ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts




ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်းရှိ ရေကျော်ဗလီ မီးလောင်မှုသည် ရှို့ မီးမဟုတ်ဘဲ ပေါ့ဆမှုကြောင့်သာ လောင်ကျွမ်းသည့်မီး ဖြစ်ကြောင်း စုံစမ်းရေး အစီရင်ခံစာအား ကိုးကား၍ ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။
A-fire-at-Botahtaung-Islamic-School-Press-Conserence-ss
ရေကျော် ဗလီ မီးလောင်ရာတွင် လောင်ကျွမ်းခံရသော စောင်တထည်ကို လောင်စာဆီ မပါကြောင်း သက်သေခံအဖြစ် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ ညနေတွင် အစိုးရရုံး၌ မီဒီယာများအား ရှင်းပြနေစဉ်။ (ဓာတ်ပုံ - စောဇင်ညီ၊ မဇ္ဈိမ) ဧပြီလ ၂ ရက်နေ့က လောင်ခဲ့သော မီးမှာ ရှို့မီး မဟုတ်ဘဲ မီးအားမြှင့်စက် အပူလွန်ရာမှ လောင်ကျွမ်းခဲ့ကြောင်း စုံစမ်းရေး အစီရင်ခံစာက ဆိုသည်။
“အပြင်မှာ ကောလာဟလတွေ ထွက်သလို ဘယ်ဘာသာကမှ လာရှို့တာ မဟုတ်ဘူး။ မီးအားမြှင့်စက် အပူလွန်ကဲလို့ လောင်တာပါ” ဟု ဦးမြင့်ဆွေ က ယတိပြတ် ပြောသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၃ နာရီခန့်က အစ္စလာမ် ဘာသာဝင်တို့၏ ဗလီ ဝတ်ကျောင်း မီးလောင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့် မီဒီယာများ ဧပြီလ ၁၀ ရက်နေ့ ညနေက အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံခဲ့သည်။

မီးလောင်စဉ် ဗလီ တာဝန်ရှိသော ဆရာမှာ မီးသတ်ရန်သာ အာရုံရှိနေပြီး ကလေးများအား ကယ်ရန်
မေ့လျော့ခဲ့၍ ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း စုံးစမ်းစစ်ဆေးမှုက ဆိုသည်။
စုံစမ်းစစ်ဆေးရေးခုံရုံး၏ အဆိုပါအစီရင်ခံစာအား အစ္စလာမ် အဖွဲ့အစည်းကြီး ငါးခုကို ချပြရာတွင် ထိုအဖွဲ့များက ယုံကြည်ကြောင်းလည်း ဦးမြင့်ဆွေ က မီဒီယာများကို ပြောသည်။

မီးလောင်ခံရသည့် ဗလီအား မြို့တော်စည်ပင်ထံ စာတင်၍ ပြန်လည် တည်ဆောက်ကာ ဗလီအဖြစ် ဆက်လက် ပြုလုပ်ခွင့်ရှိကြောင်း အစိုးရအဖွဲမှ တာဝန်ရှိသူများက ပြောသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...