အောင်မင်း| သောကြာနေ့၊ ဒီဇင်ဘာ ၆ ရက်၊ ၂၀၁၃ ခုနှစ်
မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၌ ရှေ့ဆက်သွားမည့် ခြေလှမ်းများတွင် ရှောင်လွှဲ မရနိုင်သည့် အဟန့်အတားများလည်း ရှိလာနိုင်ဟု မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Judith Beth Cefkin မှ ဆိုလိုက်သည်။
အမေရိကန်အောက်လွှတ်တော်ဆိုင်ရာ နိုင်ငံခြားရေးကော်မတီ၏ အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီခွဲသိုဲ့Judith Beth Cefkin မှ ဒီဇင်ဘာ ၄ ရက်တွင် တင်ပြသည့် အစီရင်ခံစာတွင် ယင်းသို့ ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှု များ၊ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတို့အကြောင်း ခြုံငုံသုံးသပ်ထားသော အစီရင်ခံစာ၌ မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ကြုံတွေ့ရနိုင်သော အဟန့်အတားများ အချို့အား ထည့်သွင်း ဖော်ပြထားသည်။
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကဏ္ဍ၌ သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့သော် လည်း “မြန်မာပြည်သူတွေအနေနဲ့ တန်းတူညီမျှရေး၊ မတူကွဲပြားမှုတွေအပေါ် လေးစားသမှုပြုရေးတို့အပေါ် မှာ အခြေပြုပြီး ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးတို့အတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုရင် အခြားပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ထိန်းသိမ်းနိုင်မှာ မဟုတ်ပါဘူး”ဟု Cefkin မှ ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အတူ နိုင်ငံရေးအရ ပြုပြင်လဲရေး၌ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်း၊ လူသားချင်းစာနာမှုဆိုင် ရာအကူအညီများ ပေးအပ်သည့်အခြေအနေများ တိုးတက်လာခြင်းတို့ ရှိနေသော်လည်း မြန်မာ့ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များအား အားကောင်းစေရန်အတွက် အစိုးရနှင့် လူမှုအခြေပြု အဖွဲ့အစည်းများအား အ ထောက်အကူပြုနိုင်မည့် အလွန်အရေးကြီးသော ကုလလူ့အခွင့်ရေးမဟာမင်းကြီး၏ ရုံးခန်းအား စတင်ဖွင့် လှစ်နိုင်ရန် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိခြင်းအပေါ် အားမလိုအားမရ ဖြစ်ရသည်ဟုလည်း ထည့် သွင်း ဖော်ပြထားသည်။
လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင်လည်း မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များအား ထိရောက်စွာ ဖြေရှင်းမှုမပြုနိုင်ခြင်းမှာ “ရဲဌာနနဲ့ တရားစီရင်ရေးကဏ္ဍ”တို့အား ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု ထည့်သွင်း သုံးသပ်ထားသည်။
ထို့ပြင် စစ်မှုထမ်းဟောင်းများမှ မြန်မာ့ပြုပြင်ပြောင်းလဲရေးအား ဦးဆောင်နေသည့်အချိန်မှာ “စစ်တပ်နဲ့ လုံခြုံ ရေးကဏ္ဍရဲ့ ချိုးဖောက်မှုတွေ၊ အထူးသဖြင့် လူနည်းစုတိုင်းရင်းသားတွေ နေထိုင်ရာဒေသတွေက ချိုးဖောက် မှုတွေကို ကျွန်တော်တို့အနေနဲ့ မြင်တွေ့နေရဆဲပါ”ဟု Cefkin မှ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ သို့ အစီရင်ခံခဲ့သည်။
စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွင်လည်း “ရှိသင့်ရှိထိုက်တဲ့ တိုးတက်မှုတွေ မရှိဘူးဆိုရင် ပြုပြင်ပြောင်းလဲ ရေး ကြိုးပမ်းမှုတွေကို ဆက်ထိန်းထားဖို့ မလွယ်ပါဘူး”ဟု ထည့်သွင်း သုံးသပ်ထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် နိုင်ငံရေး၊ စီးပွားရေးအရ တိုးတက်မှု များနှင့်အတူ “ရှေ့ဆက်သွားမယ့် ခြေလှမ်းကောင်းတွေ ရှိပေမယ့်လည်း ရှောင်လွှဲမရနိုင်တဲ့ အဟန့်အတား တွေနဲ့ ကြုံတွေ့ရနိုင်တာကို ကြိုတင် မျှော်လင့်ထားရမှာဖြစ်ပါတယ်”ဟု Cefkin မှ သုံးသပ်သွားခဲ့သည်။
0 comments:
Post a Comment