Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
5:46 AM
Posted by
nankeythioo
ဘင်္ဂလာဒေခ်ျ့ တွင် လူနည်းစု ဟိန္ဒူ လူမျိုးများ ဆက်လက် တိုက်ခိုက်ခံနေဆဲ ဖြစ်သည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသား ဖေါ်ပြသည်။
နိုင်ငံ
အနှံ့အပြားရှိ ဟိန္ဒူအမျိုးသားများပိုင် ဈေးဆိုင်များ၊ နေအိမ်များနှင့်
ဘုရားကျောင်းများကို ယမန်နေ့ကလည်း ၀င်ရောက် တိုက်ခိုက် မီးရှို့
ဖျက်ဆီးမူများ ရှိခဲ့သည်ဟု ဆိုသည်။
အင်္ဂလိပ် လိုထုတ်ဝေသော The Daily Star သတင်းစာကြီးက “ Jamaat continues
attacking Hindus” ခေါင်းစည်းဖြင့် ယနေ့ ဖေါ်ပြသော သတင်းတွင်
ခူလနာခရိုင်မြို့တွင် ဂျာမတ် ချီဘီနှင့် ဘီအန်ပီ အဖွဲ့ဝင် ၃၀၀ ခန့်သည်
ယမန်နေ့ ချီတက် ဆန္ဒပြစဉ် ဟိန္ဒူလူမျိုးများ၏ နေအိမ်များနှင့်
ဈေးဆိုင်များကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဖေါ်ပြသည်။
အဆိုပါ တိုက်ခိုက်စဉ် အတွင်း သက်ကယ်မိုးအိမ် ရှစ်လုံး
မီးရှို့ခံခဲ့ရပြီး အသက်လု ထွက်ပြေးလာကြသော ဟိန္ဒူလူမျိုးများ လက်ထဲမှ
ပစ္စည်းများကိုလည်း လုယူသွားကြောင်း ဖေါ်ပြသည်။
တိုက်ခိုက်သူများသည် ချက်ချင်း အနီးအနားရှိ Amadi ဈေးအတွင်းသို့
ဝင်ရောက်လာပြီး ဟိန္ဒူလူမျိုးများပိုင် ဈေးဆိုင် (၈) ခုမှ (၁၀) အကြားရှိ
ဈေးဆိုင်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များ မရောက်လာမှီထိ
လုယက်သွားခဲ့ကြသည်ဟု အဆိုပါ သတင်းစာတွင် ဖေါ်ပြသည်။
တိုက်ခိုက်မူကြောင့် အမျိုးသမီးနှင့် ကလေးငယ် တစ်ဦးတို့ကိုလည်း ဆေးရုံ တင်ပို့ခဲ့ရသည်ဟု ဆိုသည်။
အလားတူ Lalmonirhat ၊ Gopalganj ၊ Singra ၊ Satkania စသည့် မြို့များမှ ဟိန္ဒူ ဘုရားကျောင်းများလည်း မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရသည်။
ယခုကဲ့သို့ လူနည်းစုများကို တိုက်ခိုက်နေသဖြင့် ဟိန္ဒူ လူမျိုးများသာမက ဘင်္ဂလာဒေခ်ျ့ရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် စသည့် လူနည်းစု လူမျိုးများလည်း သူတို့ လုံခြုံရေးကို အထူး စိုးရိမ်နေကြသည်ဟု သိရသည်။
ဟိန္ဒူ လူနည်းစုများ အပေါ် တိုက်ခိုက်မူနှင် ပတ်သက်ပြီး အမေရိကန်နှင့် ဗြိတိန် အစိုးရတို့မှ စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောဆိုထားသည်။
0 comments:
Post a Comment