ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ဘင်္ဂလာဒေခ်ျ့ ရေပြင်တွင် နောက်ထပ် လူသေ အလောင်း ၇ လောင်းကို ယမန်နေ့ နံနက်က ထပ်မံ ဆယ်ယူရရှိခဲ့သည်ဟု ဘင်္ဂလာရဲက ပြောသည်။
 မြန်မာ- ဘင်္ဂလာ နယ်စပ် ရေပြင်။
မြန်မာ- ဘင်္ဂလာ နယ်စပ် ရေပြင်။
ယခု ဆယ်ယူရရှိသည့် အလောင်းများမှာ ကလေးငယ်များ ဖြစ်ကြပြီး တက်ကနက် မြို့နယ် အတွင်း ပင်လယ်ပြင်တွင် မျောပါနေသည်ကို ဒေသခံများ၏ အကူအညီဖြင့် ဆယ်ယူခဲ့သည်ဟု  ရဲတာဝန်ရှိသူများက ပြောသည်။
ဆယ်ယူရရှိပြီးနောက် ဘင်္ဂလာဒေခ်ျ့ နယ်စပ် အာဏာပိုင်များမှ မြန်မာနယ်စပ် နစက အာဏာပိုင်များသို့ အကြောင်းကြားရာ သူတို့မှာ ပေါက်တောမြို့နယ်အတွင်းမှ ဖြစ်ကြပြီး မုန်တိုင်း အန္တရာယ်မှ ရှောင်ကွင်းစဉ် လှေနစ် သေဆုံးခဲ့ကြသူများ ဖြစ်ကြောင်းနှင့် အလောင်းများကို ပြန်လည် သယ်ယူရန် အခက်အခဲရှိသဖြင့် ဘင်္ဂလာဒေခ်ျ့တွင်ပင် သဂြိုလ်ရန် ပြောကြောင်း တက်ကနက် အခြေစိုက် အမှတ် (၄၂) တပ်ရင်း တပ်ရင်းမှူး ဂျာဟစ် ဟူစိန်က ပြောသည်။
သို့အတွက် မြန်မာဘက်မှ မျောလာသော အလောင်း ၃၁ လောင်းကို ယမန်နေ့ မေလ ၁၇ ရက်နေ့က တက်ကနက် မြို့နယ်အတွင်း သဂြိုလ်လိုက်ပြီဟု ဆိုသည်။
သေဆုံးသွားသူများသည် ပေါက်တောမြို့နယ် ငှက်ချောင်း မူဆလင် ဒုက္ခသည် စခန်းမှ ဖြစ်ကြပြီး မေလ ၁၃ ရက်နေ့က ဆိုင်ကလုန် မဟာစင် အန္တရာယ်ကို စိုးရိမ်သဖြင့် စက်လှေဖြင့် ရှောင်ကွင်းစဉ် စက်လှေနစ်ရာမှ သေဆုံးသွားခဲ့သူများ ဖြစ်ကြောင်း သိရသည်။
၎င်းပြင် မုန်တိုင်းကြောင့် မြန်မာဘက်သို့ မပြန်နိုင်ဘဲ တက်ကနက်မြို့တွင် ပိတ်မိနေသူ မြန်မာနိုင်ငံသား ကုန်သည်  ၅၂ ဦးကိုလည်း ယမန်နေ့က မောင်တောသို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

Back to the Top

Related Posts Plugin for WordPress, Blogger...