ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


ရခိုင်ပြည်နယ် သတင်းများကို အချိန်နှင့် တပြေးညီ တင်ပေးနေသော Coral Arakan နှင့် Rakhine Straight View ( RSV) သတင်းဌာနများ၏ ဖေ့စ်ဘုတ်ခ် စာမျက်နာများ ဖျက်ဆီးခံလိုက်ရသည်ဟု သိရသည်။
coralarakan
ဇန္န၀ါရီလ ၁၀ ရက်နေ့ ညနေ ၁၀ နာရီ ၅၀ မိနစ်ခန့်မှ စပြီး အဆိုပါ သတင်းဌာန (၂) ခု ၏ ဖေ့စ်ဘုတ်ခ် စာမျက်နာများ ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုသည်။
မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဖြစ်ပျက်သွားသည်ကို သိရှိနိုင်ရန် အတွက် ကာယကံရှင်များက လေ့လာ ဆန်းစစ်မူများ ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ သတင်းဌာနခု အနေဖြင့် ရခိုင်ပြည်နယ်မှ သတင်းများကို ချက်ချင်း ဓါတ်ပုံများဖြင့် တင်ပြနိုင်သဖြင့် လူအများအပြား သွားရာက်လည် ပတ်ကြည့်ရှု့ကြသော ဖေ့စ်ဘုတ်ခ် စာမျက်နာများ ဖြစ်ကြသည်။
Coral Arakan News agency အား http://www.facebook.com/pages/Coral-Arakan-News-Agency/ လင့်ခ် တွင် ယခင်က သွားရောက် ဖတ်ရှု့နိုင်ခဲ့သည်။
Coral Arakan သတင်းဌာနကို ဇွန်လ ရခိုင်ပြည်နယ် ဆူပူမှုနောက်ပိုင်း လိုအပ်ချက်တစ်ခုအဖြစ် ပြည်တွင်းအခြေစိုက် တက်ကြွလှုပ်ရှားသူ အချို့က ပူးပေါင်းတည်ထောင်ရေးသားခဲ့ကြသည်ဟု အယ်ဒီတာ ဖြစ်သူ ကိုဟန်မောင်သိန်းက ပြောသည်။
၂၀၁၂-ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှ  Coral Arakan ကို စတင်တည်ထောင်ခဲ့ပြီး နောက်နှစ်လခန့် အကြာတွင် ၄င်း၏ ၀က်ဘ်ဆိုက် www.coralarakan.com ကို စတင် ပူးတွဲရေးသားကြသည်ဟု သူက ပြောသည်။
ပရိတ်သတ် လေးထောင်ကျော်ရှိနေခဲ့ပြီဖြစ်သော Coral Arakan ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် ဖေါ်ပြထားသော ရခိုင်သတင်းများ၊ သတင်းဝေဖန်ချက်များ၊ AA ၊ ALP ၊ ALD အစရှိသည့် ရခိုင့်နိုင်ငံရေးအဖွဲ့အစည်းများ နှင့် အင်တာဗျူးများ ၊ တူးဆွစုံစမ်းရရှိသည့် သတင်းများမှာ ပျောက်ကွယ် ဆုံးရှုံးသွားရပြီ ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...