5:30 PM
လူဦးရေ စာရင်း စစ်ဆေးရာတွင် စစ်တွေ၌ အကြမ်းဖက် တိုက်ခိုက်မုများ ပေါ်ပေါက်
Posted by nankeythioo
ဘင်္ဂလီ၊
ဟိန္ဒူ၊ မာရမာကြီးနဲ့ ကမန်တွေရဲ့ လူဦးရေ စာရင်းကို စစ်ဆေးဖို့ အတွက်
ဖွဲ့စည်းထားတဲ့ ဆွဲတင်စစ် အဖွဲ့ဝင်တွေဟာ ဘင်္ဂလီ မူဆလင်ရွာတွေကိုရောက်တာနဲ့
ကျောက်ခဲတွေ၊ တုတ်တွေနဲ့ ၀ိုင်းဝန်း တိုက်ခိုက်တာကို ခံလိုက်ရတယ်လို့
သဲချောင်း မွတ်ဆလင်ရွာကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဆွဲတင်စစ် အရာရှိ
တစ်ဦးက ပြောပါတယ်။ဒီကနေ့ နံနက် ဆွဲတင် စစ်အဖွဲ့တွေဟာ ဘုမေရွာ၊ သက်ကယ်ပြင်၊ ဂျပန်ရွာဟောင်း၊ ဓေါဒူဝ၊ ဗေဒါရွာတွေကို လူဦးရေ စာရင်း စစ်ဆေးဖို့ သွားရာမှာ ရွာလမ်းဝကိုရောက်တာနဲ့ ခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
“ တိုက်ခိုက်တာက ဘင်္ဂလီတွေပါ။ သူတို့က ငါတို့ ဘင်္ဂလီ မဟုတ်ဘူး၊ ရိုဟင်ဂျာတွေပါ။ ရိုဟင်ဂျာ စာရင်းသွင်းပါ ဆိုပြီး အော်ဟစ်ကြတယ်။ တုတ်တွေ၊ ခဲတွေနဲ့ ပစ်ကြတယ်။ ရွာထဲကို အ၀င်မခံဘူး။ ဒါကြောင့် သဲချောင်း မွတ်ဆလင်ရွာမှာ ဘာမှ မလုပ်ဘဲ ပြန်လှည့်ခဲ့ရပါတယ်” လို့ သူက ပြောပါတယ်။
သက်တယ်ပြင်မှာ ဆိုရင် ခုလို ၀ိုင်းဝန်း တိုက်ခိုက်တဲ့ အတွက် သေနတ်တွေ မိုးပေါ် ထောင်ပစ် ခဲ့ရတာတွေတောင် ရှိတယ်လို့ ပြောပါတယ်။
အမြှောက်တပ်က တပ်ကြပ်ကြီး တစ်ဦး ဒဏ်ရာ ရသွာတယ်လို့ သတင်းရကြောင်း သူက ပြောပါတယ်။
ဒီနေ့မှာတော့ ဆွဲတင်စစ် လူဦးရေ စာရင်း စစ်ဆေးမူကို ရပ်နားလိုက်ရပြီ အထက်က ဘယ်လို အမိန့် ညွှန်ကြားချက်လာမလဲဆိုတာ စောင့်နေတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ အစိုးရအဆင့် ထိပ်တန်း လူကြီးတွေ ဒီကိစ္စ အပေါ်မှာ ဆွေးနွေးနေကြတယ်လို့ ပြောပါတယ်။
အခု ပြုလုပ်တဲ့ လူဦးရေ စာရင်း စစ်ဆေးမူဟာ ပြည်နယ် အစိုးရက လုပ်တဲ့ အစီအစဉ် မဟုတ်ဘဲ ဗဟို ပြည်ထောင်စု အစိုးရက လုပ်တာ ဖြစ်တဲ့ အတွက် အခုလို တိုက်ခိုက်မူတွေ ပေါ်ပေါက်လာတာကြောင့် ပြည်ထောင်စု အစိုးရက ဒီကိစ္စ အပေါ် ဘယ်လို ကိုင်တွယ် ဆောင်ရွက်မလဲဆိုတာကိုတော့ စစ်တွေမြို့သူ မြို့သားတွေက အထူး စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။


"/>



Myanmar Kyat Converter
Yangon (Rangoon) Time
0 comments:
Post a Comment