ရခိုင်ပြည်နယ်၊ မြေပုံမြို့ ဈေးအနီး တစ်ရာတန် သောက်ရေ ကန်တွင် အဆိပ်ခတ် မှုကြောင့် ရခိုင်တိုင်း ရင်းသားများနှင့် ဘင်္ဂါလီ လူမျိုးများကြား ယနေ့ မွန်းလွဲပိုင်းမှ စတင်၍ နှစ်ဖက် တင်းမာမှု စတင်ဖြစ်ပွား ခဲ့ကြောင်း မြေပုံမြို့ခံများက 7Day News သို့ပြောကြားသည်။
တစ်ရာတန်ကန်တွင် ငါးများ သေဆုံးနေခြင်းတွေ့ရှိရာမှ ယင်းကန်အား အဆိပ်ခတ်ခြင်းရှိ၊ မရှိ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီးနှင့် မြို့မိမြို့ဖများက နေ့လယ် ၁ နာရီ၌ သွားရောက်စစ်ဆေးခဲ့သည်။
အဆိပ်ခတ်ထားသည်မှာ သေချာသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက မြေပုံမြို့ပေါ်တွင် ယင်းကန်ရေ သောက်သုံးခြင်းမပြုကြရန် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးခဲ့ကြောင်း မြေပုံမြို့နေ ကိုထွန်းထွန်းနိုင်ကပြောသည်။
လူနှစ်ဦး သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သေဆုံးမှုမရှိကြောင်း မြို့ခံအများစုကပြောသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခန့်က နှစ်ဖက်တင်းမာရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သော်လည်း နေ့လယ် ၃ နာရီတွင် ငြိမ်သက်သွားကြောင်း၊ မြေပုံမြို့ပေါ်တွင် တစ်ရာတန်ကန်အပြင် ကန်ဒူကြီးကန်ရှိပြီး ယင်းကန်မှာမူ အဆိပ်ခတ်ထားခြင်းမရှိကြောင်း လိုက်လံစစ်ဆေးရာတွင် လိုက်ပါခဲ့သူ ဦးဘခင်ကပြောသည်။
7Day News Journa


"/>



Myanmar Kyat Converter
Yangon (Rangoon) Time
0 comments:
Post a Comment