ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတ အဖြစ် ပါဝင်အရွေးခံနိုင် ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ကြိုးပမ်းနေကြောင်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း က ပြောဆိုသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ မြန်မာနိုင်ငံသားများနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံစဉ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ် သက်ပြီး မေးမြန်းကြရာ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ရန် ကြိုးပမ်းနေကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး၊ မဖြစ်ရေးသည် ပြည်သူများ အပေါ် မူတည်သည်ဟု ဦးအောင်မင်းက ပြောဆိုသွားကြောင်း လွတ်လပ်သည့် အာရှအသံ (RFA) မြန်မာပိုင်းတွင် ထုတ်လွှင့်သွားသည်။
NLD ပါတီ၏ နာယက ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် ပါဝင် အရွေးခံနိုင်ရန် အချက်တချို့ကို ပြင်ဆင်ပေးနိုင် ဖွယ် ရှိကြောင်း၊ ပြင်ဆင်သော်လည်း စစ်တပ်၏အခန်းကဏ္ဍသည် နိုင်ငံရေးမှပျောက်သွားမည် မဟုတ်ကြောင်း၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)အနေဖြင့်လည်း ၎င်းတို့၏ အာဏာခိုင်မြဲရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ဧရာဝတီ ကို ပြော သည်။
“ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ်အရွေးခံ မယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်မှရမယ်၊ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးရင်တောင် ဒေါ်စု က သမ္မတဖြစ်လာနိုင်ခြေ အင်မတန် နည်းပါးတယ်၊ အင်မတန် ခက်မယ်၊ သမ္မတ မဖြစ်အောင်လည်း တခြားအုပ်စုက ကြိုး ပမ်းကြမှာသေ ချာတယ်၊ လွှတ်တော် ၂ ရပ်လုံးက ထောက်ခံမှုများမှ သမ္မတ ဖြစ်မယ်၊ ဒု သမ္မတတော့ ဖြစ်ရင် ဖြစ်မယ်”ဟု ၎င်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ ၌ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်၏ ဇနီး၊ ခင်ပွန်း၊ သားသမီး တဦးဦး သည် ပြည်ပနိုင်ငံ အစိုးရ၏ ကျေးဇူး သစ္စာစောင့်သိသူ၊ အခွင့်အရေးများနှင့် ကျေးဇူးခံစားသူများ မဖြစ်စေရဟု ဖော်ပြထားသည်။
အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒု ဥက္ကဋ္ဌ ဦးဌေးဦး ကမူ ၎င်းတို့ပါတီ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် မည့်သည့် အစီအစဉ်မှ မရှိသေးကြောင်း ဧရာဝတီ ကို ပြောသည်။
“ကျနော်တို့ပါတီ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကို ဘာမှ မစဉ်းစားသေးပါဘူး၊ ပြင်ချင်တိုင်းလည်း ပြင်လို့မရပါဘူး၊ ပြင်မယ် ဆိုရင်လည်း အားလုံးကို ကြိုတင် အသိပေးမှာပါ”ဟု ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သူ ဦး ဌေးဦး က ဆိုသည်။
ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ် အမှုဆောင်တဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒု သမ္မတ တဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အဆိုပြုတင်သွင်းခြင်း အချက်ကို ပယ်ဖျက် လိုကြောင်း မီဒီယာများကို ပြောဆိုသည်ဟု ပြည်တွင်းထုတ် Messenger News Journal တွင် ရေးသားသည်။
ဦးအောင်သိန်းလင်းက “ကာကွယ်ရေးဦးစီးချုပ်က အဆိုတင်သွင်းတဲ့သူသာ သမ္မတ ဖြစ်သွားမယ်ဆိုရင် သမ္မတကို တပ်မတော်က ရွေးတဲ့သဘောမျိုး ဖြစ်သွားမယ်။ ဒါကြောင့် အဲဒီ အချက်ကို ပြင်ဆင်ချင်တယ်”ဟု ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အရ ဒု သမ္မတ ၃ ဦးရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်မှ ၁ ဦး၊ အမျိုးသားလွှတ်တော်မှ ၁ ဦးစီနှင့် တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုသူ ၁ ဦးဖြစ်ပြီး ထို ၃ ဦးမှ ၁ ဦးကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ရခြင်း ဖြစ်သည်။
ဦးအောင်သိန်းလင်း၏ ပြောဆိုမှုသည် ပါတီနှင့်မသက်ဆိုင်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍လည်း ပါတီ အနေဖြင့် မည်သည့် အစည်းအဝေးမှ မလုပ်ဆောင်ရသေးကြောင်း ဦးဌေးဦးက ပြောသည်။
ဖွဲ့စည်းပုံ ပြင်ဆင်မည် ဆိုပါကလည်း လူပုဂ္ဂိုလ်၊ ပါတီတခု၏ လုပ်ဆောင် ပြောဆိုခြင်းမျိုး မဟုတ်ဘဲ ကော်မတီ၊ ကော်မရှင် များ၏ စဉ်းစားသုံးသပ်မှုသည် ကောင်းမွန်မည်ဟု ယူဆ၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သုံးသပ်မည့် ကော်မတီ၊ ကော်မရှင် ဖွဲ့စည်း
၏ရန် ပြည် ထောင်စု လွှတ်တော် က သဘောတူ အတည်ပြုပေးခဲ့ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ဦးဌေးဦးက“ဖွဲ့စည်းပုံကို ဘယ်ပါတီ၊ ဘယ်အဖွဲ့ကပဲ ပြင်ပြင်၊ ပြင်ချင်တယ်ဆိုရင် ကော်မတီ၊ ကော်မတီရှင်က စဉ်းစားတာဟာ အ ကောင်းဆုံးပါ”ဟု ဆိုသည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းရေး”အဆို တခုကို  ကြံ့ခိုင်ရေးပါတီ ၏ ဒု ဥက္ကဋ္ဌ နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအေးမြင့် က မတ်လအတွင်း ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းရာ ကြံ့ခိုင်ရေးပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က ထောက်ခံ ဆွေးနွေးခဲ့သည်။
ထိုအဆိုကို ပြည်ထောင်စုလွှတ်တော် ကလည်း သဘောတူ အတည်ပြုပေးခဲ့သည်။ အဆိုပါ ကော်မတီ၊ ကော်မရှင်များကို ဇူလိုင်လ တွင် ပြန်စမည့် လွှတ်တော် အစည်းအဝေးများ၌ ဖွဲ့စည်းမည်ဟု ကိုယ်စားလှယ်များက ပြောသည်။
ယင်းသို့ ဖွဲ့စည်းခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်လိုသူများကို လက်ဦးမှု ရယူလိုက်ပြီး ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များ က ပြောဆိုကြသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တိုင်းရင်းသား ပါတီ တချို့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တို့က ကြိုးပမ်းဆောင်ရွက် နေ ချိန်တွင် “ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းရေး” အဆိုတင်ခြင်းသည် ကန့်သတ်လိုသည့် သဘော ဟုတ် မဟုတ် စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က လည်း ဧရာဝတီ ကို ပြောသည်။
ဖွဲ့စည်းပုံ၌ ဒီမိုကရေစီ မကျသည့် အချက်များနှင့် တိုင်းရင်းသား အရေးနှင့်ပတ်သက်သော စာပိုဒ်တချို့ ပြင်ဆင်နိုင်ရန် ကြိုး ပမ်းနေ ကြောင်း၊ တနိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူများအတွက် စေတနာ အပြည့်အ၀ဖြင့် အားလုံးက ၀ိုင်းဝန်း ပြင်ဆင်သင့်ကြောင်း၊ ကြံ့ ခိုင်ရေး အနေဖြင့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာမည့်အဖွဲ့ ဖွဲ့စည်းရေး အဆိုကို ကြိုဆိုကြောင်းလည်း ၎င်းက ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ် ကိုယ်စားလှယ် များ၏ ထောက်ခံမှု ရရှိရေးအပေါ် မူတည်ကြောင်း၊ လွှတ်တော်၌ စစ်တပ်က ပါဝင်နေသည့် အတွက် နိုင်ငံရေး နောက်ပြန်လှည့်နိုင် ခြေ နည်းပါးကြောင်း ဧရာဝတီ ကို ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ အချက် တခုခုကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ ထောက် ခံ မှုဖြင့် အဆို တင်သွင်းရမည် ဖြစ်ကြောင်း၊ အခန်း တခုခု၏ ပြဌာန်းချက်ကို ပြင်ဆင်လိုပါကလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီမှုရှိရမည် ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကျင်းပ၍ ယင်းဆန္ဒမဲ အရသာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ၂၀၀၈ အခြေခံ ဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသည်။
လွှတ်တော်ထဲ၌ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေပြီး အရပ်ဘက် ကိုယ်စားလှယ် အများစုမှာလည်း ကြံ့ခိုင်ရေးပါတီ ၏ ကိုယ်စားလှယ်များ ဖြစ်သည်။

5:34 PM
Posted by nankeythioo


နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးသုဒ္ဒရ၀ံသနှင့် တွေ့ဆုံခြင်း

နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးသုဒ္ဒရ၀ံသနှင့် တွေ့ဆုံခြင်း
စီစဉ်တင်ဆက် အရှင်ပညာနန္ဒ၊ ပြည်ပရောက်မြန်မာရဟန်းတော်များအဖွဲ့၊ (ဒီဇင်ဘာ ၈၊ ၂၀၁၂)
မိုးမခရုပ်သံ၊ ဧပြီ ၂၇၊ ၂၀၁၃


ယနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စတင်ခဲ့တဲ့ ပြုလုပ်ခဲ့တဲ့ ဆွဲတင်စစ်လို့  လူသိများတဲ့ လူဦးရေ စာရင်း စစ်ဆေးမူဟာ အကြမ်းဖက် တိုက်ခိုက်မူတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် ဆက်မလုပ်ဘဲ  ရပ်နား လိုက်ရတယ်လို့ ဆိုပါတယ်။
UNHCR-Myanmarဘင်္ဂလီ၊ ဟိန္ဒူ၊ မာရမာကြီးနဲ့ ကမန်တွေရဲ့ လူဦးရေ စာရင်းကို စစ်ဆေးဖို့ အတွက် ဖွဲ့စည်းထားတဲ့ ဆွဲတင်စစ် အဖွဲ့ဝင်တွေဟာ ဘင်္ဂလီ မူဆလင်ရွာတွေကိုရောက်တာနဲ့ ကျောက်ခဲတွေ၊ တုတ်တွေနဲ့ ၀ိုင်းဝန်း တိုက်ခိုက်တာကို ခံလိုက်ရတယ်လို့ သဲချောင်း မွတ်ဆလင်ရွာကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဆွဲတင်စစ် အရာရှိ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ နံနက် ဆွဲတင် စစ်အဖွဲ့တွေဟာ ဘုမေရွာ၊ သက်ကယ်ပြင်၊ ဂျပန်ရွာဟောင်း၊ ဓေါဒူဝ၊ ဗေဒါရွာတွေကို လူဦးရေ စာရင်း စစ်ဆေးဖို့ သွားရာမှာ ရွာလမ်းဝကိုရောက်တာနဲ့ ခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
“ တိုက်ခိုက်တာက ဘင်္ဂလီတွေပါ။ သူတို့က ငါတို့ ဘင်္ဂလီ မဟုတ်ဘူး၊ ရိုဟင်ဂျာတွေပါ။ ရိုဟင်ဂျာ စာရင်းသွင်းပါ ဆိုပြီး အော်ဟစ်ကြတယ်။ တုတ်တွေ၊ ခဲတွေနဲ့ ပစ်ကြတယ်။ ရွာထဲကို အ၀င်မခံဘူး။ ဒါကြောင့် သဲချောင်း မွတ်ဆလင်ရွာမှာ ဘာမှ မလုပ်ဘဲ ပြန်လှည့်ခဲ့ရပါတယ်” လို့ သူက ပြောပါတယ်။
သက်တယ်ပြင်မှာ ဆိုရင် ခုလို ၀ိုင်းဝန်း တိုက်ခိုက်တဲ့ အတွက် သေနတ်တွေ မိုးပေါ် ထောင်ပစ် ခဲ့ရတာတွေတောင် ရှိတယ်လို့ ပြောပါတယ်။
အမြှောက်တပ်က တပ်ကြပ်ကြီး တစ်ဦး ဒဏ်ရာ ရသွာတယ်လို့ သတင်းရကြောင်း သူက ပြောပါတယ်။
ဒီနေ့မှာတော့ ဆွဲတင်စစ် လူဦးရေ စာရင်း  စစ်ဆေးမူကို ရပ်နားလိုက်ရပြီ အထက်က ဘယ်လို အမိန့် ညွှန်ကြားချက်လာမလဲဆိုတာ စောင့်နေတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ အစိုးရအဆင့် ထိပ်တန်း လူကြီးတွေ ဒီကိစ္စ အပေါ်မှာ ဆွေးနွေးနေကြတယ်လို့ ပြောပါတယ်။
အခု ပြုလုပ်တဲ့ လူဦးရေ စာရင်း စစ်ဆေးမူဟာ ပြည်နယ် အစိုးရက လုပ်တဲ့ အစီအစဉ် မဟုတ်ဘဲ ဗဟို ပြည်ထောင်စု အစိုးရက လုပ်တာ ဖြစ်တဲ့ အတွက် အခုလို တိုက်ခိုက်မူတွေ ပေါ်ပေါက်လာတာကြောင့်  ပြည်ထောင်စု အစိုးရက ဒီကိစ္စ အပေါ် ဘယ်လို ကိုင်တွယ် ဆောင်ရွက်မလဲဆိုတာကိုတော့  စစ်တွေမြို့သူ မြို့သားတွေက အထူး စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။



