ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



YGN Monkအစိုးရ အာဏာပိုင် များမှ ကြေးနီတောင် သပိတ် စခန်းကို အကြမ်းဖက် လိုက်သည့် အတွက် မကျေမနပ် ဖြစ်ကြသည့် ပြည်တွင်း ပြည်ပ အင်အားစု များက ဆက်လက် ဆန္ဒပြ နေကြ ပါသည်။
မကျေမနပ် ဖြစ်နေ ကြသော ရဟန်းရှင် ပြည်သူများ ထိုင်းနိုင်ငံ ဗန်ကောက် မြို့ရှိ မြန်မာ သံရုံးရှေ့၌ လည်းကောင်း၊ ဂျပန် နိုင်ငံ တိုကျို မြို့ရှိ မြန်မာ သံရုံး၌ လည်ကောင်း၊ ရန်ကုန်မြို့ နှင့် မန္တလေး မြို့၌ လည်းကောင်း၊ ဆန္ဒပြ နေကြခြင်း ဖြစ်ပါသည်။
ရန်ကုန်မြို့၌မူ  ဆူးလေ စေတီ၌ ဆန္ဒပြ ကြပြီး၊ မန္တလေးမြို့၌မူ အိမ်တော်ရာ ဘုရားဝင်းတွင် သံဃာ အပါး ၂၀၀ ခန့် ဆန္ဒပြ ခဲ့ကြ ပါသည်။ ရန်ကုန် မြို့တွင် ဒဏ်ရာ ရခဲ့သည့် သံဃာတော် များပိုစတာများကို ကိုင်ဆောင်ကာ ဆူးလေ ဘုရား ရင်ပြင်တော် ပေါ်တွင် တစ်ပတ် ပတ်ပြီး မဟာဗန္ဓုလ လမ်းအတိုင်း ဗိုလ်တထောင် ဘက်သို့ လမ်းလျှောက် ချီတက် ခဲ့ကြပါသည်။
YGN demostarte
ရန်ကုန်မြို့ ဆူးလေ ဆန္ဒပြပွဲ မြင်ကွင်းအား မြင်ရစဉ် (ဓါတ်ပုံ - Than Win)
ကျွှန်တော်တို့ အချိန်းအချက် လုပ်ထားတာ နည်းနည်း လွဲနေကြတယ်၊ အခုမှ လူစု နေတုန်း ရှိသေးတယ်၊ သံဃာ ၅၀ လောက်က ဆူးလေမှာ စနေပြီ၊ ဟိုတစ်စု ဒီတစ်ခု ပြန့်ကျဲ နေတဲ့ အင်အား အားလုံး စုစုပေါင်း (၁၀၀) လောက် ရှိနေပြီဟု ဆန္ဒ ပြပွဲတွင် ရောက်ရှိ နေသည့် ပုဂ္ဂိုလ် တစ်ဦးမှ ညနေ (၄) နာရီခန့်တွင် ပြောကြား ခဲ့ပါသည်။ 
ဆန္ဒပြသူ များသည် လက်ပံတောင်း ကြေးနီတောင် သပိတ် စခန်း () ခုအား အကြမ်းဖက် ခဲ့သည့်အပေါ် အစိုးရက တာဝန်ယူ ဖြေရှင်း ပေးရန်နှင့် စီမံကိန်း လုံးဝ ရပ်ဆိုင်းရန် အတွက် တောင်းဆို ခဲ့ကြပါသည်။ ရဲများသည် ဆန္ဒပြပွဲအား စောင့်ကြည့်ရုံသာ စောင့်ကြည့် နေပြီး နံပါတ်တုတ်မှ အပ လက်နက် ကိုင်ဆောင် ထားခြင်း မရှိဟု ဆိုပါသည်။

ဆန္ဒ ပြပွဲတွင် ရဟန်းသံဃာများ၊ တိုင်းရင်းသား လူငယ် ကွန်ယက်များ၊ ဗကသများ၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိန်း ရေး အဖွဲ့များ၊ လက်ပံတောင်း သပိတ် ကော်မီတီများ၊ လက်ပံတောင်း လူထု ညီလာခံ ကော်မီတီ များနှင့် မြေသိမ်း ခံရ သည့် တောင်သူ လယ်သမားများတို့ ပါဝင် ကြပါသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...