာမြေကြီးအစွန်းဘက်အထိ.....မဖြစ်နိုင်မှန်းသိရဲ့နဲ့...
သွားချင်ခဲ့တယ်...
ငါရင်ထဲက......နင်နဲ့....ခဏတာလေး..တွေ့ခွင့်ရမယ်ဆိုရင်ဖြင့်...............။

Back to the Top

Related Posts Plugin for WordPress, Blogger...