ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



56 battleကချင်ပြည် လွတ်လပ်ရေး တပ်မတော် (kIA) မှ ကချင်ပြည်နယ် အရှေ့ဖက် ပန်းဝါမြို့နယ်ရှိ အစိုးရ အမှတ် (၅၆) စခန်းကို ယနေ့နေ့လည်ပိုင်း သိမ်းပိုက်ရရှိခဲ့သည်ဟု KIA အရာရှိတဦးက ပြောပါသည်။
“ ဒီစခန်းကို ပြီးခဲ့တဲ့ (၁၆) ရက်နေ့ကတည်းက ကျနော်တို့အဖွဲ့က တိုက်ခိုက်နေခဲ့တာပါ။ မနေ့ကတော့ တရက်နားပြီး ပြန် လည်ပြင်ဆင်တယ်။ ပြီးမှ ဒီနေ့နေ့လည်မှာ ၀င်သိမ်းတာပါ၊ ဒီစခန်းဟာ တရုပ်ပြည်ရဲ့ နယ်ခြားမှတ်တိုင် (၆) နားမှာဘဲဗျ။”
ဟုဆိုပါသည်။
ဤစခန်းကို KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၃၃) တပ်ဖွဲ့က တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါသည်။ အသေအ ပျောက်စရင်းနှင့် သိမ်းပိုက်ရရှိသော ပစ္စည်းစရင်းများကိုမူ KIAမှ အသေးစိပ်ကို ထုတ်ဖေါ်ပြော ကြားခြင်းမရှိသေးပေ။
အလားတူ တပ်မဟာ (၅) ဒေသ လိုင်ဇာဂွင် တပ်ရင်း (၃) ဧရိယာရှိ အစိုးရထိမ်းချုပ်ထားသည့် ဘွမ်တောင်စခန်း (အရင်KIA တပ်စခန်းဟောင်း) ကိုလည်း KIA က မနက် (၇) နာရီခန့်တွင် ပြင်းထန်စွာ သွားရောက် တိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။
56
KIA အပေါ် အစိုးရ၏ ရဟတ်ယာဉ်စစ်ဆင်ရေး
အစိုးရသည် ပန်းဝါဒေသ စစ်ဆင်ရေးကို မြောက်ပိုင်းတိုင်း တိုင်းမှူးကိုယ်တိုင် ကွပ်ကဲစေပါသည်။ အကျအဆုံးများခြင်း ကြောင့် တပ်မ (88) မှူးအစား လာရောက် ကွပ်ကဲနေရခြင်း ဖြစ်ပါသည်။ ပန်းဝါဒေသသည် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းတွင် အစိုးရတပ်များက စတင် စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး KIA သည် ဒီဇင်ဘာလ (၉) ရက်နေ့မှ တန်ပြန်စစ်ဆင်ခဲ့သည်ဟု ဆိုပါ သည်။
ပန်းဝါစစ်ဆင်ရေးတွင် အစိုးရဖက်မှ ရုရှားလုပ် MI 24 ရဟုတ်ယာဉ် (၂) စင်းဖြင့် ပစ်ခတ်ခဲ့ပြီး လူနာရိက္ခာ၊ လက်နက်ခဲယမ်း များ တင်ဆောင်ရန် အနည်းဆုံးရဟတ်ယာဉ် (၇) စင်းအထိ အသုံးပြုခဲ့သည်ဟု KIA ဖက်ကဆိုပါသည်။
စစ်ရေးအကဲခတ်များကမူ အစိုးရသည် KIA အားအပိုင်းလိုက် ချေမှုန်းရန် ကြိုးစားရာမှ အကျအဆုံးများပြီး အောင်မြင်မှု မရခဲ့ဟု ဆိုပါသည်။ သို့သော် အစိုးရတပ်များသည် နယ်တပ်များ၏ အောင်ပွဲများဖက်သို့ KIA အား အာရုံလွဲရန် တမင်ဖန်တီး တတ်သည်ကိုလည်း သတိပြုရပေလိမ့်မည်ဟု ဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် နယ်တပ်များသည် စခန်းသိမ်း တိုက်ပွဲအင်အားသုံးနေရပြီး လိုအပ်သည့်အခါ အရန်အင်အား ချိနဲ့နိုင်လာသဖြင့် အစိုးရသည် လိုင်ဇာစစ်ဌာနချုပ်ကို အပြင်းအထန် စစ်ဆင်ရန် ဖန်တီးတတ်သောကြောင့် ဖြစ်ပါသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...