ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ်တွင် ကျင်းပမည့် အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒရယူပွဲများသို့ တက်ရောက် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။ ဇန်န၀ါရီလ ၁၈ ရက်နေ့ နံနက်တွင် နေပြည်တော်မှ ကားဖြင့်ထွက်ခွာပြီး ညနေ ၄ နာရီခွဲတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ လူထုဆန္ဒ ရယူပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး၊ ဇန်န၀ါရီလ ၁၉ရက်နေ့ နံနက်တွင် လှိုင်းဘွဲ့မြို့ ကပ္ပလီကျေးရွာသို့ သွားရောက်ကာ လူထုဟောပြောပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...