ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

မယောင်မလည်နဲ့ကျန်ခဲ့တဲ့သူတွေခေါင်းပေါ် ဒီအရှုပ်ထုပ်ကြီးကို တင်ခဲ့မှာ

၁၉၈၈ မှာ ဦးနေ၀င်းရဲ့ တီးတိုးအမိန့်နဲ့ အာဏာသိမ်းခဲ့တဲ့ န၀တ အဖွဲ့ က ၁၉၉၀ မှာ ရွေးကောက်ပွဲပြုလုပ်ခဲ့တယ် ၊

န၀တ အဖွဲ့အနေနဲ့ မဆလ တဖြစ်လဲ တစည ကို နည်းမျိုးစုံနဲ့ နောက်ကွယ်က အကူအညီပေးခဲ့ပေမယ့် အောက်ခြေက တပြေလုံးမှာရှိတဲ့ တပ်မိသားစုဝင်တွေက NLD ကို တခဲနက် မဲပေးခဲကြတယ် ၊

န၀တ က ၉၀ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုချင်လို့ နည်းမျိုးစုံနဲ့ ဥာဏ်နီဥာဏ်နက်တွေသုံးခဲ့တယ် ၊

ပြည်သူ့ဆန္ဒအရ ရွေးချယ်ထားတဲ့ အမတ်တွေရှိနေပါရက်နဲ့ လွှတ်တော်ခေါ်ပေးဖို့ ဖွဲ့စည်းပုံရေးဆွဲခွင့်ပေးဖို့ န၀တ ကိုယ်တိုင်ပေးခဲ့တဲ့ ကတိတွေကို န၀တ ကိုယ်တိုင်ပဲချိုးဖောက်ဖျက်ဆီးခဲ့တယ် ၊

ဗမာ့တပ်မတော် သမိုင်းမှာ ဘယ်လိုမှ ဖုံးလို့ဖိလို့မရတဲ့ အမည်းစက်ကြီး ဖြစ်ခဲ့တယ် ၊ (ဒီနေရာမှာ တပ်မတော်နဲ့ န၀တ ဆိုတာကို စကားလုံးခွဲပြီး ရေးပါတယ်) ၊

(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မျှော်လင့်ချက်တွေပေးပြီး) အားလုံးပါဝင်တဲ့ အမျိုးသားညီလာခံကြီးတစ်ခုကို ကျင်းပပြီး အဲဒီအမျိုးသား ညီလာခံကနေ ဗမာပြေအတွက် ဖွဲ့စည်းပုံကို အားလုံးဝိုင်းဝန်းရေးဆွဲကြမယ် လို့ န၀တ က အသံကောင်းဟစ်တယ် ၊

ဒါနဲ့ပဲ သူတို့ပြောတဲ့ အမျိုးသား ညီလာခံကြီးကို ရွေးချယ်ခံ အမတ်တချို့ပါဝင်စေပြီး ၁၉၉၃ မှာ  အတင်းအကျပ် စတင်ကျင်းပတယ် ၊

အဲဒီ ၁၉၉၃ မှာပဲ န၀တ က ဘာစိတ်ကူးပေါက်တယ် မသိ ဘူး ၊ အမျိုးသားညီလာခံကို ခေတ္တနားတယ်ဆိုပြီး ရုတ်တရက် ရပ်ပစ်လိုက်တယ် ၊ (အမှန်က န၀တ က တစညနဲ့ လမ်းခွဲလိုက်တာပါပဲ) ၊

ပြီးတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း ဆိုတာကို ကောက်ခါငင်ခါနဲ့ ထ ဖွဲ့လိုက်တယ် ၊

အဲဒီမှာပဲ အမျိုးသားနိုင်ငံရေး ဆိုတာရယ် ပါတီနိုင်ငံရေးဆိုတာရယ် စကားလုံးတွေထွင်ပြီး ဒီအသင်းကြီးဟာ အမျိုးသားနိုင်ငံရေးကို ဇောက်ချလုပ်မယ့်အသင်းကြီးပါလို့ တွင်တွင်ကြော်ငြာတော့တာပါပဲ ၊

