ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


မြန်မာ နယ်စပ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇားမြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်နှိမ်နှင်းမူကြောင့် လူအသေအပျောက်များ ရှိပြီးနောက် ယခုအခါ ပုဒ်မ ၁၄၄ အရေးပေါ် ဥပဒေ ထုတ်ပြန် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
Coxs_Bazar
ယနေ့ နေ့လည်က ဗလီ တစ်ခုမှ ၀တ်ပြုဆုတောင်းပွဲအပြီး လူအုပ်ကြီး တစ်ခုမှ သူတို့ခေါင်းဆောင်များကို ဖမ်းဆီး ပြစ်ဒဏ် စီရင်ချက်များ ချမှတ်နေမူ အပေါ် မကျေနပ်ရာမှ ဆန္ဒပြစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မူကြောင့် အနည်းဆုံး လူ (၆) ဦးခန့် သေဆုံးသွားသည်ဟု ဆိုသည်။
“ အခု ရရှိတဲ့ သတင်းအရ ၆ ဦးသေတယ်။ ၁၀၀ နီးပါး ဒဏ်ရာ ရတယ်လို့ ကြားရပါတယ်။ ဖြစ်တာက အစ္စလာမ်မစ် ချီဘီအဖွဲ့ကနေ ဆန္ဒပြရာမှာ RAB လို့ ခေါ်တဲ့ မူခင်း အထူးနှိမ်နှင်းရေး တပ်ဖွဲ့က ပစ်ခတ်တဲ့ အတွက် သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ ရုပ်မြင်သံကြားတွင်မူ သေဆုံးသူမှာ ၃ ဦးရှိကြောင်း ဖေါ်ပြသည်။
ချီဘီ အဖွဲ့မှာ လက်ရှိ အဖမ်းခံထားရသော ခေါင်းဆောင်များ ဦးဆောင်သည့် ဂျာမတ် အစ္စလာမ်မီယာ  ပါတီ၏ လက်အောက်ခံ ကျောင်းသားအဖွဲ့ဖြစ်သည်။ သူတို့၏ ခေါင်းဆောင် တဒါဇင်နီးပါးးခန့်ကို ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး စစ်ပွဲ အတွင်း ပါကိစ္စတန် စစ်တပ်နှင့် ပေါင်းပြီး စစ်ရာဇာဝတ်မူများ ကျူးလွန်သည်ဟု ဆိုကာ လက်ရှိ အစိုးရမှ ဖမ်းဆီးထားပြီး ဘင်္ဂလာဒေခ်ျ့ အစိုးရမှ ဖွဲ့စည်းပေးထားသော နိုင်ငံတကာ ခုံရုံးတွင် အမူကြားနာ စစ်ဆေးနေသည်။
ထိုအထဲမှ တွဲဘက် အတွင်းရေးမှူး ဖြစ်သူ ကာဒေမူလာအား လွန်ခဲ့သော အပတ်က ပြစ်ဒစ် ထောင်တစ်သက် ချမှတ်ခဲ့သည်။
ကာဒေမူလာအား ပြစ်ဒဏ်ချမှတ်မူနှင့် ပတ်သက်ပြီး ထောင်သောင်းချီသော နိုင်ငံသားများက ဒက္ကားမြို့တော် ချားဘားအရပ် တွင် စုဝေးကာ ထောင်တစ်သက် ပြစ်ဒဏ်မှ  ကြိုးဒဏ် တိုးမြှင့် ချမျတ်ရန် တောင်းဆိုနေနကြပြီး ဂျာမတ် အစ္စလာမ်မစ် ပါတီ ထောက်ခံသူများကမူ ပြစ်ဒဏ် တစ်သက်ချမှတ်ခြင်းကို ဆန့်ကျင်နေကြသည်။
လက်ရှိ အခြေအနေတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ ရှုပ်ထွေးနေပြီး ဆန္ဒပြမူများ၊  ကားများကို မီးရှို့မူများလည်း မကြာခဏ ပေါ်ပေါက်နေသည်။
ယနေ့ ကော့စ်ဘဇားမြို့တွင် ပေါ်ပေါက်ခဲ့သော ပြဿနာကြောင့် ဈေးဆိုင်များ အားလုံးကို ပိတ်ထားလိုက်ကြပြီး လူများလည်း ကိုယ့်အိမ်ထဲတွင်ကိုယ် နေထိုင်နေကြကာ  ကားအသွားအလာများလည်း လုံးဝ ရပ်ဆိုင်း သွားခဲ့သည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...