11:15 PM
အမေရိကန်နိုင်ငံရေးလောက၏ နာမည်ကျော် Foreign Policy Magazine မှ ရွေးချယ်သည့် ကမ္ဘာ့ဉာဏ်ကြီးရှင် ၁၀၀ စာရင်း၌ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နံပါတ်တစ်နေရာတွင် ပူးတွဲဖော်ပြခံရ
Posted by nankeythiooWednesday, 28 November 2012 09:38 | |
![]() ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ဉာဏ်ကြီးရှင် ၁၀၀ ကို အမေရိကန် Foreign Policy မဂ္ဂဇင်းက ရွေးချယ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့က ပထမနေရာတွင် ပူးတွဲရပ်တည်ခဲ့သည်။ အပြောင်းအလဲသည် မည်သည့် နေရာတွင်မဆိုဖြစ်နိုင်ပြီး ကမ္ဘာပေါ်ရှိ ဖိနှိပ်မှုအများဆုံးနိုင်ငံတစ်နိုင်ငံတွင်ပင် ဖြစ်နိုင်ကြောင်း ပြသခဲ့မှုအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်ကို ရွေးချယ်ရခြင်းဖြစ်ကြောင်း မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ ဒုတိယနေရာတွင် အာရပ်နွေဦး ၏အိုင်ဒီယာများကို ဆက်လက်ရှင်သန်စေသူအဖြစ် တူနီးရှားသမ္မတ မွန်ဆက်ဖ်မာဇိုကီကို ရွေးချယ်ခဲ့သည်။တတိယနေရာတွင် ဘီလ်နှင့် ဟီလာရီကလင်တန် ဇနီးမောင်နှံကို ရွေးချယ်ခဲ့ပြီး အနာဂတ်အတွက် ဆက်လက်တွေးခေါ်နေနိုင်မှုအတွက် ရွေးချယ်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ အာရပ်နွေဦးလှုပ်ရှားမှုအတွက် မျော်လင့်ချက်များ မှေးမှိန်လာနေပြီး ပြည်တွင်းစစ်တွင်းသက်ဆင်းနေသော ဆီးရီးယားကို ကမ္ဘာက ကြည့်နေရသည့် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ၏အခြားတစ်ဖက်၌ ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင် အုပ်စိုးမှုစာရင်းဝင် မြန်မာနိုင်ငံက ဖြစ်လာနိုင်ဖွယ်မရှိဟု ယူဆခဲ့ရသည့် မဟာမိတ်နှစ်ဦး၏ ခေါင်းဆောင်မှုအောက်တွင် ပြုပြင်ပြောင်းလဲမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း Foreign Policy မဂ္ဂဇင်းကဖော်ပြခဲ့သည်။ ယခင်ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး သမ္မတဖြစ်လာခဲ့ရာ နှစ် ၂၀ နီးပါး အကျယ်ချုပ်ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့ပြီးနောက် စီးပွားရေးကို ဖွင့်လှစ်ပေးခဲ့ပြီး လွတ်လပ်စွာဖော်ထုတ်ခွင့်ကို ထိန်းချုပ်ထားခဲ့ခြင်းအား စတင်ဖြေလျော့ပေးခဲ့သည်။