မြို့တွေနယ်တွေအနှံ့ အဲဒီအသင်းခွဲတွေကို အတင်းကာရောလိုက်ဖွဲ့တယ် ၊ တွေ့ကရာ အသင်းထဲ အတင်းဝင် ခိုင်းတယ် ၊ ၀န်ထမ်းတွေ ကျောင်းဆရာ ဆရာမတွေ နောက်ဆုံးကျောင်းသားကျောင်းသူတွေ အားလုံးအားလုံးရောပဲ ၊

အဲဒီကုန်ကျစရိတ်ကို ဘယ်လိုရှာခဲ့သလဲ ၊ လွယ်ပါတယ် ၊ ဗဟိုဘဏ်ကနေ ပိုက်ဆံတွေ စက်နဲ့ လှည့်ထုတ်လိုက်တာပဲပေါ့ ၊

အဲဒီအသင်းကို သူတို့ လိုအပ်တဲ့အနေအထားအတိုင်းဖွဲ့ပြီးပြီလည်းဆိုရော လူတွေအားလုံးကို နီးစပ်ရာ ဘောလုံးကွင်းတွေမှာ စုခိုင်း ၊ သူတို့ဖြစ်ချင်တဲ့အကြောင်းအရာတွေကို စင်ပေါ်တက်ပြောခိုင်း ၊

ပြီးတော့ အောက်မှာ နေပူထဲ ငုတ်တုတ်လေးတွေထိုင်နေတဲ့သူတွေကိုထောက်ခံပါတယ်အော်ခိုင်း ၊ အဲဒါအားလုံးကို ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲလို့ ခေါင်းစဉ်တပ်ပြီး အမျိုးသားညီလာခံ ဆိုတာကြီးကို အပြင်ကနေ လိုရာဆွဲ ကြိုးကိုင်တော့တာပါပဲ ၊

၁၉၉၃ က စပြီးဖွဲ့ခဲ့တဲ့ အဲဒီ ကြံ့ဖွတ် အသင်းကြီးဟာ ဖွဲ့ကာစကတော့ အမျိုးသားနိုင်ငံရေးဆိုတာကို မိုးမွှန်အောင် သုံးပြီး မနက်ဖန်ပဲ တိုင်ပြည်ကြီးချမ်းသာသွားမလိုလို ဦးတည်ချက်တွေ ရေးပြခဲ့တာ 

တကယ့်လက်တွေ့ ဘယ်လို အသုံးချခံခဲ့ရသလဲဆိုတာ အခုအားလုံးသိသွားပါပြီ ၊

ဒီလိုနဲ့ ၂၀၁၀ နှစ်လည်ပိုင်းလောက်မှာ ကြံ့ဖွတ်အသင်းကြီးကို ကြံ့ဖွတ်ပါတီအဖြစ် ဆိုင်းမဆင့်ဗုံမဆင့် ပြောင်းလိုက်ပါလေရော ၊ သူတို့စကားအလိုအရဆို အမျိုးသားနိုင်ငံရေးလမ်းကြောင်းက သွေဖယ်ပြီး ပါတီနိုင်ငံရေးလုပ်တော့မပေါ့ ၊

အသင်းဝင်တွေ ကိုလည်း ကြိုတင်အသိပေးတာမျိုး သဘောတူမတူ ဆိုတာမျိုး သဘောထားကောက်ယူခဲ့တာမျိုးမရှိခဲ့ပါဘူး ၊ အသင်းပိုင် ပိုက်ဆံတွေ အဆောက်အဦးတွေ မြေတွေကိုလည်း ခပ်တည်တည်ပါပဲ ၊ ပါတီပိုင်လုပ်လိုက်ပါတယ် ၊

