ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက အားလုံးညီညီညွတ်ညွတ် လုပ်၊ သဘောထား မကွဲလွဲကြနဲ့၊ သဘောထား ကွဲလွဲလို့ မဖြစ်ဘူး ဟု မှာကြောင်း ကြံ့ခိုင်ရေးပါတီ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း၏ ပြောကြားချက်ကို ယနေ့ထုတ် The Messenger ဂျာနယ်တွင် ဖော်ပြထားသည်။ လက်ရှိဖွဲ့စည်းပုံသည် ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သည့် ၁၉၄၇ အခြေခံ ဥပဒေကို အခြေခံပြီး ရေးသားထားခြင်း ဖြစ်ကြောင်း၊ ပုဒ်မ ၅၉(စ) ပြင်ဆင်မည့် ကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ထဲတွင် ပြင်ဆင် မည် ဆိုလျှင်လည်း အောင်မြင်ရန် ခဲယဉ်းမည် ဖြစ်ကြောင်း ဂျာနယ် အင်တာဗျူးတွင် ဦးအောင်သောင်းက ဖြေကြားထားခြင်း ဖြစ် သည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...