ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


  •  
ပြန်မဆုံနိုင်မှန်း

သိနေပေမယ့်အမှတ်မရှိတဲ့

မျှော်လင့်ခြင်းတွေက..နင့်ကိုရှာဖွေနေကြတယ်လေ................။

မှန်းဆတမ်းတ

လွမ်းရအောင်လည်း....ကိုယ်ယောင်ဖျောက်သလို

ကောက်စရာခြေရာတောင်မချန်ခဲ့တဲ့နင့်ကို.....အရမ်းပဲချီးကျူးပါတယ်။

ခံစားချက်ဆိုတာ  ဗလာ
          
 အသိဥာဏ်တွေဝေဝါး..........ဘဝဆိုတာခါးမှန်း
                         
 နင်ပေးတဲ့ 

ပုစ္ဆာမဖြေမထုပ်နိုင်မှ...............ငါ့နားလည်လာခဲ့တယ်.....။

ဟင်းလင်းပြင်လို

အမှီိခိုမဲ့နေတဲ့ငါ့ရင်ခွင်ဟာ..

ခိုလုံစရာရင်ခွင်တစ်ခု မဖြစ်ခဲ့သလို

အခုတော့...အနားသတ်တွေတောင်မရှိတော့တဲ့

တောင်းစုတ်တစ်ခုလို...စုတ်ပြတ်သတ်နေတာ..နင့်ကြောင့်လို့လဲ..ငါမပြောတော့ပါဘူး။


လွမ်းတယ်ဆိုတဲ့

ဝေါဟာရတစ်ခုနဲ့

နင့်ကို..သတိတရတွေ့ချင်နေတာ

လုံလောက်တဲ့အကြောင်းပြမဟုတ်ဘူးလို့

နောကြေအောင်သိနေတဲ့ 

နင့်စိတ်ကြောင့်.....လက်လျှော့ပြီးတောလွမ်းရတောမယ်...။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...