အသင်းဖွဲ့ကာစက အမျိုးသားနိုင်ငံရေး ဆိုတဲ့ (လက်တွေ့မဖြစ်နိုင်တဲ့ စိတ်ကူးယာဉ်) စကားလုံး နဲ့ ဖောရှောလျောက်ရေးထားတဲ့ ဦးတည်ချက် ခံယူချက် ဆိုတာတွေအပေါ် မျက်စိလည်ပြီး တကယ်အနစ်နာခံ အပင်ပန်းခံ ၀င်လုပ်ခဲ့ တဲ့သူတွေရှိခဲ့ပါတယ် ၊

သူတို့လဲ အဲဒီ အသင်းထဲမှာ ကြာကြာမနေရပါဘူး ၊ လက်ညှိုးထောင်ခေါင်းညှိမ့် ကျွေးတာစားခိုင်းတာလုပ် အထက်ဖားအောက်ဖိ ဆိုတဲ့သံသရာမှာ အလိုက်သင့်မနေတတ်သူတွေ ကန်အထုတ်ခံခဲရတာပါပဲ ၊

ကဲ ထားပါတော့ ၊ အသင်းကြီးကို အရေးပေါ် ပါတီအဖြစ်ပြောင်းလိုက်ရသလိုလို နဲ့ နောက်ပိုင်း အင်တာဗျူးတွေမှာပါလာတာက ဖြစ်ကတတ်ဆန်း ပြောင်းခဲ့တာမဟုတ်ပါဘူးတဲ့ ၊ လေးငါးခြောက်နှစ်လောက် ကြိုတင်စီစဉ်ခဲ့တာပါ တဲ့ ၊

ကဲ ကောင်းရော ၊ လူတွေ အားလုံးကို တိတ်တိတ်ကလေး လိမ်ခဲ့တဲ့ နှစ်တွေက မနည်းပါလား အရပ်ကတို့ရေ ၊

၂၀၁၀ ရွေးကောက်ပွဲမှာ NLD ကို အတင်းဖယ် ၊ မဲတွေအတင်းလိမ် ခိုး ပြီး အမတ်နေရာ အတင်းယူခဲ့တာ ၊ အခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးခဲတာ မတော်တဆရှုံးခဲ့တာ မဟုတ်ပါဘူး ၊ ပြည်သူ့ဆန္ဒအရ ခွက်ခွက်လန်အောင် ရှုံးခဲ့တာပါ ၊

ပြည်သူလူထုက လူလိမ်တွေဘယ်သူလဲဆိုတာ နားလည်သွားပြီလေ ၊

အခုလည်း ရှက်ရှက်နဲ့ ရှုံးမဲမဲပြီး ကြံ့ဖွတ်ပါတီကို ပြန်လည်ဖွဲ့စည်းမယ် တဲ့ ၊

ပြန်လည်ဖွဲ့စည်းမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဆောက်အဦးတွေ ပိုက်ဆံတွေကို တိတိကျကျ စာရင်းမရှင်းပဲ လုံးချလိုက်အုံးမှာ ၊ ရောချလိုက်အုံးမှာ ၊ စာရင်းတွေဖျောင်လိုက်ကြအုံးမှာ ၊

လက်ရှိလက်သီးလက်မောင်းတန်းနေတဲ့သူတွေက အကြောင်းအမျိုးမျိုးပြပြီး အလျှိုအလျှိုထွက်သွားမှာ ၊ မယောင်မလည်နဲ့ကျန်ခဲ့တဲ့သူတွေခေါင်းပေါ် ဒီအရှုပ်ထုပ်ကြီးကို တင်ခဲ့မှာ ၊

မယောင်မလည်နဲ့ကျန်ခဲ့တဲ့သူတွေခေါင်းပေါ် ဒီအရှုပ်ထုပ်ကြီးကို တင်ခဲ့မှာ ၊  မယောင်မလည်နဲ့ကျန်ခဲ့တဲ့သူတွေခေါင်းပေါ် ဒီအရှုပ်ထုပ်ကြီးကို တင်ခဲ့မှာ ၊
မယောင်မလည်နဲ့ကျန်ခဲ့တဲ့သူတွေခေါင်းပေါ် ဒီအရှုပ်ထုပ်ကြီးကို တင်ခဲ့မှာ