စကားကို ညင်သာစွာပြောတတ်သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန်အတွက် နိုင်ငံရေးမဟာမိတ်တစ်ဦး ဖြစ်လာနိုင်ဖွယ်မရှိဟု ထင်မှတ်ခဲ့ရသည်။ နိုင်ငံရေး၏ လက်တွေ့အရှိတရားကို လက်ခံခဲ့ပြီး သူမ၏ ပုဂ္ဂလိကရပ်တည်မှုအရ ဆောင်ရွက်နိုင်သမျှကို ဆောင်ရွက်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးမိတ်ဖက်ဖြစ်လာခဲ့သည်။ တိုင်းရင်းသားများနှင့် ပဋိပက္ခမှာလည်း မြင့်တက်နေပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ မြန်လွန်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ထားကာ မြန်မာနိုင်ငံ၏ ရုန်းကန်မှုသည် မပြီးဆုံးသေးသော်လည်း သူမနှင့် ဦးသိန်းစိန်တို့၏ လတ်တလော ညှိနိုင်းဆောင်ရွက်ရန်ဆန္ဒနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ ရေး ကာလရှည်ကြိုးပမ်းဆောင်ရွက်ရန်ဆန္ဒတို့က ချီးကျူးရမည်ဖြစ်သည်။ ၁၉၉၁ ခုနှစ်က ရရှိခဲ့သော နိုဗယ်ငြိမ်းချမ်းရေးဆုကို ၂၀၁၂ ခုနှစ် ဇွန်လကမှ လက်ခံယူနိုင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်က အမှောင်မိုက်ဆုံးနေရာများတွင် သူမကဲ့သို့ ရုန်းကန်နေရသူများအတွက် ''အမေ့လျော့ခံရလွန်းတာဟာ တစ်စတစ်စ သေဆုံးသွားတာပါပဲ။ မေ့လျော့ခံရတာဟာ ကျွန်မတို့နဲ့ လူ့အဖွဲ့အစည်းကို ချိတ်ဆက်ပေးထားတဲ့ ကွင်းဆက်တချို့ ပြတ်တောက်သွားတာပါပဲ'' ဟု ကမ္ဘာကို သတိပေးခဲ့သည်။ ထိုသဘောထားသည် အလက်ပိုမှဟာဗားနားထိ၊ ပြုံယမ်းမှ တီဟိရန်ထိ သိရှိခံစားနေရဆဲဖြစ်သလို ထိုခံစားမှုမျိုးသည် အမြဲတမ်း တည်မြဲနေရန် မလိုအပ်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့က ပြသခဲ့ပြီးဖြစ်ကြောင်း Foreign Policy က ရေးသားခဲ့သည်။ ကမ္ဘာ့ဉာဏ်ကြီးရှင် ၁၀၀ စာရင်းမှ ထိပ်ဆုံး ၁၀ ဦး ၁။ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော်အမတ်) နှင့် ဦးသိန်းစိန် (သမ္မတ) ၂။ မွန်ဆက်ဖ်မာဇိုကီ (တူနီးရှားသမ္မတ) ၃။ ဘီလ်ကလင်တန်(အမေရိကန်သမ္မတဟောင်း)နှင့် ဟီလာရီကလင်တန် (အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး) ၄။ ဆီဘက်ရှန်သရွန်း (စက်ရုပ်ကားတော်လှန်ရေးကို ပြန်လည်ဆန်းသစ်သူ အမေရိကန်ကွန်ပျူတာ သိပ္ပံပညာရှင်) ၅။ ဘီလ်ဂိတ်နှင့် မယ်လင်ဒါဂိတ် (ဘီလ်နှင့် မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်း၏ ပူးတွဲသဘာပတိများ) ၆။ မာလာလာယူဆက်ဖ်ဇိုင်ရ် (တာလီဘန်တို့ကိုဆန့်ကျင်ပြီးအမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ပါကစ္စတန်ဆယ်ကျော်သက်) ၇။ ဘာရက်အိုဘားမား (အမေရိကန်သမ္မတ) ၈။ ပေါ်လ်ရိုင်ယန် (အမေရိကန်လွှတ်တော်အမတ်နှင့် ရီပတ်ဘလီကန်သမ္မတလောင်း) ၉။ ချင်ကွမ်းချန် (တရုတ်လူ့အခွင့်အရေးလှုပ်ရှားသူရှေ့နေ) ၁၀။ ဒေးဗစ်ဘလန့်ခ်ဟွန်း (အခွင့်အရေးလှုပ်ရှားသူ)၊ နာရာယနကိုချာလာကိုတား (စီးပွားရေးပညာရှင်)၊ ရစ်ချတ်အေမူလာ (ရူပဗေဒပညာရှင်) |
0 comments:
Post a Comment