dassk-jp-pm-305.jpg
ဂျပန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး(Shinzo Abe)တို့ ဧပြီလ ၁၈ ရက်နေ့က ၀န်ကြီးချုပ်ရုံးခန်းမှာ တွေ့ဆုံကြစဉ်
photo: AFP
သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ တိကျတဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာ မတွေ့ရသေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဝေဖန်ပြောဆိုလိုက်ပါတယ်။
မနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ သတင်းထောက်များကလပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတာကို ဘယ်လိုသုံးသပ်ပါသလဲ၊ သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်ပါသလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က ပြန်လည်ဖြေကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်က “မိမိအနေနဲ့ နိုင်ငံရေးသမားတွေကို လူပုဂ္ဂိုလ်တစ်ဦးခြင်းအနေနဲ့ အကဲမဖြတ်ပါဘူး၊ လက်တွေ့လုပ်ဆောင်မှုတွေနဲ့သာ အကဲဖြတ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံးအချက်ဟာ တိကျတဲ့မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေရတာက ပြုပြင်ပြောင်းလဲရေးမှာ အဆင့်လိုက်သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရပါဘူး” လို့ ပြောလိုက်ပါတယ်။
ဒါ့အပြင် လွှတ်တော်နှစ်ရပ်စလုံးဟာ သူထင်ထားတာထက် ဒီမိုကရေစီနည်းလမ်းပိုကျကြောင်း ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးပြောဆိုခဲ့ပါတယ်။ မိမိထင်ထားတာထက် ပိုအောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့အတွက် အံ့အားသင့်ရပါတယ်လို့လည်းပြောပါတယ်။ အဲဒီလိုလွှတ်တော်အတွင်း အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ကျေးဇူးတင်ကြောင်း အထူးအလေးထား ပြောခဲ့ပါတယ်။
ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ရှိမရှိနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေနဲ့ ကိုက်ညီတဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးသင့်ကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။
ဂျပန်သတင်းထောက်အသင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဖြေကြားချက်တွေထဲက ကောက်နှုတ်ပြီး RFA အဖွဲ့သား ကိုဝင်းနိုင် တင်ပြထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။


17 April, 2013


တိုင်းမ်မဂ္ဂဇင်းသည် ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ (Time 100) စာရင်း၊(၁၀) ကြိမ်မြောက် အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း သြဇာအရှိဆုံး ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကို အွန်လိုင်းမဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ရာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရရှိသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံးအဆင့် အွန်လိုင်းမဲပေးရွေးချယ်မှုတွင် မဲရလဒ် စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းရရှိခဲ့ပြီး ၁၀ နှစ်အတွင်း သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါသည်။
ဂုဏ်ထူးဆောင် သြဇာအရှိဆုံးပုဂ္ဂိုလ်ကို အွန်လိုင်းမှ မဲပေးရွေးချယ်စေခဲ့ရာ ဖျော်ဖြေရေး ကဏ္ဍတွင် လွှမ်းမှု အရှိဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံထားရသော ပေါ့အဆိုကျော် လေဒီဂါဂါနှင့် စံပြပုဂ္ဂိုလ်ကဏ္ဍတွင် သြဇာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်တို့ နောက်ဆုံးဆန်ခါတင်စာရင်းတွင် ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုသို့ယှဉ်ပြိုင်ရာတွင် ကနဦး မဲရလဒ်များ၌ အွန်လိုင်းပရိတ်သတ် သန်းချီ ရရှိထားသော လေဒီဂါဂါက ဦးဆောင်ခဲ့ပြီး ၎င်းနောက်ပိုင်းတွင် အွန်လိုင်းအသုံးပြုသူ မြန်မာများအကြား ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးရန် ကျယ်ပြန့်သော လှုံ့ဆော်ခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် လေဒီဂါဂါတို့သည် မဲရလဒ် မတိမ်းမယိမ်း အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ မဲရလဒ်များက လေဒီဂါဂါ၏ မဲရလဒ်များအပေါ် တဖြည်းဖြည်း အသာရခဲ့ပြီး အဆုံးသတ်တွင် မဲအရေအတွက် စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းကို ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့ခြင်း ဖြစ်ပါသည်။ လေဒီဂါဂါသည် မဲအရေအတွက် စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။
တိုင်းမ်မဂ္ဂဇင်း၏ ၁၀ နှစ်အတွင်း သြဇာအရှိဆုံး ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကို အွန်လိုင်း မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ရာတွင် ဖျော်ဖြေရေး၊နိုင်ငံရေး၊နည်းပညာ၊စံပြပုဂ္ဂိုလ် ကဏ္ဍလေးရပ်မှ ပုဂ္ဂိုလ်များကို ယှဉ်ပြိုင်စေခဲ့ရာ ဖျော်ဖြေရေးကဏ္ဍနှင့် နိုင်ငံရေးကဏ္ဍမှ ပုဂ္ဂိုလ်များ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့ရပြီး နည်းပညာနှင့် စံပြပုဂ္ဂိုလ်များ ကဏ္ဍမှ ပုဂ္ဂိုလ်များ ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အော်ပရာဝင်းနှင့် ထိပ်တိုက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး တစ်ဘက်မှ ကိတ်မစ်ဒယ်ကို အနိုင်ရရှိလာခဲ့သော အမေရိကန်သမ္မတကတော် မစ်ရှယ်အိုဘားမားနှင့် ယှဉ်ပြိုင်ခဲ့ရသည်။
ဧပြီလ ၁၅ ရက်နေ့တွင် နည်းပညာကဏ္ဍမှ နောက်ဆုံးပြိုင်ဘက် လာရီပေ့နှင့် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁၆ရက်နေ့တွင် နောက်ဆုံးပြိုင်ဘက် လေဒီဂါဂါနှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။
တိုင်းမ်မဂ္ဂဇင်းသည် ၂၀၀၉ ခုနှစ်တွင် ၂၀ရာစု ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို ပထမဆုံးအကြိမ် ပြုစုထုတ်ပြန်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် တိုင်းမ်က ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို နှစ်စဉ်ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့သည်။
Leaders & Revolutionaries၊ Builders & Titans ၊ Artists & Entertainers ၊ Scientists & Thinkers ၊ Hero & Icons ဟု ကဏ္ဍငါးရပ်ခွဲကာ ကဏ္ဍတစ်ရပ်လျင် သြဇာအရှိဆုံးပုဂ္ဂိုလ် ၂၀ ဦးစီ ရွေးချယ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ၂၀၀၄ ခုနှစ်၊၂၀၀၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် သုံးကြိမ်ဖော်ပြခံခဲ့ရပြီးဖြစ်သည်။ တိုင်းမ်မဂ္ဂဇင်းသည် ၂၀၁၃ခုနှစ် Time 100 အတွက် ရွေးချယ်ထားသော အကြို ၁၅၃ ဦးစာရင်းကို မတ်လ ၂၈ ရက်နေ့တွင် အွန်လိုင်း၌ ကြေညာခဲ့သည်။ အွန်လိုင်းတွင် ဧပြီလ ၁၂ရက်နေ့မတိုင်မီထိ မဲပေးရွေးချယ်ရန် စာရင်းထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးစာရင်းကို တိုင်းမ်မဂ္ဂဇင်း အယ်ဒီတာများက ရွေးချယ်ကာ ဧပြီလ ၁၇ ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။



“မင်္ဂလာပါ ၁၃၇၅- ကြိုဆိုပါတယ်- ၁၃၇၅- လာခြင်းကောင်းပါစေ- ၁၃၇၅” 
(အရှင်ဝီရသူ (မစိုးရိမ်))၊ ဧပြီ ၁၇၊ ၂၀၁၃
by Wira Thu (Notes) on Tuesday, April 16, 2013 at 12:47pm