၁၉၈၈ မှာ ဦးနေ၀င်းရဲ့ တီးတိုးအမိန့်နဲ့ အာဏာသိမ်းခဲ့တဲ့ န၀တ အဖွဲ့ က ၁၉၉၀ မှာ ရွေးကောက်ပွဲပြုလုပ်ခဲ့တယ် ၊

န၀တ အဖွဲ့အနေနဲ့ မဆလ တဖြစ်လဲ တစည ကို နည်းမျိုးစုံနဲ့ နောက်ကွယ်က အကူအညီပေးခဲ့ပေမယ့် အောက်ခြေက တပြေလုံးမှာရှိတဲ့ တပ်မိသားစုဝင်တွေက NLD ကို တခဲနက် မဲပေးခဲကြတယ် ၊

န၀တ က ၉၀ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုချင်လို့ နည်းမျိုးစုံနဲ့ ဥာဏ်နီဥာဏ်နက်တွေသုံးခဲ့တယ် ၊

ပြည်သူ့ဆန္ဒအရ ရွေးချယ်ထားတဲ့ အမတ်တွေရှိနေပါရက်နဲ့ လွှတ်တော်ခေါ်ပေးဖို့ ဖွဲ့စည်းပုံရေးဆွဲခွင့်ပေးဖို့ န၀တ ကိုယ်တိုင်ပေးခဲ့တဲ့ ကတိတွေကို န၀တ ကိုယ်တိုင်ပဲချိုးဖောက်ဖျက်ဆီးခဲ့တယ် ၊

ဗမာ့တပ်မတော် သမိုင်းမှာ ဘယ်လိုမှ ဖုံးလို့ဖိလို့မရတဲ့ အမည်းစက်ကြီး ဖြစ်ခဲ့တယ် ၊ (ဒီနေရာမှာ တပ်မတော်နဲ့ န၀တ ဆိုတာကို စကားလုံးခွဲပြီး ရေးပါတယ်) ၊

(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မျှော်လင့်ချက်တွေပေးပြီး) အားလုံးပါဝင်တဲ့ အမျိုးသားညီလာခံကြီးတစ်ခုကို ကျင်းပပြီး အဲဒီအမျိုးသား ညီလာခံကနေ ဗမာပြေအတွက် ဖွဲ့စည်းပုံကို အားလုံးဝိုင်းဝန်းရေးဆွဲကြမယ် လို့ န၀တ က အသံကောင်းဟစ်တယ် ၊

ဒါနဲ့ပဲ သူတို့ပြောတဲ့ အမျိုးသား ညီလာခံကြီးကို ရွေးချယ်ခံ အမတ်တချို့ပါဝင်စေပြီး ၁၉၉၃ မှာ အတင်းအကျပ် စတင်ကျင်းပတယ် ၊

အဲဒီ ၁၉၉၃ မှာပဲ န၀တ က ဘာစိတ်ကူးပေါက်တယ် မသိ ဘူး ၊ အမျိုးသားညီလာခံကို ခေတ္တနားတယ်ဆိုပြီး ရုတ်တရက် ရပ်ပစ်လိုက်တယ် ၊ (အမှန်က န၀တ က တစညနဲ့ လမ်းခွဲလိုက်တာပါပဲ) ၊

ပြီးတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း ဆိုတာကို ကောက်ခါငင်ခါနဲ့ ထ ဖွဲ့လိုက်တယ် ၊

အဲဒီမှာပဲ အမျိုးသားနိုင်ငံရေး ဆိုတာရယ် ပါတီနိုင်ငံရေးဆိုတာရယ် စကားလုံးတွေထွင်ပြီး ဒီအသင်းကြီးဟာ အမျိုးသားနိုင်ငံရေးကို ဇောက်ချလုပ်မယ့်အသင်းကြီးပါလို့တွင်တွင်ကြော်ငြာတော့တာပါပဲ ၊

