Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
7:35 PM
Posted by
nankeythioo
ဟာမတ် အစိုးရရုံးတွေကို အစ္စရေးတိုက်ခိုက်
 |
ဂါဇာဒေသကို အစ္စရေး လေကြောင်း တိုက်ခိုက်မှု ပုံရိပ်တချို့။ (နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၂)။ |
ဂါဇာ ကမ်းမြှောင် ဒေသထဲမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုက ပါလက်စတိုင်း
ဟားမတ်အစိုးရ အဆောက်အဦးကို ထိမှန်ခဲ့ပါတယ်။ စနေနေ့ အစောပိုင်း ဂါဇာ ဒေသ
တိုက်ခိုက်မှုထဲမှာ ဟားမတ် ၀န်ကြီးအဖွဲ့ရဲ့ ဌာနချုပ်ကို ပစ်မှတ်ထား
တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ထိခိုက် ဒဏ်ရာရတဲ့စာရင်း အသေးစိတ်တော့
မရသေးဘူးလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ သောကြာနေ့က ဂါဇာ
ကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း ဟားမတ်စစ်သွေးကြွတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေ
အကြား ဒုံးလက်နက်တွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုနောက်ပိုင်း ဖြစ်ပွားခဲ့တာ
ဖြစ်ပါတယ်။ ပါလက်စတိုင်း ဒုံးကျည်တစင်း ဂျေရူစလင် မြို့ပြင်နားကိုလည်း
ထိမှန် ကျရောက်ခဲ့ပါတယ်။
ဂျေရူစလင် မြို့နားမှာ မမျှော်လင့်တဲ့
တိုက်ခိုက်မှုအပြီး သောကြာနေ့က ဂျေရူစလင်မြို့ တလွှား လေကြောင်း
အချက်ပေးသံတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။ ဂါဇာ ကမ်းမြှောင်ဒေသမှာ
ဖြစ်လာနိုင်တဲ့ မြေပြင် တိုက်ခိုက်မှုတွေ အတွက် တပ်ဖွဲ့ဝင်အင်အား ၇၅,၀၀၀
လောက် ချထားနိုင်ဖို့ အစ္စရေး အရံတပ်ဖွဲ့ အင်အားတွေ တိုးမြင့် ခေါ်ယူနေပါတယ်။
နှစ်ဘက်အကြားမှာ လတ်တလော အခြေအနေအရတော့ စစ်ပွဲတပွဲအသွင် ပေါက်ကွဲလာမယ့် အသွင်ကို ဆောင်နေတယ်လို့ အကဲဖြတ်တွေက ပြောဆိုပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
0 comments:
Post a Comment