5:56 PM
ဘော်စတွန်မာရသွန်တွင် ပေါက်ကွဲမှုဖြစ်၊ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ
Posted by nankeythioo
ဧပြီ ၁၆၊ ၂ဝ၁၃

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ မာရသွန်ပြိုင်ပွဲကြီးတွင်ဖြစ်ပွားခဲ့သော တနင်္လာ ညနေပိုင်းက ပေါက်ကွဲမှုများကြောင့် ၈ နှစ်အရွယ် ကလေးတဦးအပါအ၀င် စုစုပေါင်း ၃ ဦး သေဆုံးသွားသည်ဟု ဒေသခံ ရဲမင်းကြီး Ed Davis က သတင်းထောက်များကို ပြောဆိုကြောင်း CNN ရုပ်သံက ထုတ်လွှင့်သွားသည်။
ပန်းဝင်ရန် သတ်မှတ်ထားသည့် နေရာတွင် ပေါက်ကွဲခြင်းဖြစ်ပြီး ဒဏ်ရာရာသူ အနည်းဆုံး ၁၄၁ ဦး ရှိကြောင်း၊ ထိုအထဲတွင် ကလေး ၈ ဦး ပါဝင်ကြောင်း ထိုဒေသရှိ ဆေးရုံများကို ကိုးကားပြီး CNN သတင်းတွင် ဖော်ပြထားသည်။
ထိုအထဲတွင် စိုးရိမ်ရသည့်အခြေအနေရောက်နေသူ ၁၇ ဦး၊ ဒဏ်ရာ ပြင်းထန်သူ ၂၅ ဦး ပါဝင်သည်ဟု ဆိုသည်။
ခြေလက် ပြတ်သွားသူတို့ကို သယ်ဆောင်သွားပုံကို သတင်းဓာတ်ပုံတချို့တွင် တွေ့မြင်ရသည်။
အထင်ကရ ပြိုင်ပွဲကြီးဖြစ်သော ဘော်စတွန်မာရသွန်တွင် ပါဝင်ယှဉ်ပြိုင်သူ နှစ်သောင်းကျော် ရှိပြီး ပရိသတ်အများအပြားလည်း တက်ရောက်ခဲ့ကြသည်။
ပေါက်ကွဲမှုဖြစ်ပြီး ထွက်ပြေးကြသည့် ပရိသတ်တို့၏ပစ္စည်းများဖြင့် ပြည့်နေသည့် လမ်းပေါ်တွင် လက်ကျန်ဗုံးရှာဖွေရေးကို အာဏာပိုင်တို့က လုပ်ဆောင်ခဲ့ကြသည်။
ဗုံးတချို့ တွေ့ရကြောင်း၊ ကြိုတင်ပြင်ဆင်ထားသော ရှုပ်ထွေးနက်နဲသော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း အာဏာပိုင်တို့က ပြောသည်။
မည်သည့်အဖွဲ့အစည်း၏ လက်ချက် ဖြစ်သည်ကို မသိရသေးပေ။
နယူးယောက်မြို့ မျှော်စင်ညီနောင် တိုက်ခိုက်မှု၏လက်သည် အိုစမာဘင်လာဒင်ကို သုတ်သင်ရေး အကောင်အထည် ဖော်နိုင်ခဲ့သည် သမ္မတ အိုဘားမားက
ဘော်စတွန်မြို့ဖြစ်ရပ်နှင့် ပတ်သက်ပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။
“(တိုက်ခိုက်မှုကို) ကျူးလွန်တဲ့သူ၊ ကျူးလွန်တဲ့ အဖွဲ့မှန်သမျှဟာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူခံရမှာ ဖြစ်ပါတယ်” ဟု အိုဘားမားက ပြောဆိုလိုက်သည်။
အမေရိကန်အားလုံးက ဘော်စတွန်မြို့သူမြို့သားတို့နှင့်အတူ ရပ်တည်ပေးနေမည်ဖြစ်ကြောင်း အိုဘားမားက ပြောသည်။


"/>



Myanmar Kyat Converter
Yangon (Rangoon) Time
0 comments:
Post a Comment