ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ရမည်းသင်း ရွှေတောရှိ အလုပ်သမားများ တနိုင်တပိုင် လုပ်ခွင့်ပြန်ရရန် ဆန္ဒထုတ်ဖော် အရေးဆို။  Photo (Messenger News Journal-Facebook)

ရမည်းသင်း ရွှေတော အလုပ်သမားများ တပိုင်တနိုင် လုပ်ခွင့်ပြန်ရရန် ဆန္ဒထုတ်ဖော်။

ရမည်းသင်း၊ ဇွန် ၁

ရမည်းသင်းမြို့နယ်၊ မိုးထိ-မိုးမိဒေသ ရွှေသတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းရှိ မိုင်းအလုပ်သမားများနှင့် 


 စက်လုပ်ငန်းရှင်များသည် တနိုင်တပိုင် လုပ်ကွက်များ ပြန်လည်လုပ်ခွင့်ပြုရန် ဇွန်လ ၁ ရက်နေ့ မနက်က 

စတင်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုနေကြကြောင်း သတင်းရရှိသည်။



မိုထိ-မိုးမိဒေသ ရွှေသတ္တုတူးဖော်ထုတ်လုပ်ရေး လုပ်ကွက်များကို အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု 


ကုမဏီလီမိတက်က နိုင်ငံတော်နှင့် အကျိုးတူလုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်ကာ ပြီးခဲ့သည့် ဧပြီလမှ စတင်ပြီး 

တနိုင်တပိုင်လုပ်ကွက်များ ရပ်ဆိုင်းစေခဲ့ကြောင်းသိရသည်။

"တစ်လခွဲကျော်ပြီ။ တချို့တွေ စားစရာတောင် မရှိတော့ဘူး။ ဆန်ပြုတ်ပြုတ်သောက်ရတဲ့ အဆင့်ဖြစ်နေပြီ။ 


လုပ်ခွင့်မပေးတော့ပဲ သူတို့ဆီမှာ အခြေခံလစာ တစ်သိန်းနဲ့ ခန့်မယ်ပြောတယ်။ ဒီတောထဲ တောင်ထဲမှာ 

အဲဒီလောက် လခနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ လုပ်ကွက်တွေ လိုချင်တယ်" ဟု 

ဆန္ဒထုတ်ဖော်သူ စက်လုပ်ငန်းရှင် တစ်ဦးကပြောသည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမဏီက လေးပေပတ်လည်တနိုင်တပိုင် တွင်းများ လုပ်ခွင့်မပေးတော့ပဲ 


အက်ဒစ်ဟုခေါ်သည့် အလျား ၇ ပေ၊ အနံ ၇ ပေ ရှိ အဆင့်မှီ လုပ်ကွက်များလုပ်လိုပါက အကျိုးတူပူးပေါင်း 

ဆက်လက်ဆောင်ရွက်နိုင်ကြောင်း လုပ်သားနှင့် စက်လုပ်ငန်းရှင်များထံ အကြောင်းကြားခဲ့ကြောင်း 

သိရသည်။

"အက်ဒစ်လုပ်ရင် အရင်းအနှီးက သိန်းရာချီရှိတယ်။ ကျွန်တော်တို့ တနိုင်တပိုင်သမားတွေက ဘယ်လိုလုပ် 


တတ်နိုင်မလဲ။ လေးပေပတ်လည်အင်းတွေ ပြန်လုပ်ခွင့်ပေးမှ အဆင်ပြေမယ်"ဟု မိုင်း လုပ်သား 

တစ်ဦးက ပြောသည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမဏီ၏ စီမံကိန်း မန်နေဂျာ ဦးထွန်းအောင်စိုးက မိုးထိ-


မိုးမိဒေသသည် နှစ်ရှည်စီမံကိန်းဖြင့် ရွှေသတ္တုတူးဖော်နိုင်လောက်သည့် နိုင်ငံတကာ 

အဆင့်မှီ ရွှေမိုင်းကြီးဖြစ်သည့်အတွက် လေးပေတွင်းများ အလွယ်တကူ ခွင့်ပြုပေးပါက 

သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့်အပြင် လေးပေတွင်းများသည် လုံခြုံရေးအရ 

ခွင့်မပြုနိုင်လောက်အောင် အန္တရာယ်များသည့်အတွက် ဖြစ်ကြောင်း မီဒီယာများသို့ ရှင်းလင်းပြောဆိုသည်။

"နောက်တစ်ခုက လေးပေတွင်းတွေ မွစိတက်နေရင် အမှန်တကယ်တည်ရှိနေတဲ့ သတ္တုကြောကို 


မရောက်ခင် မြေပြိုတာတွေ ဖြစ်နိုင်တယ်။ အဲဒီအခါ နစ်နာမှာက နိုင်ငံတော်ပါပဲ" ဟု ၎င်းက 

ဆက်ပြောသည်။

ဆန္ဒထုတ်ဖော်သည့် မိုင်းလုပ်သား၊ စက်လုပ်ငန်းရှင်များနှင့် ကုမဏီမှ တာဝန်ရှိသူများ ညှိနှိုင်းလျှက်ရှိပြီး 


အလုပ်သမားများဘက်မှ တနိုင်တပိုင် လုပ်ပိုင်ခွင့်ကိုသာ ဆက်တိုက် တောင်းဆိုနေသလို 

ကုမဏီဘက်မှလည်း ၇ ပေ ပတ်လည် အက်ဒစ်တွင်းများကိုသာ 

လုပ်ခွင့်ပေးတော့မည်ဖြစ်ကြောင်း ပြောဆိုလျှက်ရှိသည်။

မိုးထိ-မိုးမိ ဒေသသည် အကျယ်အ၀န်းဧက ၆၁၀၅ ဧကရှိကာ ပင်လယ်ရေပြင်အထက် အမြင့်ပေ 


၄၆၀၀ ကျော်တွင် တည်ရှိသည်။ ၂၀၀၆ ခုနှစ်ခန့်မှ 

စတင်ပြီး နိုင်ငံအရပ်ရပ်မှ ရွှေ့ပြောင်း ရွှေရှာသူများ ရောက်ရှိလုပ်ကိုင် စားသောက်နေခဲ့ကာ ၂၀၁၁ ခုနှစ် 

စက်တင်ဘာလတွင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမဏီက နိုင်ငံတော်နှင့် အကျိုးတူ 

လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ အမျိုးသားကြီးပွားတိုးတက်ရေး ကုမဏီသည် ကုမဏီ ၂၈ ခု 

ပူးပေါင်းထားသည့် အုပ်စုကုမဏီဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...