မနက်ဖြန်မနက် အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် မြန်မာသက္ကရာဇ် ၁၃၇၅-ခုနှစ်သည် စတင်သစ်ဆန်းတော့မည်ဖြစ်ပါသည်။
မြန်မာနှစ်သစ်ကိုဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။
မြန်မာနှစ်သစ်မှာမြန်မာပြည်သူ ပြည်သားများနှင့်အတူ ကမ္ဘာသူ ကမ္ဘာသား အားလုံး ကောင်းခြင်းမင်္ဂလာ အပေါင်းနှင့်ပြည့်စုံပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
၁၃၇၄-ခုနှစ်ဟောင်းတစ်ခုတည်းမှာ ဦးပဉ္စင်း ဝီရသူသည် ၁/၇၄ မှ ၁၄/၇၄ ထိ ကြေညာချက် (၁၄)ချက် ထုတ်ပြန်ဖြစ်ခဲ့ပါသည်။နိုင်ငံရေး၊ သာသနာရေး၊ အမျိုးသားရေး စသည့် ပြဿနာများအပေါ် ဦးပဉ္စင်း ဝီရသူ၏ သဘောထားအမှန်ကို ပြည်သူများ သိစေချင်၍ ဖြစ်ပါသည်။
ကြေညာချက်ထုတ်ရာတွင် ပြဿနာတစ်စုံတရာ ကြီးမားမှုကို အခြေခံ၍ ထုတ်ပြန်ခြင်း ဖြစ်သောကြောင့် ကြေညာချက်များခြင်းသည် တိုင်းပြည်အတွက် ကောင်းသော လက္ခဏာမဟုတ် ပါ။ ထို့ကြောင့် ၁၃၇၅-ခုနှစ်တွင်တိုင်းပြည်၏ အနာဂတ်ခရီး ပန်းခင်းသော လမ်းကဲ့သို့ သာယာဖြောင့်ဖြူး ချော့မွေ့မှု အပြည့်အဝမဟုတ်သည့်တိုင် အလုံးစုံ စိန်ခေါ်မှု အနည်းငယ်မျှလောက်သော ပြဿနာလေးများကိုသာ တွေ့ကြုံခံစားရပါစေဟုထပ်မံ ဆုမွန်ကောင်း တောင်းလိုက်မိပါသည်။
၁၃၇၄-ခုနှစ်သည်ဦးပဉ္စင်း ဝီရသူအတွက် စိန်ခေါ်မှု အကြီးမားဆုံး၊ စိန်ခေါ်မှု အများပြားဆုံး၊ အမျိုးသားပြဿနာများနှင့်ကြုံတွေ့ခဲ့ရသည့် နှစ်တစ်ခု ဖြစ်ခဲ့ပါသည်။ ကိုယ်အား၊ဥာဏ်အား ရှိသမျှဖြင့် ရင်ဆိုင်ဖြေရှင်းခဲ့ရ၍အကျိုးရလဒ်များ ခံစားခဲ့ရသော်လည်း ထိုသို့သော အခက်အခဲမျိုး နောင်မကြုံစေလိုတော့ပါ။
သို့ဖြစ်၍ဦးပဉ္စင်းနှင့် ပတ်သက်သည့် အထင်အမြင်လွဲမှားမှုလေးများကို အကျဉ်းမျှ ဖော်ပြခြင်း အားဖြင့်တည့်မတ် မှန်ကန်စေလိုပါသည်။ မရှင်းလျှင် ဘာမျှမဖြစ်သော်လည်း ရှင်းလျှင် အကုသိုလ် တိုးပွားမှုမဖြစ်နိုင်တော့သောကြောင့် ထိုသို့သော အထင်အမြင်လွဲသူတို့ အကျိုးငှာ ရှင်းလင်း တင်ပြရခြင်း ဖြစ်ပါသည်။
၁။       ဦးပဉ္စင်းသည်ဦးခင်ညွန့်နှင့် ပတ်သက်မှု လုံးဝ မရှိပါ။ တွံတေးအရှင်ဣန္ဒက မွေးနေ့မှာတွေ့ဖူး ပြောဖူးသည်မှ လွဲ၍ ယခုထိ အဆက်အသွယ်မရှိပါ။
2001၊2002၊ 2003- ခုနှစ်များတွင် ထောက်လှမ်းရေးတို့၏ နည်းမျိုးစုံ နှောက်ယှက်မှုကို ခံခဲ့ရပြီး၊ထောက်လှမ်းရေး တပ်မှူးများ၏ “ခေါင်းရိုက်ခွဲပစ်မယ်” “ထောင်ချပစ်မယ်”-ဟူသော ခြိမ်းခြောက်မှုများကိုလည်းခံခဲ့ရကာ၊ ဦးပဉ္စင်း ကိုယ်တိုင်လည်း တရားထဲ ထည့်ဟောပြီး စိန်ခေါ်ခဲ့ ဖူးပါသည်။
ထို့အပြင်ဦးပဉ္စင်း၏ ဆရာရင်းဖြစ်သူ ကျောက်ဆည်မြို့၊ မင်းကုန်းကျောင်းတိုက် ဆရာတော်ကြီးကို အစာရေသုံးရက် အငတ်ထားပြီး၊ ထိုးကြိတ်၊ ကန်ကျောက်၊ နှိပ်စက်ကြသည့် မြင်ကွင်းကြောင့် ထောက်လှမ်းရေးတို့ကိုလုံးဝ မကျေနပ်နိုင်ခဲ့ပါ။
ထောင်ထဲထိလိုက်၍ထောက်လှမ်းရေးများ ဒုက္ခပေးခဲ့ကြသော်လည်း ဦးခင်ညွန့်အပေါ် အရေးတယူ ဆက်ဆံခဲ့ရခြင်းမှာအကျနာခဲ့သူအပေါ် ကိုယ်ချင်းစာမိသောကြောင့် ဖြစ်ပါသည်။
ထောက်လှမ်းရေးနှင့်မပတ်သက်၍ ထောက်လှမ်းရေးထံမှ ဖုန်း၊ ကား၊ TV-မည်သည့်ပစ္စည်း ဝတ္ထုမျှ မရရှိခဲ့ဖူးသောကြောင့်ထောင်ကျသည်အထိ ဦးပဉ္စင်းမှာ ကားလည်းမရှိ၊ TV-လည်း မရှိ၊ ကြိုးဖုန်း၊ ဟန်းဖုန်းလည်းမရှိခဲ့ခြင်း ဖြစ်ပါသည်။
ဦးပဉ္စင်းတို့ ကျောင်းတိုက်တွင် ထောက်လှမ်းရေးနှင့် ပတ်သက်မှုရှိ၍ဖုန်း၊ ကား အခွင့်အရေးများစွာ ရရှိခဲ့ကြသော ဆရာတော်များ ယခုထိ ရှိနေပါသည်။
၂။       ဦးအောင်သောင်းကိုလက်ခံစကားပြောခြင်းသည်လည်း တစ်ကြိမ်တစ်ခါမျှသာ ဖြစ်ပါသည်။ သူလာသည့် ရည်ရွယ်ချက်ကိုမသိရသော်လည်း ဦးပဉ္စင်းနှင့် အဆင်မပြေ ဖြစ်ခဲ့ရပါသည်။ ဧည့်သည်ကို ရန်တွေ့လိုက်သလိုမျိုးဖြစ်၍ ဧည့်ဝတ်မကျေပွန်သူ-ဟုပင် ခံစားခဲ့ရပါသည်။ အကျဉ်းသား လွတ်မြောက်ရေးကိစ္စမှာ အပြင်းအထန်ဆုံးဆွေးနွေးချက် ဖြစ်ခဲ့ပါသည်။ ယခုအချိန်ထိလည်း အဆက်အသွယ်မရှိကြတော့ပါ။
ဦးခင်ညွန့်နှင့်ဖြစ်စေ၊ဦးအောင်သောင်းနှင့်ဖြစ်စေ ဦးပဉ္စင်းတွေ့ဆုံရာ၌ တံခါးပိတ် ဆွေးနွေးခြင်းမျိုးလုံးဝမရှိပါ။ မီဒီယာများ ရှေ့နှင့်၊ အများပြည်သူ ရှေ့မှာ ထင်သာမြင်သာ တွေ့ဆုံကြခြင်းဖြစ်ပါသည်။ ရုပ်သံ ဗွီဒီယိုများမှတ်တမ်း တင်ထားပါသည်။ လိုအပ်လျှင် မူရင်းအတိုင်း တစ်လုံးမကျန်ဖွင့်ချပြမည် ဖြစ်ပါ၏။
၃။       သမ္မတဦးသိန်းစိန်ကိုထောက်ခံခြင်းသည် အမျိုးသားရေးအတွက် အမှန်တကယ် လိုအပ်သောကြောင့် ဖြစ်ပါသည်။ ထိုသို့ထောက်ခံခြင်းကြောင့် နိုင်ငံရေးလောကသားတို့၏ ငြိုငြင်မှုကို ခံယူရမည် ဆိုသည်ကိုလည်းကြိုတွက်ထားပြီး ဖြစ်ပါသည်။
သမ္မတကြီးကိုထောက်ခံသောအားဖြင့် ဘာအခွင့်အရေးမျှ မရပါ။ မွတ်စလင်မ်တို့၏ ဆဲရေးတိုင်းထွာ ခြိမ်းခြောက်မှုကိုသာခံခဲ့ရသည့်အပြင် နိုင်ငံရေးနယ်ပယ်မှ ကြဉ်ဖယ်မှုကိုလည်း ခံခဲ့ရပါသည်။ သမ္မတကိုထောက်ခံသောကြောင့်သမ္မတလူ(သမ္မတဘုန်းကြီး)ဟု သမုတ်ခံရသော် လည်း ဦးပဉ္စင်းဝီရသူ ယခုထိ passport-မကျသေး၊မရသေးပါ။
တစ်ထောင်တည်းအတူနေ ကိုဇာဂနာကြီး ရခဲ့ပါသည်။ အတူတူ တစ်ရက်တည်း လွတ်လာသည့် “88”အဖွဲ့ ရခဲ့ပါသည်။ ရဟန်းချင်းအတူတူ ရွှေညဝါဆရာတော်၊ ဒယ်အိုး ဆရာတော်တို့ နိုင်ငံခြားသို့ ခေါက်တုန့်ခေါက်ပြန် သွားလာနေကြပါသည်။
ဦးပဉ္စင်းဝီရသူသည် ယခုချိန်ထိ passport-ကို လုံးဝ မမြင်ဖူးသေးသူ ဖြစ်ပါ၏။
၎။       လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံခဲ့ပါသည်။ ထိုသို့ ထောက်ခံရုံဖြင့်ဦးပဉ္စင်းသည် ဒေါ်စုလူ ဒေါ်စုဘုန်းကြီးမဟုတ်ပါ။ ယခုချိန်ထိလည်း ဒေါ်စုနှင့် တစ်ကြိမ်မျှမတွေ့ဆုံဖူးသေးသလို ဖုန်းဖြင့်လည်း မပြောဆိုဖူးပါ။
ဦးပဉ္စင်းသည်တိုင်းပြည်မျက်နှာနှင့် အမျိုးသား အကျိုးစီးပွားကို ရှေ့ရှူ၍ မည်သည့် လုပ်ရပ်မဆို ထောက်ခံသင့်ကထောက်ခံသွားမည်ဖြစ်ပြီး၊ ရှုတ်ချသင့်က ရှုတ်ချသွားမည် ဖြစ်ပါသည်။
ဤသည်မှာမြတ်စွာဘုရား၏ မူဝါဒဖြစ်ပါသည်။ မှန်ပါသည်။ ဝဏ္ဏာ ဝဏ္ဏေသု အဂ္ဂပုဂ္ဂလော မြတ်စွာဘုရားသည်ချီးကျူးထိုက်သူကို ချီးကျူးခြင်း၊ ရှုတ်ချထိုက်သူကို ရှုတ်ချခြင်းတို့၌ နှစ်ယောက်မရှိသူ ဖြစ်ပါသည်။
၅။       ဦးပဉ္စင်းဝီရသူသည်အမျိုးသားရေးတရားဟောကြား၍ ထောင်ချခံခဲ့ရသူ ဖြစ်ပါသည်။ 2012-ခုနှစ် ရခိုင်အရေးအခင်းနောက်ပိုင်းမှစ၍ အမျိုးသားရေးတရားများ ပြန်လည် ဟောကြားခဲ့ သည်မှာလည်း မှန်ပါသည်။ သို့သော်အကြမ်းဖက်ဝါဒကို အားမပေးသူ ဖြစ်ပါသည်။
သို့ပါသောကြောင့်အမျိုးဘာသာ သာသနာကို စော်ကားသူများ ရှိလာပါက ဥပဒေဘောင် အတွင်းမှ ထိရောက်သည့် အပြစ်ပေးဒဏ်ခတ်မှုမျိုးဖြင့်သာ တုန့်ပြန်စေလိုပါသည်။

          အွန်လိုင်းပရိသတ်ကြီးနှစ်သစ်နှင့်အတူ ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ…………
မေတ္တာဖြင့်
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
(17.4.2013 AM 00:45)
(Facebook link  ကနေ ကူးယူဖော်ပြပါတယ်။)



 မိုးမခအထောက်တော် အမှတ် ဝဝ၉
ဧပြီ ၁၆၊ ၂ဝ၁၃

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ မာရသွန်ပြိုင်ပွဲကြီးတွင်ဖြစ်ပွားခဲ့သော တနင်္လာ ညနေပိုင်းက ပေါက်ကွဲမှုများကြောင့်  ၈ နှစ်အရွယ် ကလေးတဦးအပါအ၀င် စုစုပေါင်း ၃ ဦး သေဆုံးသွားသည်ဟု ဒေသခံ ရဲမင်းကြီး Ed Davis က သတင်းထောက်များကို ပြောဆိုကြောင်း CNN ရုပ်သံက ထုတ်လွှင့်သွားသည်။
ပန်းဝင်ရန် သတ်မှတ်ထားသည့် နေရာတွင် ပေါက်ကွဲခြင်းဖြစ်ပြီး  ဒဏ်ရာရာသူ အနည်းဆုံး ၁၄၁ ဦး ရှိကြောင်း၊ ထိုအထဲတွင် ကလေး ၈ ဦး ပါဝင်ကြောင်း ထိုဒေသရှိ ဆေးရုံများကို ကိုးကားပြီး CNN သတင်းတွင် ဖော်ပြထားသည်။

ထိုအထဲတွင် စိုးရိမ်ရသည့်အခြေအနေရောက်နေသူ ၁၇ ဦး၊ ဒဏ်ရာ ပြင်းထန်သူ ၂၅ ဦး ပါဝင်သည်ဟု ဆိုသည်။

ခြေလက် ပြတ်သွားသူတို့ကို သယ်ဆောင်သွားပုံကို သတင်းဓာတ်ပုံတချို့တွင် တွေ့မြင်ရသည်။

အထင်ကရ ပြိုင်ပွဲကြီးဖြစ်သော ဘော်စတွန်မာရသွန်တွင် ပါဝင်ယှဉ်ပြိုင်သူ နှစ်သောင်းကျော် ရှိပြီး ပရိသတ်အများအပြားလည်း တက်ရောက်ခဲ့ကြသည်။


ပေါက်ကွဲမှုဖြစ်ပြီး ထွက်ပြေးကြသည့် ပရိသတ်တို့၏ပစ္စည်းများဖြင့် ပြည့်နေသည့် လမ်းပေါ်တွင် လက်ကျန်ဗုံးရှာဖွေရေးကို အာဏာပိုင်တို့က လုပ်ဆောင်ခဲ့ကြသည်။


ဗုံးတချို့ တွေ့ရကြောင်း၊ ကြိုတင်ပြင်ဆင်ထားသော ရှုပ်ထွေးနက်နဲသော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း အာဏာပိုင်တို့က ပြောသည်။


မည်သည့်အဖွဲ့အစည်း၏ လက်ချက် ဖြစ်သည်ကို မသိရသေးပေ။


နယူးယောက်မြို့ မျှော်စင်ညီနောင် တိုက်ခိုက်မှု၏လက်သည် အိုစမာဘင်လာဒင်ကို သုတ်သင်ရေး အကောင်အထည် ဖော်နိုင်ခဲ့သည် သမ္မတ အိုဘားမားက
ဘော်စတွန်မြို့ဖြစ်ရပ်နှင့် ပတ်သက်ပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။


“(တိုက်ခိုက်မှုကို) ကျူးလွန်တဲ့သူ၊ ကျူးလွန်တဲ့ အဖွဲ့မှန်သမျှဟာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူခံရမှာ ဖြစ်ပါတယ်” ဟု အိုဘားမားက ပြောဆိုလိုက်သည်။


အမေရိကန်အားလုံးက ဘော်စတွန်မြို့သူမြို့သားတို့နှင့်အတူ ရပ်တည်ပေးနေမည်ဖြစ်ကြောင်း အိုဘားမားက ပြောသည်။

အရှင်ဇဝန (ကုန်းဇောင်း)၊
မိုးမခပေးစာ၊
ဧပြီ ၁၂၊ ၂၀၁၃

အခုတစ်လော ဖြစ်ပေါ်နေတဲ့ ကျုပ်တို့မြန်မာပြည် အခြေအနေတွေကြောင့် စာတိုပေစလေးတွေ တစ်ကြောင်းတစ်လေ ရေးရမှာကို လက်တွန့်နေမိတယ်။ ကျုပ်တို့ မြန်မာလူမျိုးတိုင်းရဲ့ နှလုံးသားထဲမှာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်တွေကိုယ်စီ ပြည့်ပြည့်ဝဝ ရှိနေခဲ့ကြပါတယ်။ နှလုံးခုံသံကို နားထောင်ကြည့်ရင်တောင် မျိုးချစ် မျိုးချစ်လို့ မြည်ဟိန်းနေတာ အတိုင်းသား ကြားနေရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းလည်ပတ်နေတဲ့ သွေးတွေကလည်း မျိုးချစ်သွေးတွေပါပဲ။ ဒီတော့ဗျာ ခန္ဓာကိုယ်အနှံ့ ဘယ်နေရာကို ဖောက်ကြည့်ဖောက်ကြည့် မျိုးချစ်သွေးတွေပဲ ထွက်လာမှာပါ။ ရင်နှင့်မဆန့်အောင်ခံစားရတဲ့ ခံစားချက်စာပေတွေရေးတဲ့အခါမှာလဲ မျိုးချစ်စိတ်ဓာတ် ပြင်းထန်လွန်းတဲ့ စာပေတွေပဲဖြစ်လာမှာပါ။

