Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
11:45 PM
Posted by
nankeythioo
ရန်ကုန်-မော်လမြိုင် အမြန်ယာဉ် ပစ်တိုင်းထောင် ယာဉ်လိုင်းရဲ့ ခရီးသည်တွေအပေါ်မိုက်ရိုင်းမှု
ရန်ကုန်-မော်လမြိုင် အမြန်ယာဉ်လိုင်း တွင် ယာဉ်လိုင်းပေါင်းများစွာ ပြေးဆွဲ
လျှက်ရှိသည့် အနက် ပစ်တိုင်းထောင် မော်တော် ယာဉ်လိုင်းသည် ၀န်ထမ်းများ၏
ဆက်ဆံရေး ညံ့ဖျင်းခြင်း၊ ထိုင်ခုံ နေရာကောင်းများကို လက်မှတ်ရောင်း
ဝန်ထမ်းများမှ အလွဲသုံးစားလုပ်ခြင်း၊ အဲကွန်း မအေးခြင်း စသည့် ဆားဗစ်
အလွန်တရာ ညံ့ဖျင်းသော်လည်း ယခင် စစ်အစိုးရ လက်ထက်မှစပြီး
လူကြီးပိုင်းနှင့်ပေါင်းသင်းကာ အခြားမည်သည့် အဝေးပြေး အမြန်ယာဉ်လိုင်းမှ
ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်ခွင့် မရချိန်တွင် ၄င်း ပစ်တိုင်းထောင်
(PTT) (ယခင် ရွှေမြိုင်သားအမည် ပူးတွဲ တပ်ဆင်ထား) မှ ရန်ကုန်တိုင်း
လမ်းမတော်မြို့နယ် ၀ါးတန်းလမ်း ဂိတ်သို့ ယခု လက်ရှိအချိန်အထိ
ပို့ဆောင်ပြေးဆွဲပေးလျှက်ရှိသောကြောင့် ခရီးသည်အများစုသည် မချစ်သော်လည်း
အောင့်ကာနမ်း၊ မကြိုက်သော်လည်း ကြိတ်မှိတ် စီးနင်းကြရတဲ့သဘောမှာရှိပါတယ်။
ယခုလက်ရှိ PTT ၏ ယာဉ်လက်မှတ်စီးနင်းခ ဈေးနှုန်းများမှာ ရိုးရိုး
ငါးထောင့်ငါးရာကျပ်နှင့် အထူး ရှစ်ထောင်ကျပ်အသီးသီးဖြစ်ပါတယ်။ နေ့ခင်းနှင့်
ည အချိန်နှစ်မျိုး ပြေးဆွဲပေးပါသည်။ ၁၈.၀၂.၂၀၁၃ ရန်ကုန်မှ မော်လမြိုင်သို့
နေ့ခင်းပိုင်း ပြေးဆွဲခဲ့သော ဓါတ်ပုံပါ အမြန်ယာဉ်ဟာ ရန်ကုန်မော်လမြိုင်
အဝေးပြေးလမ်းပေါ်ရှိ သထုံမြို့ အနီးတွင် ၁၀ဘီးကျောက်ကား တစ်စီးအား ဘရိတ်
မမိပဲ ကားဦးခေါင်းဖြင့် ၀င်ရောက်တိုက်မိသဖြင့် ကားအရှေ့ မှန်ကြီးကွဲကာ
မော်လမြိုင်သို့ ည၇နာရီတွင်ဝင်ရောက်ရမည့်အစား ၂နာရီတိတိနောက်ကျပြီးမှ
ည၉နာရီခွဲအချိန်တွင် ခရီးစဉ်ဆိုက်ရောက်ခဲ့ပါတယ်။
ပုံမှန်အားဖြင့် ရန်ကုန်မှမော်လမြိုင်သို့ နေ့ခင်းထွက်လာတဲ့ကားသည်
ညနေတွင်ခရီးသည်များအားပြန်လည်တင်ဆောင်ကာ မော်လမြိုင်မှ ရန်ကုန်သို့ပြန်လည်
ထွက်ခွါပါတယ်။ ယခုကဲ့သို့ ညနေကမှ ကျောက်တင် ၁၀ဘီးကားကို ၀င်တိုက်ပြီး
ရှေ့မှန်ကြီးကွဲကာ ပြန်ရောက်လာတဲ့ PTT အထူး ကားဟာ ကား အစားထိုး
ပြီးပြန်လည်ထွက်ခွါရမည့်အစား ယင်း တိုက်ကား(ရှေ့မှန်လုံးဝမပါတော့)
သောကားဖြင့်ပင် ပုံမှန်အချိန်ထက် ၁နာရီနီးပါး နောက်ကျပြီးမှ
မော်လမြိုင်မှရန်ကုန်သို့ ခရီးစဉ်ပြန်လည်ထွက်ခွါခဲ့ပါတယ်။
ယခုကဲ့သို့ မိမိ၏ အကျိုးအမြတ်ကို ရှေ့တန်းတင်ကာ ခရီးသည်များ၏ လုံခြုံရေး၊
ကျန်းမာရေး ကို လုံးဝမငဲ့ကွက်ပဲ ၀ိသမ လောဘဖြင့် စီးပွါးရှာကာ
ကြီးပွါးလျှက်ရှိသော ပစ်တိုင်းထောင်(PTT/ရွှေမြိုင်သား) ရန်ကုန်-မော်လမြိုင်
ယာဉ်လိုင်းပိုင်ရှင် ဦးပြုံး၏ အကြောင်းအား မြန်မာပြည်သူပြည်သားများ သိရှိ
ရှောင်ရှားနိုင်ရန် သတင်းပေးတင်ဆက်လိုက်ရပါတယ်။
ခရီးသည် တဦး



0 comments:
Post a Comment