မြို့တွေနယ်တွေအနှံ့ အဲဒီအသင်းခွဲတွေကို အတင်းကာရောလိုက်ဖွဲ့တယ် ၊ တွေ့ကရာ အသင်းထဲ အတင်းဝင် ခိုင်းတယ် ၊ ၀န်ထမ်းတွေ ကျောင်းဆရာ ဆရာမတွေ နောက်ဆုံးကျောင်းသားကျောင်းသူတွေ အားလုံးအားလုံးရောပဲ ၊

အဲဒီကုန်ကျစရိတ်ကို ဘယ်လိုရှာခဲ့သလဲ ၊ လွယ်ပါတယ် ၊ ဗဟိုဘဏ်ကနေ ပိုက်ဆံတွေ စက်နဲ့ လှည့်ထုတ်လိုက်တာပဲပေါ့ ၊

အဲဒီအသင်းကို သူတို့ လိုအပ်တဲ့အနေအထားအတိုင်းဖွဲ့ပြီးပြီလည်းဆိုရော လူတွေအားလုံးကို နီးစပ်ရာ ဘောလုံးကွင်းတွေမှာ စုခိုင်း ၊ သူတို့ဖြစ်ချင်တဲ့အကြောင်းအရာတွေကို စင်ပေါ်တက်ပြောခိုင်း ၊

ပြီးတော့ အောက်မှာ နေပူထဲ ငုတ်တုတ်လေးတွေထိုင်နေတဲ့သူတွေကိုထောက်ခံပါတယ်အော်ခိုင်း ၊ အဲဒါအားလုံးကို ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲလို့ ခေါင်းစဉ်တပ်ပြီး အမျိုးသားညီလာခံ ဆိုတာကြီးကို အပြင်ကနေ လိုရာဆွဲ ကြိုးကိုင်တော့တာပါပဲ ၊

၁၉၉၃ က စပြီးဖွဲ့ခဲ့တဲ့ အဲဒီ ကြံ့ဖွတ် အသင်းကြီးဟာ ဖွဲ့ကာစကတော့ အမျိုးသားနိုင်ငံရေးဆိုတာကို မိုးမွှန်အောင် သုံးပြီး မနက်ဖန်ပဲ တိုင်ပြည်ကြီးချမ်းသာသွားမလိုလို ဦးတည်ချက်တွေ ရေးပြခဲ့တာ 

တကယ့်လက်တွေ့ ဘယ်လို အသုံးချခံခဲ့ရသလဲဆိုတာ အခုအားလုံးသိသွားပါပြီ ၊

ဒီလိုနဲ့ ၂၀၁၀ နှစ်လည်ပိုင်းလောက်မှာ ကြံ့ဖွတ်အသင်းကြီးကို ကြံ့ဖွတ်ပါတီအဖြစ် ဆိုင်းမဆင့်ဗုံမဆင့် ပြောင်းလိုက်ပါလေရော ၊ သူတို့စကားအလိုအရဆို အမျိုးသားနိုင်ငံရေးလမ်းကြောင်းက သွေဖယ်ပြီး ပါတီနိုင်ငံရေးလုပ်တော့မပေါ့ ၊

အသင်းဝင်တွေ ကိုလည်း ကြိုတင်အသိပေးတာမျိုး သဘောတူမတူ ဆိုတာမျိုး သဘောထားကောက်ယူခဲ့တာမျိုးမရှိခဲ့ပါဘူး ၊ အသင်းပိုင် ပိုက်ဆံတွေ အဆောက်အဦးတွေ မြေတွေကိုလည်း ခပ်တည်တည်ပါပဲ ၊ ပါတီပိုင်လုပ်လိုက်ပါတယ် ၊