အဲဒီလို မျိုးချစ်စိတ်ဓာတ်ပြင်းထန်လွန်းတဲ့စာပေတွေ ရေးမိရင် ကျုပ်တို့ကို မျက်ကန်းမျိုးချစ် (သို့) အကြမ်းဖက်ဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်သူလို့ ဝိုင်းပြီးကင်ပွန်းတပ်ကြဦးမယ်။ တစ်ချို့ကျတော့ ရက်ရက်စက်စက်ကြီးကို နာဇီလက်သစ်နာမည်တပ်လိုက်ကြသေးတယ်။ ဖေ့စ်ဘုတ်မှာ ကွန်မန့်လေး တစ်ချက်ရေးမိရင်တောင် အဖွကောင်၊ ဖေ့စ်ဘုတ်လူသတ်ကောင်လို့ အစွပ်စွဲခံရဦးမယ်။ ဒီတော့ ဘာမှမရေးတာပဲကောင်းပါတယ်ဆိုပြီး အသာလေးငြိမ်နေမိတာ။

“ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသား …” ဆိုင်းဘုတ် စတစ်ကာတွေကို လိုက်ဝေနေကြတယ်၊ ဈေးဆိုင်တိုင်း ကားတိုင်းမှာ စတစ်ကာတွေ လိုက်ကပ်နေကြတယ်ဆိုတဲ့ သတင်းတွေ ကြည့်လိုက်ရတော့ ရင်ထဲမှာ အပ်နဲ့ဆွသလို ခံစားလိုက်ရတယ်။ အံမယ် သူတို့က နောက်က အဆစ်ကလေးကပါသေးတယ်ဗျာ “ကျွန်ုပ်ကြောင့် လူမျိုးရေး ဘာသာရေးပဋိပက္ခ မဖြစ်စေရ …” တဲ့။

လူမြင်ကောင်းအောင် လှုပ်ရှားနေတာက တစ်ခြား တကယ်တမ်း လုပ်နေတာက တစ်ခြားဆိုတာ အသိဉာဏ်ရှိကြတဲ့သူတိုင်း သိကြမှာပါ။ အဲဒီလို အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ အဆီအငေါ်မတည့်တာ တွေကို တွေ့တွေ့နေရတော့ ရယ်လည်းရယ်ချင်တယ်၊ ငိုလည်းငိုချင်တယ်။ ဘာ့ကြောင့် ရယ်ချင်ရတာလဲ ဆိုတော့ ဒီအဖွဲ့ကို ဦးဆောင် ပါဝင်နေကြတဲ့သူတွေကကော တကယ့်ကို လူမျိုးဘာသာမခွဲခြားဘဲ ဗုဒ္ဓဘာသာတွေရဲ့ ဈေးဆိုင်တွေမှာ ဝယ်ယူအားပေးနေကြလို့လား။ လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်အောင် ကော ဘယ်သူတွေက ဖန်တီးနေတာလဲ။ ကမ္ဘာအရပ်ရပ်ကို လှမ်းကြည့်လိုက် တစ်ကမ္ဘာလုံး လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဆူပူအကြမ်းဖက်မှုတွေကို ဘယ်သူတွေက ဖန်တီးနေကြတာလဲ မှန်မှန်ဖြေကြပါ၊ သေသေချာချာ မြင်အောင်ကြည့်ကြပါ။ အဲဒီလို မီးစတစ်ဖက် ရေမှုတ်တစ်ဖက် အရှက်မရှိတဲ့ မျက်နှာတွေကို မြင်ရလို့ကိုပဲ တစ်ကမ္ဘာလုံးကြားအောင် ဟားတိုက်ရယ်မောပစ်လိုက်ချင်တာ။

ဘာ့ကြောင့် ငိုချင်ရတာလဲဆိုတော့ ကိုးခြောက်ကိုးဆိုတဲ့ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ မျိုးချစ်အဖွဲ့တွေကို ဆူပူအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင် လှုံ့ဆော်တဲ့အဖွဲ့လို့ စွပ်စွဲလိုက်ကြလို့ပါပဲ။ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာအပေါ်မှာ ချစ်မြတ်နိုးတတ်လာအောင်၊ အမျိုးဘာသာ သာသနာ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အသိပညာတွေပေးနေတဲ့ မျိုးချစ်အဖွဲ့ကို အခုလို မတရားပုတ်ခတ် စော်ကားခံနေရတာကို ဘယ်သူတွေကမှ ပြန်လည်ချေပ ထောက်ပြဝေဖန်တာမျိုး မရှိခဲ့တာဟာလည်း ဝမ်းနည်းဖို့ အင်မတန်ကောင်းပါတယ်။

သူတို့ကတော့ လူမျိုးဘာသာမခွဲခြား မြန်မာနိုင်ငံသား – လို့ နာမည်လှလှလေးပေးလိုက်တဲ့အခါမှာ ကိုယ့်လူမျိုး ကိုယ့်ဘာသာဆိုင်ကိုပဲ အားပေးကြဖို့ စည်းရုံးတဲ့ “ကိုးခြောက်ကိုး” အဖွဲ့ကို နာမည်ဆိုး ထွက်သွားအောင် ထိုးနှက် လိုက်တာပါပဲ။ ဒါကို မြန်မာလူငယ်တွေက မသိရှာကြဘူး။ သူတို့ အဖွဲ့တွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတာကို တွေ့ရပါတယ်။

တစ်နည်းအားဖြင့်ဆိုရင် ကိုးခြောက်ကိုးလှုပ်ရှားမှုတွေ အောင်မြင်သွားရင် သူတို့တစ်တွေဈေးဆိုင်တွေမှာ မြန်မာတွေ အားမပေးကြတော့ဘူး။ အဲဒီလို အားမပေးကြတော့ဘူးဆိုရင် မြန်မာအမျိုးသမီးတွေကို တစ်ယောက်ပြီး တစ်ယောက် သိမ်းပိုက်ပြီး လူလူချင်းမြိုမည့် စီမံကိန်းကြီးတွေ ကျဆင်းကုန်လိမ့်မယ်ဆိုတာ သိလို့ ကိုးခြောက်ကိုး နာမည်ပျက်အောင် အကြမ်းဖက်မှုတွေ မဖြစ်ဖြစ်အောင် သူတို့ကိုယ်တိုင်ဖန်တီးပြီး အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အခါမှာ ကိုးခြောက်ကိုးအဖွဲ့ရဲ့ လှုံ့ဆော်မှုကြောင့် ဒီလိုဖြစ်ရတာပါလို့ နာမည်ဆိုးတပ်ကြတော့မယ်လေ။ အဲဒီအခါမှာ လူတွေကလည်း နားယောင်ပြီး ကိုးခြောက်ကိုး တံဆိပ်ကြီးက အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်ပေးတတ်တယ်တဲ့ – ဆိုပြီး ကြောက်လန့်ပြီး သိမ်းထားကြတော့မယ်။ လူမျိုးဘာသာ မခွဲခြား မြန်မာနိုင်ငံသားဆိုတဲ့ ဆိုင်းဘုတ်ကလေးက လှပါတယ်။ ဒါလေးပဲ ကပ်ထားတာကောင်းပါတယ်ဆိုပြီး လူမျိုးခြားတွေရဲ့ လှည့်ကွက်ထဲကို ပြန်ရောက်သွားကြတော့မယ်။

ကျုပ်တို့ မြန်မာလူမျိုးတွေက အရမ်းအရမ်းကို သဘောထားကောင်းခဲ့ကြပါတယ်။ သူတို့ ဘာသာဝင်တံဆိပ်တွေ တပ်ထားတဲ့ဆိုင်တွေမှာ လူမျိုးဘာသာ မခွဲခြားပဲ အားပေးခဲ့ကြဘူးပါတယ်။ အဲဒီတုန်းကထဲက သူတို့လူမျိုးတွေကတော့ သူတို့ဘာသာဝင်ဆိုင်တွေမှာ အားပေးခဲ့ကြတာပါ။ မြန်မာဆိုင်ဆိုရင်တော့ အငတ်သာခံမယ် လုံးဝမစားဘူးဆိုတာမျိုး မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ဘူးပါတယ်။ သူတို့ဘက်ကျတော့ သိတတ်လိုက်ကြတာ။

လူ့အခွင့်အရေးတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပေါ်ပေါက်လာတဲ့ ဒီကနေ့ခေတ်မှာ အမျိုးဘာသာ သာသနာအတွက် စည်းရုံးမှုတွေ၊ ယဉ်ကျေးလိမ္မာမှုတွေရှိအောင် သိမ်းသွင်းမှုတွေ မလုပ်ရင် မဖြစ်တော့လို့ ကိုးခြောက်ကိုးလှုပ်ရှားမှုကို မျိုးချစ်လူငယ်တွေ ကိုယ့်အသက်ကို ပဓာနမထားပဲ လုပ်ဆောင်ခဲ့ကြတာပါ။ ဒီနေ့ခေတ်မှာ အမျိုးဘာသာ သာသနာအတွက် စည်းရုံးမှုတွေက မဖြစ်မနေ လိုအပ်ပါသလဲဆိုတော့ လူ့အခွင့်အရေးနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေ ခေတ်စားလာတဲ့ ဒီနေ့လို အင်တာနက်ခေတ်မှာ ကမ္ဘာကြီးတစ်ခုလုံးမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပေါင်းစည်းဆက်သွယ်ထားတဲ့ လမ်းတံတားကြီးများ တောက်လျှောက်ဖွင့်ထားလိုက်ပါပြီ။ ယဉ်ကျေးမှုချင်း လူမျိုးဘာသာချင်းမတူလို့ ပိတ်ကာထားခဲ့တဲ့ လူ့စည်းလူ့ဘောင်တံခါးကြီးဟာလည်း ဟင်းလင်းပွင့်သွားပါပြီ။ လူမျိုးခြား တိုင်းတစ်ပါး ယဉ်ကျေးမှုတွေကလည်း မြန်မာနိုင်ငံထဲကို ဒလဟော စီးဝင်လာနေပါပြီ။

ဒီတော့ အပျော်အပါး လောင်းကစား အာရုံခံစားမှုတွေကလည်း ဒလကြမ်း ကြောက်ခမန်းလိလိ ဖြစ်လာပါပြီ။ ဒီတော့ အာရုံခံစားမှုအတွက်ဆိုရင် လူမျိုးပျောက်မှာကိုလည်း မကြောက်ဘူး၊ ဘာသာစွန့်ရမှာလည်း ဝန်မလေးဘူးဆိုတာတွေက ဖြစ်လာနေပါပြီ။ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်သာ နေရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ ငရဲလည်းမကြောက် ထောင်လဲမမှုတဲ့ မိုက်ရူးရဲတွေကလည်း များလာနေပါပြီ။ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်မချောက်ခင် ကိုယ့်သားငယ်သမီးငယ် လေးများကို စောစောစီးစီး ကြိုကြိုတင်တင် သွန်သင်ဆုံးမကြဖို့ အမျိုးဘာသာ သာသနာအတွက် လှုပ်ရှားမှုတွေ မဖြစ်မနေ လိုအပ်လာပြီဆိုတာကို ပြောခဲ့တာပါ။

ကိုးခြောက်ကိုးရဲ့ အဓိပ္ပါယ်ကတော့ ကိုးဆိုတာ ဘုရားဂုဏ်တော်ကိုးပါး၊ ခြောက်ဆိုတာက တရားဂုဏ်တော် ခြောက်ပါး၊ ကိုးဆိုတာက သံဃာ့ဂုဏ်တော်ကိုးပါးကို ဆိုလိုတာပါ။ နောက်ခံဘက်ဂရောင်းကိုလည်း ကြည့်လိုက်ဦး၊ သာသနာ့အလံတော်၊ နှစ်ဆယ့်လေးပစ္စည်းစက်ဝိုင်း၊ အသောကကျောက်တိုင်တွေပါ။ ဒီလို စိတ်ကူးကောင်းကောင်းနဲ့ တီိထွင်ကြံဆထားတဲ့ အမြတ်ဆုံးရတနာသုံးပါး အမြတ်ဆုံးထားတဲ့တံဆိပ်တွေကို ကိုယ့်အိမ် ကိုယ့်ဆိုင် ကိုယ့်ယာဉ်တွေမှာ အမြတ်တနိုး ချိတ်ဆွဲထားခြင်းဖြင့် ဘေးဆိုးကပ်ဆိုး အန္တရာယ်ဆိုး တွေ ကင်းဝေးပြီး စည်းစိမ်ချမ်းသာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံနေမှာပါ။ ဤတံဆိပ်ကို အိမ်မှာ ကပ်ထားခြင်းဖြင့် ကျွန်ုပ်တို့သည် ရတနာသုံးပါး အမြတ်ဆုံးထားပြီး အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ထို့ကြောင့် ဤအိမ် ဤဆိုင်သို့ ရောက်လာသူတိုင်း ဘေးရန်ကင်းကွာပြီး အေးချမ်းသာယာမင်္ဂလာ ရှိကြပါစေ-ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်နေပါတယ်။

လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ လူမျိုးခြား ဘာသာခြားတွေက ဒီအခွင့်အရေးတွေကို လက်တွေ့အသုံးချနေကြတယ်။ ဗုဒ္ဓဘာသာ မြန်မာတွေကတော့ ဖဲ့စားတာကိုလည်းခံရ လှီးစားတာကိုလည်းခံရ ဝါးမြိုတာကိုလည်း ခံနေကြရပါတယ်။ ဒါ့ကြောင့် ဒီနေ့ခေတ်မှာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ် မရှိရင် မဖြစ်တော့လို့ ကိုးခြောက်ကိုး လှုပ်ရှားမှုတွေကို ဘုရားသားတော် သံဃာတော်တွေနဲ့ မျိုးချစ်လူငယ်တွေ စတင်လှုပ်ရှားခဲ့ကြခြင်းဖြစ်ပါတယ်။

ကိုးခြောက်ကိုးအဖွဲ့ရဲ့ ရည်ရွယ်ချက်က

(က) ဗုဒ္ဓဘာသာ အချင်းချင်း စည်းလုံးညီညွတ်ကြရန်၊

(ခ) ဗုဒ္ဓဘာသာ အချင်းချင်း ရိုင်းပင်းကူညီသောအားဖြင့် ဗုဒ္ဓဘာသာဈေးဆိုင်တွေမှာပဲ ဝယ်ယူအားပေးကြရန်၊

(ဂ) ဗုဒ္ဓဘာသာ အချင်းချင်းသာ ထိမ်းလက်ထပ်ရန်ဆိုတဲ့ ရည်ရွယ်ချက်တွေပါပဲ။ ဘယ်သူ့ကိုမှလည်း အကြမ်းမဖက်ပါဘူး။ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် ဘယ်သူ့ကိုမှလည်း မလှုံ့ဆော်ပါဘူး။

ကျုပ်တို့မြန်မာလူမျိုးတွေဟာ သမိုင်းအဆက်ဆက်ကထဲ ကိုယ့်နိုင်ငံနဲ့ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်ဘာသာ သာသနာနဲ့ အေးအေး ချမ်းချမ်းနေလာခဲ့ကြတဲ့သူတွေပါ။ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအောက်မှာ မိသားစု အချင်းချင်း၊ ရွာသားအချင်းချင်း၊ မြို့သားအချင်းချင်း၊ နိုင်ငံတော်သားအချင်းချင်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အေးအတူပူအမျှ နေလာခဲ့ကြခဲ့ကြတဲ့သူတွေပါ။

လူမျိုးခြား ဘာသာခြား တိုင်းတပါးကကောင်တွေ ဝင်လာမှ ကိုယ့်ယဉ်ကျေးမှုတွေ ကိုယ့်ဘာသာ သာသနာတွေကို အဖျက်အဆီးခံရ၊ ကိုယ့်လူမျိုးတွေ အဖျက်အဆီးခံရနဲ့ လူလိမ္မာလူယဉ်ကျေးလေးတွေကနေ လူကြမ်းကြီးတွေ ဖြစ်ကုန်ကြပါတော့တယ်။ ဒါတောင် ကျုပ်တို့မြန်မာလူမျိုးတွေက သည်းခံစိတ်တွေ သနားညှာတာစိတ်တွေ သိပ်လွန်ကဲခဲ့ကြပါတယ်။

အဲဒီလို သည်းခံစိတ် သနားညှာတာစိတ်လွန်ကဲခဲ့ကြလို့လဲ လူမျိုးခြားတွေက ကိုယ့်လူမျိုးကို တစ်ဖြည်းဖြည်း ဝါးမြိုလာရာကနေ အခုတော့ သူတို့လူမျိုးတွေက ကြောက်ခမန်းလိလိ ဒုနဲဒယ်နဲ့ဖြစ်လာပါပြီ။ ကိုယ့်လူမျိုးတွေကလည်း ကျောချမှ ဓားပြမှန်းသိကြတာမို့လား၊ ကိုယ့်သားသမီးကို မျိုးချစ်စိတ်ဓာတ် ထက်သန်အောင် ကြိုကြိုတင်တင် သွန်သင်ဆုံးမတာမျိုး မလုပ်ကြဘူးလေ။ အဲဒီတော့ တစ်ယောက်ပြီးတစ်ယောက် လူမျိုးခြားတွေ ဘာသာခြားတွေရဲ့ သွေးဆောင်ဖြားယောင်းမှုနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားကြတာတွေ့နေရတယ်။ လူမျိုးခြား ဘာသာခြားတွေက နည်းလမ်းအမျိုးမျိုးတွေကို သုံးပြီး မြန်မာလူမျိုးတွေကို ဖဲ့စားလှီးစား ဝါးမြိုလာခဲ့တာ အခုဆိုရင် ဘယ်အခြေအနေထိရောက်နေပြီလဲဆိုတာ အားလုံးသိကြမှာပါ။

အဲဒါတွေကို မြင်တွေ့နေရတဲ့ မျိုးချစ်ဘုရားသားတော်တွေ၊ မျိုးချစ်လူငယ်တွေက ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေ မသိသေးတာတွေကို သိရှိနားလည်အောင် သွန်သင်ဆုံးမရမည့်တာဝန်ရှိပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေအပေါ် သူတို့တစ်တွေ သမိုင်းအဆက်ဆက်က ရက်စက်ယုတ်မာခဲ့ကြတာ တွေကို ဟောပြောဆုံးမမိခဲ့ရင် အကြမ်းဖက်မှုတွေ ဖြစ်အောင်လှုံ့ဆော်သူလို့ ကင်ပွန်းတပ်ကြမှာလား ?

ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာအပေါ်မှာ မတရား အနိုင်ကျင့်ခံရတာကို မတရားအနိုင်ကျင့်ခံရပါတယ် လို့ ပြန်ပြောပြခွင့် မရှိတော့ဘူးလား။ ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်မှာစိုးလို့ ကိုယ့်ညီမတွေ ကိုယ့်သမီးတွေ လူမျိုးခြားနဲ့ ယဉ်ပါးနေရင်လည်း မသိချင်ယောင်ဆောင်နေရမှာလား ? ကိုယ့်ညီမတွေ ကိုယ့်သမီးတွေကို လူမျိုးခြားက မတရားစော်ကားသွားရင်ကော ကိုယ့်ဘာသာကျိတ်ခံစားနေရမှာလား?

ကိုယ့်လူမျိုးကို လူမျိုးခြားတွေက အုပ်စုလိုက် ဝိုင်းသတ်နေကြရင်တောင် မမြင်ချင်ယောင်ဆောင်နေရမှာလား? တရားဥပဒေကကော အမှန်တရားဘက်ကနေ ရပ်တည်ပြီးတော့ အကာအကွယ်ပေးမှာလား ? ဆိုတာကို သမာသမတ်ကျလှပါတယ်ဆိုတဲ့ ဆရာကြီးများကို မေးကြည့်လိုက်ချင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အုပ်စုလိုက် ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ရင်တော့ အခြေအနေတွေ လက်မလွန်ခင် ထိန်းသိမ်းပေးရမှာက အစိုးရနဲ့ တရားဥပဒေရဲ့တာဝန်ပဲဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်သူများအဖွဲ့ကတော့ သူ့အလုပ်သူ လုပ်ပေးနေကြရမှာပါ။ ဆူပူမှု အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို ကြောက်လို့ ဘယ်လူမျိုးခြားက ကိုယ့်လူမျိုးကို ဘယ်လောက်ပဲ ဝါးမြိုဝါးမြို၊ ဘယ်လောက်ပဲ လှီးစားဖဲ့စား မတရားစော်ကားနေနေ လက်ပိုက်ကြည့်နေကြမယ်ဆိုရင် ငါးနှစ်အတွင်းမှာပဲ မြန်မာနိုင်ငံမှာ အလွန်လှပတင့်တယ် ကျက်သရေမင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံလှပါတယ်ဆိုတဲ့ စေတီပုထိုးတွေ ကျောင်းတော်ကြီးမျိုးစုံ ရိပ်သာဓမ္မာရုံတွေ ပြာပုံဘဝရောက်သွားနိုင်ကြောင်းကို ကောင်းကောင်းသိကြမှာပါ။

အဲဒီတော့ ကျုပ်တို့က ဘာလုပ်ကြရမှာလဲဆိုရင် ဘာသာခြားလူမျိုးခြားတွေနဲ့ သူတို့ အဆောက်အအုံတွေ ပစ္စည်းတွေကို လက်ဖျားလေးနဲ့တောင်သွားတို့စရာ မလိုပါဘူး။ ကျုပ်တို့လူမျိုးအချင်းချင်း ရှေးကထက်ပိုပြီးတော့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်ကြရမယ်၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်ဆိုင်မှာပဲ ဈေးဝယ်ကြရမယ်၊ ကိုယ့်လူမျိုး ကိုယ့်ဘသာဝင်အချင်းချင်းသာ ထိမ်းမြားလက်ထပ်ကြရမယ်-ဆိုတဲ့ ကိုယ့်လူမျိုးရဲ့ သံမဏိအတွင်းစည်းကမ်းတွေကို ကိုယ့်မိသားစု အချင်းချင်း၊ ကိုယ့်ဆွေမျိုး ညီအစ်ကို မောင်နှမအချင်းချင်း နားလည်သဘောပေါက်အောင် သွန်သင်ညွှန်ပြ ဆိုဆုံးမပေးကြရပါမယ်။ ကိုယ့်သားသမီးလေးများကို ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်းကျောင်းများသို့ မဖြစ်မနေ (အချိန်ပိုင်းလေးပဲဖြစ်ဖြစ်) ပို့ပေးကြရမှာပါ။ လူတိုင်းလူတိုင်း ဗုဒ္ဓတရားတော်ကို နားလည်အောင် လေ့လာသင်ကြား မှတ်သားနာယူကြရမှာပါ။

ကျုပ်တို့ မြတ်စွာဘုရားက သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲတာတွေ၊ သူတစ်ပါး သားမယားကို မတရားစော်ကားတာတွေ၊ သူတစ်ပါး ပစ္စည်းလုယက်ဖျက်ဆီး ခိုးယူတာတွေ၊ လိမ်ညာလှည့်ဖြားတာတွေ၊ မူးယစ်ဆေးဝါး သောက်သုံးမှီဝဲတာတွေ၊ ကြမ်းကြမ်းတမ်းတမ်း ဆဲဆို၊ ဂုန်းတိုက်၊ မိုက်မိုက်ရိုင်းရိုင်း ညစ်ညမ်းယုတ်မာတဲ့ အပြောအဆိုတွေ အလုပ်တွေကို အမြဲတမ်း ရှောင်ကြဉ်ကြဖို့ မိန့်တော်မူခဲ့ပါတယ်။

အဲဒီတော့ ဗုဒ္ဓဘာသာပီပီ ဘယ်သူတွေက ဘယ်လောက်ပဲ ယုတ်မာနေနေ ကိုယ်ကတော့ သူတော်ကောင်းတရားလက်ကိုင်ထားပြီး စိတ်ကောင်းမွေးကာ ဘယ်သူတော်တော် မတော်တော် ကိုယ်တိုင်က တော်အောင်ကြိုးစားကြပါ။ ဘယ်သူတွေက ကောင်းကောင်း မကောင်းကောင်း ကိုယ်ကတော့ ကောင်းအောင်ကြိုးစားကြရမှာပါ-ဟု မေတ္တာဖြင့် ရေးသားတင်ပြလိုက်ပါတယ်။

အရှင်ဇဝန (ကုန်းဇောင်း)

