Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
7:56 PM
Posted by
nankeythioo
ဖက်ဒရယ်ပြည်ထောင်စု
ဖြစ်လာပါက ဖက်ဒရယ် ပြည်ထောင်စုနှင့် ညီညွတ်သည့် ဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့် တပ်မတော်ဆိုသည့် အချက်များ ဖြစ်လာမည်ဟု
ဝန်ကြီးဦးအောင်မင်း ပြောကြား
ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာပါက
ဖက်ဒရယ် ပြည်ထောင်စုနှင့် ညီညွတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊
ဖက်ဒရယ်ပြည်ထောင်စုနှင့် ညီညွတ်သည့် တပ်မတော်ဆိုသည့် အချက်များ ဖြစ်လာမည်ဟု
သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၁၀ ရက်က
ရန်ကုန်မြို့၌ ပြုလုပ်သော ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေး
ပါတီများ၏ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားသည်။
အဆိုပါ
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရအဖွဲ့နှင့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု
အခြေအနေများအား နိုင်ငံရေးပါတီများအား ရှင်းလင်းပြောကြားရာတွင် ယခုကဲ့သို့
ပြောကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဆွေးနွေးရာတွင် ဖက်ဒရယ်
ပြည်ထောင်စုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခွင့် ပေးထားပြီး
ဖြစ်သည်ဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက ''တိုင်းရင်းသားတွေ တင်ပြတဲ့အချက် ၁၀ ချက်မှာ အရေးကြီးဆုံးက
ဖက်ဒရယ်ပဲ။ ဖက်ဒရယ် ပြည်ထောင်စုကို ဆွေးနွေးလို့ ဖက်ဒရယ် ပြည်ထောင်စု
ဖြစ်လာရင် ဖက်ဒရယ်နဲ့ ညီညွတ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့
ဖက်ဒရယ်ပြည်ထောင်စုနဲ့ ညီညွတ်တဲ့ တပ်မတော်တို့ဆိုတာ ဖြစ်လာမယ်။
ဒါကြောင့်မို့ အဓိကအချက် ဖက်ဒရယ်ကို ခွင့်ပြုထားတာ ဖြစ်တဲ့အတွက်
ဘာမှပြောနေစရာ မရှိဘူး။ အခက်အခဲ မရှိဘူးဆိုတာကို ကျွန်တော်တို့
တွေ့ရပါတယ်'' ဟု ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များ၏ လိုင်ဇာဘုံသဘော တူညီချက် ၁၁ ချက်တွင် ဖက်ဒရယ် ပြည်ထောင်စု
တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေး၊ စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး
အချက်အလက်များ ပါဝင်ကြောင်း သိရပြီး အဆိုပါ တိုင်းရင်းသားများ၏ ဘုံသဘော
တူညီချက်ကို နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်များတွင် မြစ်ကြီးနားမြို့၌
ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏
ဆွေးနွေးပွဲတွင် အစိုးရဘက်သို့ တရားဝင် ပေးအပ်ခဲ့သည်။
နိုင်ငံရေး
ဆွေးနွေးပွဲများ ပြုလုပ်ပါကလည်း ကန့်သက်ချက်များစွာ မရှိကြောင်း၊
မြန်မာနိုင်ငံတော်မှ ခွဲမထွက်ရ ဟူသည့် အချက်နှင့် မြန်မာနိုင်ငံ၏
အချုပ်အခြာ အာဏာကို ထိပါးစေသည့် အကြောင်းအရာများ မလုပ်ရဟူသည့်
အချက်နှစ်ချက်မှလွဲပြီး ကျန်သည့်အချက်များကို ဆွေးနွေးနိုင်ကြောင်း
နိုင်ငံတော် သမ္မတက ပြောကြားထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
ပြောကြားသည်။
ယခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် ဘားအံမြို့တွင်
ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို
အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
ပြောကြားသည်။
0 comments:
Post a Comment