ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန ။       ။ အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ လုံခြုံရေးစိုးရိမ်မှု မှာ မြောက်ကိုရီးယား ဖြစ်ကြောင်း သံတမန် သတင်းရပ်ကွက်တခုက ပြောသည်။

သမ္မတ အိုဘားမား၏ အတွက် လုံခြုံရေးကို အမေရိကန် Secret Service များက ၎င်းတို့ဘာသာ လုပ်ဆောင်ခွင့်
မြန်မာဘက်က ပေးထားပြီး လက်နက်များပါ မိမိအစီအစဉ်ဖြင့် သယ်ယူတင်သွင်းခွင့် ပြုထားကြောင်းလည်း
နေပြည်တော် သတင်းရပ်ကွက်တခုက ဆိုသည်။

“ယခုအချိန်အထိ သမ္မတအိုဘားမား ဘယ်မှာတည်းမယ်။ နေရာ အတိအကျတွေကို အမေရိကန်ဘက်က မပေးဘူး” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

မြောက်ကိုရီးယား ပညာရှင်အချို့ မြန်မာနိုင်ငံထဲတွင် ရှိနေဆဲဖြစ်သည်ဟု အကဲခတ်များက ထင်မြင်ချက် ပေးထား ကြသည်။

မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတအနေဖြင့် ပထမဆုံး ရောက်လာမည့် ခရီးစဉ်အတွင်း ရန်ကုန်မြို့သို့ သွားရောက် မှာဖြစ်သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသော်လည်း နေပြည်တော်သို့ သွားရောက်မည် မသွားရောက်မည်ကိုမူ လျို့ဝှက်ထားဆဲ ဖြစ်သည်။

သီးခြား အတည်မပြုနိုင်သော်လည်း သတင်းရပ်ကွက်များအရ သမ္မတ အိုဘားမားမှာ မြန်မာသမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံမည်ဟုဆိုသည်။

ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်သို့ နိုဝင်ဘာလ ၁၉  ရက်နေ့ နံနက်တွင် ရောက်ရှိလာမှာ ဖြစ်ပြီး ထိုနေ့ မွန်းလွဲပိုင်းတွင် ပင် လေဆိပ်မှ ပြန်လည်ထွက်ခွာမည်ဟု ရန်ကုန်ရှိ အမေရိကန် သံရုံးထုတ်ပြန်ချက်တွင် တွေ့ရသည်။

အိုဘားမားခရီးစဉ်တွင် လုံခြုံရေး စိုးရိမ်ရလျှင် ဖျက်သိမ်းရန်အထိပါ စဉ်းစားထားသော်လည်း မြန်မာဘက်ကတော့
နေပြည်တော်ကို အရောက်လာစေချင်သည်ဟု သံတမန် သတင်းရပ်ကွက်က ပြောသည်။

၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ်ကို လုပ်ကြံ သတ်ဖြတ်ရန် မြောက်ကိုရီးယားက လျို့ဝှက်စေလွှတ်ကာ လုပ်ဆောင်ခဲ့ရာတွင် တဦးကို လက်ရ ဖမ်းမိခဲ့သည်။ သူက မြောက်ကိုရီးယား စစ်ဘက် အရာရှိဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ရန်ကုန်မြို့ အာဇာနည်ကုန်းတွင် ဗုံးခွဲလုပ်ကြံမှုကြောင့် တောင်ကိုရီးယား အစိုးရအဖွဲ့ဝင်များ အပါအဝင် ၂၁ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့သည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...