မိုးမခ
မူရင်းလင့်ခ်
http://moemaka.com/?p=33944



အမျိုး၊ ဘာသာ၊ သာသနာ နှင့် ဟိုလော … သည်လော … (၁)
ကျော်ငြိမ်းမိုး၊ ဧပြီ ၁၅၊ ၂၀၁၃
(မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်)
            မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောမြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သည်ဟု ထပ်တခါပြောလိုက်ရခြင်းမှာ ပြောလောက်ရသည့်အကြောင်းများ ရှိ၍လာသောကြောင့် ဖြစ်သည်။ သည်လို … ။
            မြန်မာနိုင်ငံဟာ လူမျိုးစုံ၊ ဘာသာစုံဖြစ်တဲ့အတွက် အခုလို ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ပြောခြင်း၊ သတ်မှတ်ခြင်းက ဖြစ်သင့်ပါရဲ့လား။ တရားမျှတပါရဲ့လားတဲ့။
            မြန်မာနိုငံဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို တောင်းဆို၊ ကျင့်သုံးဖို့ကြိုးစားနေတာဖြစ်တဲ့အတွက် အခုလို မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်လို့ တွေးခေါ်ခြင်း၊ ပြောဆိုခြင်း၊ သတ်မှတ်ခြင်းက ဖြစ်သင့်ပါရဲ့လား။ တရားမျှတပါရဲ့လားတဲ့။
            နောက်ထပ်ယူလာသေးတာက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒီးဒုတ်ဦးဘချိုရဲ့စကားပဲ။ ဆိုလိုတာက မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေ၊ ခရစ်ယာန်တွေပါ ပါဝင်နေထိုင်ပြီး၊ လွတ်လပ်ရေးအတွက် အတူတိုက်လာခဲ့ပြီး ခုကျမှ အခုလို ဗုဒ္ဓဘာသာတိုင်းပြည်အဖြစ်ပြုလုပ်လိုက်ခြင်းဟာ၊ ဖြစ်သင့်ပါရဲ့လား။ တရားမျှတပါရဲ့လား။ “နိုင်ငံရေးက နိုင်ငံရေး၊ ဘာသာရေးက ဘာသာရေး သက်သက်လုပ်စမ်းပါ ဆရာရယ် … ” ဆိုတဲ့စကား …
            တွေ့ ရှိချက်ကိုပြောမယ်နော် … ။      
            တရားဝင်စစ်တမ်းတွေအရ ကမ္ဘာ့လူဦးရေးရဲ့  ၃၃% (၂ ဘီလျံ)က ခရစ်ယာန်၊ ၁၈% (၁.၃ ဘီလျံ)က အစ္စလမ်၊ ဟိန္ဒူက ၁၆% (၉၀၀ မီလျံ)၊ ဘာသာမဲ့က ၁၆% (၈၅၀ မီလျံ)၊ ပြီးတော့မှ ဗုဒ္ဓဘာသာက ၆% (၃၆၀ မီလျံ)လို့ တွေ့ ရှိရတယ်။ (buddhist studies: statistics on buddhists, 2008)
            ကိုးကွယ်သူဦးရေအများဆုံးဖြစ်တဲ့ ခရစ်ယန်နိုင်ငံတွေအများစုဟာ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စစ်ရေး၊ နည်းပညာ၊ စက်မှုနဲ့ အတွေးအခေါ်မြော်မြင်မှုပိုင်းမှာ တိုးတက်ပြီး၊ ရှေးရောက်ပြီး ဖြစ်တယ်လို့ဆိုရမှာ ဖြစ်သလို၊ အဲ့ဒီနိုင်ငံများဟာ ၂၁ရာစုမှာ ဂုဏ်ယူစွာကြွေးကြော်လေ့ရှိတာတခုက သူတို့ရဲ့ လူ့အဖွဲ့အစည်းဟာ OPEN SOCIETY (ပွင့်လင်းလူ့အဖွဲ့အစည်း)၊ DIVERSITY လူမျိုးစုံ၊ ဘာသာစုံ၊ အတန်းအလွှာ၊ အယူဝါဒစုံ နေထိုင်နိုင်တဲ့၊ လွတ်လပ်ပြီး လူ့ အခွင့်အရေးအပြည့်အဝရှိတဲ့ နိုင်ငံတွေတဲ့။
            အဲဒီလို တိုးတက်ပြီး DIVERSITY ဖြစ်တဲ့နိုင်ငံတွေများမှာတောင် သူတို့ရဲ့တရားဝင်ဘာသာတရားဟာ ခရစ်ယာန်ဖြစ်တယ်ဆိုတာ ဘယ်သူမှ အငြင်းမပွားကြဘူး။ နိုင်ငံတော်အခမ်းအနားတွေ၊ နိုင်ငံရဲ့အားလပ်ရက် သတ်မှတ်မှုတွေ၊ နိုင်ငံရဲ့ဓလေ့ထုံးတမ်း အစဉ်အလာတွေ၊ ယဉ်ကျေးမှုတွေ၊ သီချင်းတွေကအစ ခရစ်ယာန် ဘာသာတရားကို အခြေခံထားကြပြီး၊ ခရစ်ယာန်အယူဝါဒကို ရောင်ပြန်ဟပ်၊ ကိုယ်စားပြုထားတာတွေ့ ရမယ်။
            ဘာကြောင့်လဲ။ သူတို့ကလူများစုလေ။ ခရစ်ယာန်ဘာသာဝင်တွေက အဲဒီနိုင်ငံများမှာလူများစုဖြစ်ပြီး၊ သူတို့ရဲ့ချွေးတွေ၊ သွေးတွေ၊ ယုံကြည်မှုတွေနဲ့ သူတို့နိုင်ငံကို တည်ဆောက်ထားကြတာလေ။ သူတို့ ကိုးကွယ်ရာဖြစ်တဲ့ ခရစ်ယာန်ဘာသာကို တရားဝင် နိုင်ငံတော်ဘာသာအဖြစ် တိုက်ရိုက်သတ်မှတ်ပြီးလို့ပဲ ဖြစ်စေ၊ သွယ်ဝိုက်လို့ပဲဖြစ်စေ ကျင့်သုံးတာ တရားမျှတမှုရှိရဲ့လား၊ ဖြစ်သင့်ရဲ့လားလို့မေးခွန်းထုတ်တာဟာ ထုတ်တဲ့သူအနေနဲ့ ကြောင်းကျိုးညီညွတ်ရဲ့လား၊ မျှတပါရဲ့လားလို့ ပြန်မေးစရာရှိလာတယ်။
            ကမ္ဘာမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ၂၁ရာစု လစ်ဘရယ်ဒီမိုကရေစီရဲ့ပြယုဂ်ကြီး၊ ဘာသာရေးနဲ့ နိုင်ငံရေးကို သီးခြားထားရှိရေး (Speration of Church and State) အယူအဆရှေ့ ဆောင်ကြီးကိုပဲကြည့်ပေါ့။ သူ့ ဖွဲ့ စည်းပုံဥပဒေရဲ့ ကျောရိုးဖြစ်တဲ့ လွတ်လပ်ရေးကြေငြာစာတမ်းမှာ လူသားတို့ရဲ့တန်းတူမှုနဲ့  အခွင့်အရေး တွေကို ဖန်းဆင်ရှင် (ဘုရားသခင်) က ပေးအပ်ထားတယ်ဆိုတာကို အတိအကျထည့်သွင်းထားတာ တွေ့ရမှာ ဖြစ်တယ်။ (Documents from the Continental Congress and the Constitutional Convention, 1774-1789, n.d.) သမ္မတအသစ်တက်လို့ ကျမ်းသစ္စာကျိန်ဆိုရင် တရားသူကြီးချုပ်ရဲ့တိုင်ပေးမှုနဲ့အတူ၊ အမေရိကန် ဖွဲ့စည်းပုံကို အသက်ပေးကာကွယ်မှာဖြစ်ကြောင်း၊ ဘုရားသခင်ကူညီပါဆိုတာကို တွေ့ရမှာဖြစ်သည်။  တရားဝင်နိုင်ငံသုံးငွေ ဒေါ်လာမှာ (IN GOD WE TRUST) ဘုရားသခင်ကို ယုံကြည်ပါ၏ဆိုတဲ့ စာသားလေးကို ထည့်သွင်းထားတာလည်းတွေ့ရမှာဖြစ်သည်။ အမေရိကန်မှာ လူမျိုးစုံ၊ ဘာသာစုံနေတာပဲ။ ဘယ်သူမှဘာမှ မတရားမပြောပါဘူး။ အမေရိကန်ဆိုရင် ခရစ်ယာန်နိုင်ငံလို့ ပဲသိကြတယ် မဟုတ်လား။
            သို့ဆိုလျှင် မြန်မာနိုင်ငံလို နိုင်ငံမျိုးကျမှ၊ ထိုကဲ့သို့ဝေဖန်မှုမျိုး၊ ငြင်းခုံမှုမျိုး အဘယ့်ကြောင့် ဖြစ်လာခဲ့ရ သနည်း။ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း။ မုဆိုးမသွားရာမိုးလိုက်လို့ ရွာဆိုတဲ့သဘောလား။
             မြန်မာနိုင်ငံကို ဗုဒ္ဓသာသနာရောက်ရှိတာ ဘုရားလက်ထက် ကုန်သည် (၂)ဦးကစလို့ အနော်ရထာမင်း တိုင်တဲ့အထိ (၅)ကြိမ်တိုင်ရှိခဲ့တယ်လို့ အထောက်အထားတွေကဆိုသည်။ အနော်ရထာမင်း အေဒီ(၁ဝ၄၄)က စလို့ မြန်မာနိုင်ငံရဲ့ မင်းအဆက်ဆက်၊ နယ်စားမြို့စားအဆက်ဆက်ဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံတော် အဖြစ်တည်ထောင်ခဲ့ကြတယ်။ သာသနာဖြန့်ဖြူးခဲ့ကြတာကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါရေးထားတဲ့ ကျမ်းကြီး ကျမ်းခိုင်တွေအပြင်၊ ဂူးဂဲလ်ပြီး၊ ဝီကီခြင်းနဲ့ လည်း အလွယ်တကူ သိနိုင်သည်။ အထင်အရှားဖြစ်သည်။
            ပုဂံ၊ အင်းဝ၊ စစ်ကိုင်း၊ တောင်ငူ၊ ဟံသာဝတီ၊ မုတ္တမ မြန်မာနိုင်ငံ တနံတလျား ကြိုက်တဲ့နေရာကို သွားပါ။ စေတီ၊ ပုထိုး၊ ဘုရားကျောင်းကန်တွေ လက်ညှိုးထိုးမလွဲ။
            ယေဘုယျအချက်အလက်အဖြစ်၊ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၅သန်းမှာ ၈၉.၂% က ဗုဒ္ဓဘာသာ။ ၅.၀၅% က ခရစ်ယာန်။ အစ္စလမ်က ၃.၇၈% လို့ အထောက်အထားတွေကဆိုသည်။
            ၂၀၀၈ခုနှစ်အထိ မြန်မာတစ်နိုင်ငံလုံးမှာ ဘုန်းကြီးကျောင်းပေါင်း (၅၆၈၃၉)၊ သံဃာဦးရေ၊ ကိုရင် အပါအဝင် (၅၄၆၀၀၀)၊ မယ်သီလရှင်ဦးရေ (၄၃၃၀၀)ရှိသည်။ မြန်မာနိုင်ငံပညာရေးကို ကျေးရွာမှတဆင့် အဏာပိုင်အဖွဲ့ အုပ်ချုပ်သူအဆင့်အထိထိကို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများမှာသာပြဋ္ဌာန်း၍၊ သင်ကြားခြင်း ပြုသောစနစ်ကို အင်္ဂလိပ်တို့ မြန်မာတပြည်လုံး မသိမ်းပိုက်ခင်အထိ ကျင့်သုံးခဲ့ကြသည်။ စနစ်တကျ ဖိနှိပ်ကွပ်ကဲထားသော ကိုလိုနီနယ်ချဲ့များကို၊ တွန်းလှန်ဆန့်ကျင်ဖို့ အမျိုးသားရေးစိတ်၊ နိုင်ငံရေးနိုးကြားစိတ် များကို ဗုဒ္ဓဘာသာကို အခြေပြု၍ ဗုဒ္ဓဘာသာလှုပ်ရှားမှုများက စတင်ခဲ့ကြသည်။ ယနေ့အချိန်အထိ မြန်မာနိုင်ငံမှာအင်အားအကြီးဆုံးနဲ့ တောင့်တင်းအခိုင်မာဆုံးဖြစ်သည့် မြန်မာ့တပ်မတော်ကို ယှဉ်ပြိုင်အံတု နိုင်သည့်၊ တခုတည်းသော စနစ်တကျဖွဲ့ စည်းထားသည့် အင်အားအရှိဆုံး အဖွဲ့အစည်း (Single Institution) မှာ ဗုဒ္ဓဘာသာ၊ သံဃာအဖွဲ့ အစည်းပင်ဖြစ်သည်။ (Steinberg, 2010)။
            အမေရိကန်နိုင်ငံ စတင်မတည်ထောင်မီ၊ လူအခွင့်အရေးကြေညာစာတမ်းကြီးမရေးသားမထုတ်ဝေခင်၊ ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက သမိုင်းကြောင်းဆိုင်ရာ အထောက်အထား အခိုင်အလုံများနဲ့ ပြည့်စုံတဲ့ အပြင်၊ လူဦးရေကပါ အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေနေထိုင်တဲ့တိုင်းပြည်ကို ဗုဒ္ဓဘာနိုင်ငံဖြစ်သည်လို့ သတ်မှတ်တာ၊ ပြောတာကတော့ အတွေးအခေါ်အရလည်းမမှားသလို၊ အချက်အလက်အရလည်းမမှားဘူး ဖြစ်သည်။
            နိုင်ငံရေးဆိုတာဘာလဲ?
            နိုင်ငံရေးဆိုတာ လူတွေရဲ့စားဝတ်နေရေးအရေးအရာတွေကို ဖြေရှင်းတဲ့အရေးအရာတွေအပြင်၊ ပထဝီ ဒေသတခုမှာနေထိုင်တဲ့ လူတွေရဲ့ တန်ဖိုး၊ ကိုးကွယ်ရာ၊ ယုံကြည်မှု၊ အယူဝါဒတွေနဲ့ စံတွေကိုပါဖြေရှင်းရတဲ့၊ တည်ဆောက်ရတဲ့၊ ကာကွယ်ရတဲ့၊ တိုးတက်အောင်လုပ်ရတဲ့ အရာတခု မဟုတ်ပေဘူးလား … ။
            မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်၍ အခြားဘာသာတွေကို မလေးစား ရတော့ဘူးလား၊ မစောင့်ရှောက်ရတော့ဘူးလား ဆိုသည့် တွေးခေါ်မှုက တသီးတခြားစီပဲဖြစ်ပါသည်။
            မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အတွက် အခြားဘာသာတွေ အတွက် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် မရှိတော့ဘူးလားဆိုတာက တသီးတခြားစဉ်းစားရမှာဖြစ်သည်။
            မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်ရဲ့ အခွန်တော်ငွေကို၊ မည်သို့မည်ပုံ တရားမျှတစွာ သုံးစွဲရမလဲဆိုသည်က သီးသန့်ဆွေးနွေးရမည့် အကြောင်း အရာဖြစ်ပါသည်။
            အိုးများ ဘောင်ဘင်ခတ်ရင် ရေဖိတ်စင်ရုံပဲရှိမည်။
            သို့သော် … အတွေးအခေါ်၊ သဘောတရားဘောင်ဘင်ခတ်ရင် အမျိုး၊ ဘာသာ၊ သာသနာ ပျက်ပေတော့မည်။
References
buddhist studies: statistics on buddhists. (2008). Retrieved from buddhanet: http://www.buddhanet.net/e-learning/history/bud_statwrld.htm
Documents from the Continental Congress and the Constitutional Convention, 1774-1789. (n.d.). Retrieved from The Library of Congress: http://memory.loc.gov/cgi-bin/query/r?ammem/bdsdcc:@field(DOCID+@lit(bdsdcc02101))
Steinberg, D. I. (2010). Burma/Myanmar (What Everyone Needs to Know). New York: Oxford University Press, Inc.
ကျော်ငြိမ်းမိုး




ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်းရှိ ရေကျော်ဗလီ မီးလောင်မှုသည် ရှို့ မီးမဟုတ်ဘဲ ပေါ့ဆမှုကြောင့်သာ လောင်ကျွမ်းသည့်မီး ဖြစ်ကြောင်း စုံစမ်းရေး အစီရင်ခံစာအား ကိုးကား၍ ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။
A-fire-at-Botahtaung-Islamic-School-Press-Conserence-ss
ရေကျော် ဗလီ မီးလောင်ရာတွင် လောင်ကျွမ်းခံရသော စောင်တထည်ကို လောင်စာဆီ မပါကြောင်း သက်သေခံအဖြစ် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ ညနေတွင် အစိုးရရုံး၌ မီဒီယာများအား ရှင်းပြနေစဉ်။ (ဓာတ်ပုံ - စောဇင်ညီ၊ မဇ္ဈိမ) ဧပြီလ ၂ ရက်နေ့က လောင်ခဲ့သော မီးမှာ ရှို့မီး မဟုတ်ဘဲ မီးအားမြှင့်စက် အပူလွန်ရာမှ လောင်ကျွမ်းခဲ့ကြောင်း စုံစမ်းရေး အစီရင်ခံစာက ဆိုသည်။
“အပြင်မှာ ကောလာဟလတွေ ထွက်သလို ဘယ်ဘာသာကမှ လာရှို့တာ မဟုတ်ဘူး။ မီးအားမြှင့်စက် အပူလွန်ကဲလို့ လောင်တာပါ” ဟု ဦးမြင့်ဆွေ က ယတိပြတ် ပြောသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၃ နာရီခန့်က အစ္စလာမ် ဘာသာဝင်တို့၏ ဗလီ ဝတ်ကျောင်း မီးလောင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့် မီဒီယာများ ဧပြီလ ၁၀ ရက်နေ့ ညနေက အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံခဲ့သည်။

မီးလောင်စဉ် ဗလီ တာဝန်ရှိသော ဆရာမှာ မီးသတ်ရန်သာ အာရုံရှိနေပြီး ကလေးများအား ကယ်ရန်
မေ့လျော့ခဲ့၍ ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း စုံးစမ်းစစ်ဆေးမှုက ဆိုသည်။
စုံစမ်းစစ်ဆေးရေးခုံရုံး၏ အဆိုပါအစီရင်ခံစာအား အစ္စလာမ် အဖွဲ့အစည်းကြီး ငါးခုကို ချပြရာတွင် ထိုအဖွဲ့များက ယုံကြည်ကြောင်းလည်း ဦးမြင့်ဆွေ က မီဒီယာများကို ပြောသည်။

မီးလောင်ခံရသည့် ဗလီအား မြို့တော်စည်ပင်ထံ စာတင်၍ ပြန်လည် တည်ဆောက်ကာ ဗလီအဖြစ် ဆက်လက် ပြုလုပ်ခွင့်ရှိကြောင်း အစိုးရအဖွဲမှ တာဝန်ရှိသူများက ပြောသည်။


လအတန်ကြာ အလုပ်လုပ်ခဲ့ရ သော်လည်း မည်သည့်လခမျှ မရ သည့် မြန်မာအမျိုးသမီးအိမ်ဖော်တို့ စင်ကာပူအိမ်ရှင်များထံမှ ထွက်ပြေး နှုန်းမြင့်တက်လာလေတော့သည်။အခြား အကြောင်းတစ်ရပ်မှာ လည်း စင်ကာပူရှိ အလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီများကို ပေးရန်ရှိ သည့် ကြွေးများပေးပြီးနောက် အချို့ မှာ လခမကျန်တော့ခြင်း၊ အချို့မှာ ဆယ်ဒေါ်လာ၊ ဒေါ်လာနှစ်ဆယ်မျှ သာ ကျန်ကြတော့ခြင်းကြောင့်လည်း ဖြစ်သည်။စင်ကာပူ အလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီများ၏ ခန့်မှန်းချက် အရမူ စင်ကာပူတွင် မြန်မာအမျိုး သမီးအိမ်ဖော် ၂၇ဝဝဝ မျှရှိကြသည် ဆို၏။ ယင်းတို့အနက် ၇ဝဝဝ ခန့်တို့ မှာ ယမန်နှစ်ကမှ ရောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။မြန်မာအမျိုးသမီး အိမ်ဖော်များ  စင်ကာပူသို့ ရောက်လာကြခြင်း ကြောင့် အင်ဒိုနီးရှားအိမ်ဖော်များကို ငှားရမ်းမှုနှုန်း အတန်ငယ်လျော့ ကျသွားခဲ့သည်။ယခုနှစ် ဇန်နဝါရီလကလည်း ထွက်ပြေးလာကြသော မြန်မာအမျိုး သမီးအိမ်ဖော် ၃၂ ဦးတို့အား စင် ကာပူနိုင်ငံ လူသားချင်း စာနာ ထောက်ထားရေးအဖွဲ့က ကယ်တင် ထားခဲ့ရသေး၏။

ထို့ထက် နှစ်ဆများ သော ထွက်ပြေးလာသူတို့ကို ယင်း အဖွဲ့ကပင်လျှင် ၂ဝ၁၂ ခုနှစ်က စောင့်ရှောက် ထိန်းသိမ်းပေးခဲ့ရသေး သည်။အလုပ်အကိုင်ရှာဖွေရေးကိုယ်စားလှယ်များကမူ ယင်းအိမ်ဖော်များ သည် ကိုယ်ကျင့်တရား မကောင်း ကြကြောင်း သူတို့ကိုပေးရန်ရှိသည် များကို မပေးကြကြောင်း ပြောကြ ပြန်၏။ သူတို့သည် အလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီများအား ဒေါ်လာ ၃၂ဝဝ မှ ၃၃၆ဝ ကို ရှစ်လအထိ ခွဲ၍ပေးကြရသည်။”စင်ကာပူက မြန်မာအမျိုးသမီး အိမ်ဖော်တွေဟာ တစ်လကို ဒေါ် လာ လေးရာ၊ လေးရာကျော်လောက် ပဲရကြပါတယ်။ အင်ဒိုနီးရှားအိမ်ဖော် တွေ ဖိလစ်ပိုင်အိမ်ဖော်တွေထက် ဈေးချိုပါတယ်”ဟု စင်ကာပူနေ မြန် မာတစ်ဦးက ပြောသည်။

ယင်းမှာ အသက်မပြည့်သေး ခြင်း၊ လေ့ကျင့်သင်ကြားမှုမရှိခဲ့ သဖြင့် အရည်အချင်း မပြည့်မီခြင်း၊ အင်္ဂလိပ်လို မ ပြောတတ်ခြင်း နှင့် စင်ကာပူ ဝယ် အလုပ်အ ကိုင်ရှာဖွေရ ခက် ခဲခြင်းတို့ ကြောင့်ဖြစ် ကြောင်း အိမ်ဖော် ပွဲစားများက ပြောပါ သည်။ ”မြန်မာနိုင်ငံက အေးဂျင့်တွေက သူတို့ ရမယ့်ဝန်ဆောင်ခတွေ ကို ပိုတောင်းတာတွေရှိ တယ်။ ဒီဘက်က အင်ဒို နီးရှားအေးဂျင့်တွေနဲ့ အငြင်းပွားကြ တာတွေကြုံရတယ်”ဟု စင်ကာပူ နိုင်ငံ အလုပ်သမားအေဂျင်စီများ အဖွဲ့မှ ဥက္ကဋ္ဌ မစ္စကေဂျာယာပရီမာ က ပြောပါသည်။”တခြား အပိုဆောင်းပေးရတာ တွေလည်း ရှိသေးတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ မြန်မာအေးဂျင့် တွေရဲ့ ဝန်ဆောင်ခမြင့်မားနေတာကို  တစ်ခုခုစီစဉ်ပေးဖို့ လိုတယ်” ဟု လည်း သူက ပြောပါသေးသည်။

 ”အိမ်ဖော်တွေကို ဈေးချိုချိုနဲ့ ငှားထားတယ်ဆိုရင်၊ သူတို့တတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်ကြိုးကြိုး စားစား လုပ်ကြဖို့ ဆွဲဆောင်ကြရ မယ်လို့အိမ်ရှင် တွေကို ကျွန်မ ပြောပြပါတယ်” ဟု စင်ကာပူ မှအလုပ်အ ကိုင်ရှာဖွေ ရေး ကိုယ် စားလှယ် ကာရင်း ချင် က ပြောပါ သည်။”ဘယ် လိုပဲဖြစ်ဖြစ်လေ ဒီအလုပ်ရှင် အလုပ်သမားကိစ္စ တွေကို သက်ဆိုင်ရာသံရုံးတွေနဲ့ညှိနှိုင်း၊ စုံစမ်းစစ်ဆေးစရာရှိ စုံစမ်းပြီး ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်”ဟု စင်ကာပူနိုင်ငံ ပြည်သူ့အင်အားဝန် ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး က ပြောသည်။

စင်ကာပူတွင် လမ်းညွှန်ချမှတ် ထားသည့် ဥပဒေများနှင့် မညီညွတ် သော အလုပ်အကိုင်ရှာဖွေရေးကိုယ် စားလှယ်များကို ဒဏ်ငွေ ၅ဝဝဝ(သို့) ထောင်ဒဏ်ခြောက်လအထိ အပြစ် ပေးနိုင်ပြီး၊ ထောင်ဒဏ် ငွေဒဏ် နှစ် ရပ်စလုံးကိုလည်း တစ်ပေါင်းတည်း အပြစ်ပေးနိုင်သည်။  ယင်းတို့အနေဖြင့် အသက် ၂၃ နှစ်ထက်ငယ်သော အိမ်ဖော်များကို အလုပ်ရှာဖွေမပေးရဟူသည့် စည်း ကမ်းချက်ကိုလည်း ပြဋ္ဌာန်းထား၏။ ယမန်နှစ်ကလည်း သတ်မှတ် ထားသည့် အသက်မပြည့်သော အိမ် ဖော်များကို အလုပ်အကိုင်ရှာဖွေပေး မှုဖြင့် အလုပ်အကိုင်ရှာဖွေရေးအေ ဂျင်စီ ၇ ခုကို သတိပေးခဲ့ရဖူးသေး သည်။”မြန်မာအိမ်ဖော် အမျိုးသမီး တွေဟာ သူတို့နိုင်ငံကထွက်ပြီး ဒီမှာ အလုပ်လုပ်ချင်စိတ်ဇောကြောင့် ဘယ်လိုစာချုပ်စာတမ်းမျိုးကိုမဆို သဘောတူတတ်ကြတယ်။ ခုလိုဖြစ် ရပ်တွေကို ကာကွယ်ဖို့အတွက် မြန် မာ-စင်ကာပူ နှစ်နိုင်ငံက အစိုးရ အဖွဲ့တွေအနေနဲ့ တိတိကျကျ စုံစမ်း စစ်ဆေးကြဖို့လိုတယ်” ဟု စင်ကာပူ ပြည်ထဲဝန်ကြီးဌာနမှ အမှုဆောင် အရာရှိ ဘရစ်ဂျက်တန်က ပြောပါ သည်။

