ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


 

ကျောက်ကြီး၊ မွန်းလွဲ ၃ နာရီခွဲ၊  မေလ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်၊

သူရမျိုး (YPI)


ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့မှ စစ်ဘေးဒဏ်ကြောင့် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် IDP  ၃၆ ဦးအား ပြန်လည်လက်ခံကာ မှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်း ကျောက်ကြီးတွင်ကျင်းပရာ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၃) မှ ဦးတူးတူး၊  နော်ဝေ ဒုနိုင်ငံခြားရေး ၀န်ကြီး ၊ နော်ဝေသံအမတ်ကြီး နှင့်  ဒေသတပ်နယ်အာဏာပိုင်များ  တက်ရောက်ကြသည်။

အခမ်းအနားဖြင့် ယခုပေးအပ်သည့် ၃၆ ဦးအပြင် လူဦးရေ ၁၅၀၀ ကျော်ရှိသည့် IDP ကျေးရွာ တရွာကိုလည်း ယခုတခေါက်တွင် မှတ်ပုံတင်ထုတ်ပေးသွားမည်ဟု သိရှိရသည်။



ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပထမဦးစွာ ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ပြီးနောက် ပြန်လာသည့် ရွှေ့ပြောင်းဒုက္ခသည်များအား အသက်အရွယ်အလိုက် တရားအားထုတ်လိုသူအတွက် ဘာသာရေးဆိုင်ရာ နေရာများ၊ အလုပ်လုပ်ကိုင်လိုသူ လူလတ်ပိုင်းမျာအတွက် စက်မှုဇုန်များ၊ လက်နက်ဆက်လက်ကိုင်ဆောင်လိုသူ လူငယ်ပိုင်း အတွက် တနည်းတဖုံဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။


ယခု ပြန်လည်နေရာချထားရေး အစီအစဉ်ကို နော်ဝေနိုင်ငံမှ အထောက်အပံ့အကူအညီများ ပေးအပ်သွားမည်ဖြစ်ရာ ပထမဆုံး အနေဖြင့် ဒေါ်လာ ၅ သန်းပေးအပ်ရန် ဒုနိုင်ငံခြားရေး ၀န်ကြီး Mr Espen Barth Eide က သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖေါ်ပြောဆိုလိုက်သည်။


ငြိမ်းချမ်းရေးရသည့်နောက်တွင် မြေမြှုပ်မိုင်းများ ရှင်းလင်းရေးကိစ္စရပ်တွင်လည်း နော်ဝေနိုင်ငံမှ နည်းပညာနှင့် ပစ္စည်းများ ထောက်ပံ့သွားမည်ဟုလည်း ၎င်းက ပြောဆိုသည်။


IDP ပြန်လည်နေရာချထားရေး အစီအစဉ်ကို နော်ဝေနိုင်ငံမှ ဆက်လက်ကူညီသွားရန်ရှိပြီး အခြားနိုင်ငံများမှလည်း ကူညီရန်ရှိသည်ဟု နော်ဝေ ၀န်ကြီးကပြောသည်။


ယင်းဒုက္ခသည်များမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့် အစိုးရစစ်တပ်တို့အကြား နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားသည့် စစ်ပွဲများကြောင့် မိမိတို့နေထိုင် လုပ်ကိုင်ရာကျေးရွာများကို စွန့်ခွာပြီး တောတောင်များ၊ နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင် နေရသူများဖြစ်သည်။


မကြာမီလပိုင်းက ကရင်အမျိုးသား အစည်းအရုံးနှင့် အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့တို့အကြား အပြစ်ရပ် သဘောတူလက်မှတ်ရေးထိုး နိုင်ခဲ့သည်။ အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးအရ ဆွေးနွေးပွဲများကို  မကြာမီ ကျင်းပမည်ဟု အစိုးရဘက်မှ ပြောဆိုထားသော်လည်း အချိန်အတိအကျ မသတ်မှတ်ရသေးပေ။ 

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...