အသင်းဖွဲ့ကာစက အမျိုးသားနိုင်ငံရေး ဆိုတဲ့ (လက်တွေ့မဖြစ်နိုင်တဲ့ စိတ်ကူးယာဉ်) စကားလုံး နဲ့ ဖောရှောလျောက်ရေးထားတဲ့ ဦးတည်ချက် ခံယူချက် ဆိုတာတွေအပေါ် မျက်စိလည်ပြီး တကယ်အနစ်နာခံ အပင်ပန်းခံ ၀င်လုပ်ခဲ့ တဲ့သူတွေရှိခဲ့ပါတယ် ၊

သူတို့လဲ အဲဒီ အသင်းထဲမှာ ကြာကြာမနေရပါဘူး ၊ လက်ညှိုးထောင်ခေါင်းညှိမ့် ကျွေးတာစားခိုင်းတာလုပ် အထက်ဖားအောက်ဖိ ဆိုတဲ့သံသရာမှာ အလိုက်သင့်မနေတတ်သူတွေ ကန်အထုတ်ခံခဲရတာပါပဲ ၊

ကဲ ထားပါတော့ ၊ အသင်းကြီးကို အရေးပေါ် ပါတီအဖြစ်ပြောင်းလိုက်ရသလိုလို နဲ့ နောက်ပိုင်း အင်တာဗျူးတွေမှာပါလာတာက ဖြစ်ကတတ်ဆန်း ပြောင်းခဲ့တာမဟုတ်ပါဘူးတဲ့ ၊ လေးငါးခြောက်နှစ်လောက် ကြိုတင်စီစဉ်ခဲ့တာပါ တဲ့ ၊

ကဲ ကောင်းရော ၊ လူတွေ အားလုံးကို တိတ်တိတ်ကလေး လိမ်ခဲ့တဲ့ နှစ်တွေက မနည်းပါလား အရပ်ကတို့ရေ ၊

၂၀၁၀ ရွေးကောက်ပွဲမှာ NLD ကို အတင်းဖယ် ၊ မဲတွေအတင်းလိမ် ခိုး ပြီး အမတ်နေရာ အတင်းယူခဲ့တာ ၊ အခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးခဲတာ မတော်တဆရှုံးခဲ့တာ မဟုတ်ပါဘူး ၊ ပြည်သူ့ဆန္ဒအရ ခွက်ခွက်လန်အောင် ရှုံးခဲ့တာပါ ၊

ပြည်သူလူထုက လူလိမ်တွေဘယ်သူလဲဆိုတာ နားလည်သွားပြီလေ ၊

အခုလည်း ရှက်ရှက်နဲ့ ရှုံးမဲမဲပြီး ကြံ့ဖွတ်ပါတီကို ပြန်လည်ဖွဲ့စည်းမယ် တဲ့ ၊

ပြန်လည်ဖွဲ့စည်းမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဆောက်အဦးတွေ ပိုက်ဆံတွေကို တိတိကျကျ စာရင်းမရှင်းပဲ လုံးချလိုက်အုံးမှာ ၊ ရောချလိုက်အုံးမှာ ၊ စာရင်းတွေဖျောင်လိုက်ကြအုံးမှာ ၊

လက်ရှိလက်သီးလက်မောင်းတန်းနေတဲ့သူတွေက အကြောင်းအမျိုးမျိုးပြပြီး အလျှိုအလျှိုထွက်သွားမှာ ၊ မယောင်မလည်နဲ့ကျန်ခဲ့တဲ့သူတွေခေါင်းပေါ် ဒီအရှုပ်ထုပ်ကြီးကို တင်ခဲ့မှာ ၊

မယောင်မလည်နဲ့ကျန်ခဲ့တဲ့သူတွေခေါင်းပေါ် ဒီအရှုပ်ထုပ်ကြီးကို တင်ခဲ့မှာ ၊ မယောင်မလည်နဲ့ကျန်ခဲ့တဲ့သူတွေခေါင်းပေါ် ဒီအရှုပ်ထုပ်ကြီးကို တင်ခဲ့မှာ ၊

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...