ရန်မျိုးအောင် - Popular Myanmar News Journal
ဧပြီ ၄ ရက်နေ့က စင်ကာပူနိုင်ငံ လေဆိပ်ဟောင်းလမ်းစားသောက်ဆိုင်အနီး တငိုငိုတရယ်ရယ်ဖြစ်နေသော မြန်မာအိမ်ဖော်အမျိုးသမီးတစ်ဦးအား တာဝန်ရှိတပ်ဖွဲ့ဝင်များက ဖေးမခေါ်ဆောင်နေကြစဉ် (PHOTO: SHIN MIN )  Popular Myanmar News Journal



ဦးပဉ္စင်းသည် အစ္စလာမ်ဆန့်ကျင်ရေးတရား ဟောကြားနေသူမဟုတ်ပါ။ အစ္စလာမ်သာသနာကို မဆန့်ကျသင်လို ကိုရ်အန်ကျမ်းကိုလည်း လေးစားပါသည်။ (၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃) ခုနှစ်တွေတုန်းက ကိုအန်ကျမ်းကို လေ့လာဖူးပါသည်။

(၂၀၁၂) ခုနှစ်တွင် ကရဝိက်ဦးမောင်မောကင် လက်ဆောင်ပေးထားသော ကိုရ်အန်ကျမ်းကိုလည်း ယခုအချိန်ထိ ဗီရိုပေါ်မှာ အမြတ်တနိုး သိမ်းဆည်းထားပါသည်။ ကိုရ်အန်ကျမ်းကို လေးစားပါသည်။


ဦးပဉ္စင်းဟောကြားနေသည်မှာ အမျိုးသားရေးတရားတော်များ ဖြစ်ပါသည်။ ဦးပဉ္စင်းသည် မွတ်ဆလင်တွေကို မလိုလားသူလည်း မဟုတ်ပါ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုပဲ ကျင့်သုံးပါသည်။


ဦးပဉ္စင်းတရားထဲတွပင်ါဝင်သော မွတ်ဆလင်တွေအေကြာင်း လေ့လာသင့်ပါသည်။ ဦးပဉ္စင်းဟောသလို ဦးပဉ္စင်းတို့ အမျိုးဘာသာ သာသနာကို စော်ကားမော်ကားပြုသူများမဟုတ်လျှင် ပြန်လည်ဖြေရှင်း တောင်းပန်ပါမည်။ ဦးပဉ္စင်းဟောကြားသည့်အတိုင်း မှန်ကန်လျှင် မိတ်ဆွေတို့ကလည်း ဝန်ခံခြင်း၊ တောင်းပန် ခြင်းများ ပြန်လည်ပြုလ်ုရပ ပါမည်။


ထို့အပြင် အသမငိတ်ဆွေအား နမူနာမေးခွန်းတစ်ချို့ မေးပြလိုက်ပါသည်။


၁။ မိန်းကေလးဖြစ်စေ၊ ယောက်ျားလေးဖြစ် စေ သတငို့မွတ်ဆလင်တွေနှင့် ညားသည့်အခါ အစ္စလာမ်ဘာသာထဲသို့ အတင်းအဓမ္မ သိမ်းသွင်းနေသူများကို သတငို့ အစ္စလာမ်အဖွဲ့ချုပ်က အဘယ်ကြောင့် အေရးမယူဘဲ မသိကျိုးကျွံ ပြုနေပါသနည်း။


၂။ အစ္စလာမ်မကိုးကွယ်ဘဲ ကိုယ်ယုံက်ြရညာ ကိုးကွယ်သူများကို အဘယ့်ကြောင့် သတ်ဖြတ် ပ်ရစပါသနည်း။ (၂၀၀၃၊ မုံရွာမြို့မြောက်ဘက်၊ အလုံမြို့လေးမှ မစုစုလတ်ကို ရာဇင်နှင့်မိသားစုက အင်္ဂါဇာတ်ကို ဓားနဲ့ ထိုးသတ်ခဲ့သည်။)


၃။ အစ္စလာမ်ထဲသို့ ကြောက်၍ဝရေင်သာ် လည်း ခိုးကြောခငိုးဝှက် ဘုရားသွားကျောင်းတက်၊ ဥပုသ်စောင့်သူကို အဘယ့်ကြောင့် နေ့စဉ်ညှဉ်းဆဲ ရက်စ်ရကပါသနည်း။ (၂၀၁၃- ကေလးမြို့မှ မဝါဝါမြင့်)


၎။ အိရမှတငိုင်းရင်းသားများက သေဘာထားကြီးမားပါလျက် မွတ်ဆလင်တွေက ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓရုပ်ပွားတော်တွေကို ဘာကြောင့် ခါးခါးသီးသီး မုန်းတီးနေကြပါသနည်း။ (ရခိုင် နှစ်ကြိမ် အကြမ်းဖက်မှုနှင့် ဦးပဉ္စင်းတရားထဲ မှာပါသော မွတ်ဆလအင်ချို့)


၅။ မွတ်ဆလင်နှင့်ညားသော မြန်မာအမျိုးသမီးများကို ဘာကြောင့် စစ်သုံ့ပန်းလို ဆွေပြတ်မျိုးပြတ် အဆက်ဖြတ်ထားရပါသနည်း။


၆။ အဆိုပါအမျိုးသမီးများကို ဘာကြောင့် ဘူခါခြုံခိုင်းရပါသနည်း။ အမီနာ၊ အစီနာ နာမည်များ မည့်ခေါ်ထားကြပါသနည်း။


၇။ လိမ္မာယဉ်ကျေးသော အဆိုပါမိန်းကေလးများ မွတ်ဆလလင်က်ထဲရောက်မှ အဘယ့်ကြောင့် ကြမ်းတမ်း ရိုင်းပျမောက်မာ သွားကြပါသနည်း။


၈။ မြန်မာတိုင်းရင်းသား မိဘများက သေဘာမတူ မကြည်ဖြူလို့ ငိုယိုပြန်တောင်းသည့်အခါမျိုးမှာ သမီးနှင့် ဘာကြောင့် တွေ့ခွင့်မေပးပါသနည်း။ အဘယ်ကြောင့် မိဘချင်း ကိုယ်ချင်းမစာ လက်ထပ်စာချုပ်ပြ ပြီး ဗလီထဲဝခင်ွင့် သမီးနှင့် တွေ့ခွင့် မေပးပါသနည်း။


၉။ ဝက်သားစားသောတိုင်းပြည်မှာ နေထိုင်သောသတငို့သည် ဝက်သားကို ခါးခါးသီးသီးမုန်းပါလျက် ဝက်သားစားသော မြန်မာအမျိုးသမီးများကို ဇွတ်ရော အတင်းရော အဓမ္မရော အဘယ့်ကြောင့် သိမ်းပိုက်နေကြပါသနည်း။


၁၀။ ရဟန်းသံဃာများက မကြိုက်မှန်းသိပါလျက်၊ မိဘပြည်သူများက မကြည်ဖြူမှန်းသိ ပါလျက် မြန်မာမိန်းကေလးများကို ပစ်မှတ်ထားသိမ်းပိုက်နေခြင်းကို သတငို့ အစ္စလာမ်အဖွဲ့ချုပ်က ဘာကြောင့် လက်ပိုက်ကြည့်နေပါသနည်း။


၁၁။ လွတ်လပ်စွာ ကိုးကွယ်မှုကို ရ်ရကက်စက်စက် ပက်ပက်နှက်နှက် မိုက်မိုက်မဲမဲ ချိုးဖောက်နေသည့် မွတ်ဆလမင်ျားကို ကိုရ်အန်ကျမ်းက ခွင့်ပြုထားပါသေလာ။


ဦးပဉ္စင်း


ဝီရသူ (မစိုးရိမ်)


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်ပင်မှ လေလံ ကြေငြာတစ်ခုတွင် တည်ဆဲ ဥပဒေများကို ချိုးဖေါက်ပြီး ကြေငြာထားသဖြင့် ဒေသခံများက မြို့နယ် စည်ပင်ကို ဆန္ဒပြကန့်ကွက်သွားမည်ဟု သိရသည်။
buthindawဘူးသီးတောင်မြို့နယ် စည်ပင်သာယာမှ လေလံကြေငြာရာတွင် ၂၀၁၃-၂၀၁၄ ခုနှစ် အတွင်း ဘူးသီးတောင်မြို့နယ် စည်ပင်သာယာ နယ်နမိတ် အတွင်းရှိ ပြည်သူပိုင် လုပ်ငန်းများအား လေလံပစ်ရာတွင် တိုင်းရင်းသား၊ နိုင်ငံသား၊ ဧည့်နိုင်ငံသားများ အနေဖြင့်  လေလံများ ဆွဲယူနိုင်ကြောင်း ကြေငြာ ထားသည်ဟု ဆိုသည်။
“ ကျွန်တော်တို့က ဒီလေလံ ကြေငြာဟာ တည်ဆဲ ဥပဒေတွေကို ချိုးဖေါက်နေသလို နိုင်ငံတော်က ချမှတ် ထားတဲ့  စီးပွားရေး မူဝါဒကိုလည်း တိုက်ရိုက် ဆန့်ကျင်နေတယ်လို့ ယူဆတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ စီပွားရေး ဦးတည်ချက် လေးရပ်ထဲမှာ နောက်ဆုံး အချက်ဖြစ်တဲ့ နိုင်ငံတော် စီးပွားတစ်ရပ်လုံးကို ဖန်တီးနိုင်မူ စွမ်းအားသည် နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင် ရှိရေးဆိုတဲ့ အချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အတွက် မတ်လ ၅ ရက်နေ့က စတင်ပြီး ကြေငြာပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး မြို့နယ် စည်ပင်ကို စတင် ကန့်ကွက်ခဲ့ပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ရတပ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးသန်းလိုင်က ပြောသည်။
၎င်းနောက်ပိုင်း မတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်သို့ ထပ်မံ  စာရေးကန့်ကွက်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသဖြင့် ဧပြီလ ၅ ရက်နေ့က ဘူးသီးတောင်မြို့နယ် စည်ပင်အား ဆန္ဒပြ ကန့်ကွက်ရန် အတွက်  မြို့နယ် ရဲစခန်းတွင် ခွင့်ပြုချက် တောင်းခံခဲ့သည်ဟု ဆိုသည်။
“ မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူ ပြောတာက ခွင့်ပြုချက် တောင်းခံတာ မပြည့်စုံဘူးလို့ ပြောဆိုတဲ့ အတွက် ကျွန်တော်တို့က ပြန်လည် ပြင်ဆင်ပြီးတော့ ဧပြီလ ၆ ရက်နေ့မှာ ထပ်တင်ပါတယ်။ ကျွန်တော်တို့က စည်ပင်သာယာက ကြေငြာကို ပြန်ရုတ်သိမ်းပြီး ပြန်လည် ကြေငြာပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုလားတာက တိုင်းရင်းသားနဲ့ နိုင်ငံသားတွေဘဲ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေကို လေလံ ဆွဲပိုင်ခွင့်ရှိတယ်။ ဧည့်နိုင်ငံသားတွေ ဆွဲပိုင်ခွင့် မရှိဘူး။ ဒါကြောင့် ဧည့်နိုင်ငံသားတွေကို နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေကို ဆွဲပိုင်ခွင့် ရှိတယ်လို့ ကြေငြာမှာ ရေးသားထားတာကို ဖြုတ်ပေးဖို့ တောင်းဆို သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဆန္ဒပြရန် ခွင့်ပြုချက် တောင်းခံရာတွင် အချက် (၄) ချက်ကို ဆန္ဒပြစဉ် တောင်းဆိုခွင့်ပြုရန် တင်ပြထားသည်ဟု ဆိုသည်။
၎င်းတို့မှာ (၁) ဥပဒေနှင့် အညီ ဆောင်ရွက်ပါ။ (၂) ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ။ (၃) ဥပဒေကို လေးစားပါ။ (၄) ရခိုင်ပြည်နယ် စီးပွားရေး တစ်ရပ်လုံးသည် ရခိုင်ပြည်သူနှင့် တိုင်းရင်းသား ပြည်သူများ လက်ဝယ် ခိုင်မြဲစွာ ရှိနေစေရမည် ဆိုသည့် အချက်များ ဖြစ်သည်ဟု ဆိုသည်။
ဆန္ဒပြခွင့်ကို ဧပြီလ ၁၁ ရက်နေ့တွင် ပြုလုပ်ခွင့်ပေးရန် မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့သို့ ထပ်မံတင်ပြ တောင်းဆိုထားသည်ဟု ဦးသန်းလိုင်က ပြောသည်။

Back to the Top

Related Posts Plugin for WordPress, Blogger...