![]() |
| လုပ်အားခေါင်း ပုံဖြတ်ခံရတဲ့  မြန်မာအလုပ် သမားများ |
မြန်မာအလုပ်သမား များအပေါ် လုပ်အားခေါင်းပုံ ဖြတ်နေခြင်းကို လုံးဝအကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။ ယခုလ ပထမပတ်က ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းအစည်းအဝေး၌ အထက်ပါအတိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားခြင်းဖြစ်သည်။
“နိုင်ငံတကာနဲ့ညီတဲ့ အနည်းဆုံး အခကြေးငွေ ဖြစ်လာအောင် ဖန်တီးပေးမယ်။ လုပ်အားခေါင်းပုံဖြတ်တဲ့ကိစ္စကို လုံးဝအကာအကွယ် ပေးရမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ “အလုပ်သမားတွေအပေါ်မှာ အလုပ်ရှင်ရဲ့ အဓမ္မလုပ်အား ညှစ်ထုတ်ခိုင်းစေမှုတွေ ရှိနေပါတယ်။ လုပ်အားနဲ့ လုပ်ခမျှတဖို့ လိုပါတယ်။ အခြေခံလစာ တိတိကျကျ သတ်မှတ်ပေးရပါမယ်။ မုန့်ဖိုးတို့၊ ဆုကြေးဆိုတာ အလုပ်သမားကို သက်သက် ကြိုးရှည်ရှည်နဲ့ လှန်ထားသလိုပါပဲ” ဟု ဆောက်လုပ်ရေး အခြေခံအလုပ်သမားသမဂ္ဂမှ ဦးကိုဆိုင်းက ပြောသည်။ ယခုအခါ မေလကုန်အထိ လုပ်ခလစာတိုးမြှင့်ရန် တောင်းဆိုမှုဖြစ်ပွားသည့် စက်ရုံပေါင်း ၅၇ ရုံရှိကာ ယင်းမှ အလုပ်သမား ကျား၊ မပေါင်း ၃၆၈၁၀ ရှိနေကြောင်း သိရသည်။
“အလုပ်ရှင်နဲ့ အလုပ်သမားဟာ မိတ်ဖက်အကျိုးတူ စီးပွားဖက်တွေအဖြစ် စဉ်းစားကြပါ။ ဆက်ဆံကြပါ။ နောက်တစ်ခုက ရှင်းရှင်းလင်းလင်းဖြစ်တဲ့ လစာ တွက်ချက် သတ်မှတ်မှုမျိုး ဖြစ်သင့်ပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။ ယင်းအပြင် အလုပ်သမားများ၏ အဆင့်အတန်းကို လက်ခံနိုင်ဖွယ်အဆင့်အထိ ရောက်ရှိရန် မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်ဟု ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။


"/>



Myanmar Kyat Converter
Yangon (Rangoon) Time

0 comments:
Post a Comment