ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ည ၉နာရီ ၁၅ ၊ ဇွန် ၁၁၊ ၂၀၂၁၊ YPI

အယ်ကေးဒါး အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဟု မသင်္ကာသူ AZG (နယ်သာလန် အခြေစိုက် နိုင်ငံတကာ အန်ဂျီအို) အဖွဲ့မှ ၀န်ထမ်းတဦး၏ အိမ်တွင် လက်နက်သေတ္တာ ၂ လုံး ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိသည်ဟု စစ်တွေမြို့ လုံခြုံရေးအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။ ရှာဖွေတွေ့ရှိသည့် အိမ်မှာ AZG ၀န်ထမ်း တဦးဖြစ်သူ ဦးကျော်လှအောင် ၏ နေအိမ်ဖြစ်၍ ယင်းနေအိမ်မှာ စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက် ဗလီအနီးတွင် တည်ရှိသည်ဟု စစ်တွေမှ လာသည့် သတင်းများ အရသိရသည်။


ဦးကျော်လှအောင်၏ လုပ်ဖေါ်ကိုင်ဖက် ၀န်ထမ်းနှစ်ဦးမှာလည်း တိမ်းရှောင်လျှက်ရှိပြီး ၎င်းတို့အမည်မှာ ကိုဇော်လင်းထွန်းနှင့် ကိုလှရွှေ တို့ဖြစ်သည်ဟု သိရှိရသည်။


ယင်းလက်နက် သေတ္တာ ၂ လုံးတွင် သေနတ်များ၊ ခဲယမ်းမီးကျောက်များ ပါဝင်ကာ အခြားသော စာရွက်စာတမ်းများပါ ပါဝင်သည်ဟု သိရှိရသည်။

စစ်တွေမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်များတွင် အာရ်ပီဂျီ ပခုံးထမ်းလောင်ချာ လက်နက်များလည်း ဘင်္ဂါလီ အကြမ်းဖက်သူများထံမှ တွေ့ရှိရသည်ဟုလည်း မျက်မြင်သက်သေများက ဆိုသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...