Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
5:21 AM
Posted by
nankeythioo
မြန်မာနိုင်ငံက ရိုဟင်ဂျာ ခေါ် ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊
နိုင်ငံတွင်းက တခြား အစ္စလမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တာတွေကို
တားဆီးကာကွယ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းရေး ဆုံးဖြတ်ချက်ကို
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အင်္ဂါနေ့က အားလုံးသဘောတူ အတည်ပြုခဲ့ပါတယ်။
ဒါဟာ လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း
အဲဒီဆုံးဖြတ်ချက်ကို အတည်ပြုမယ့်သဘောဖြစ်တယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။
အင်္ဂါနေ့ မွန်းလွဲပိုင်းကတော့ မန္တလေးမြို့မှာ OIC ခေါ် အစ္စလမ်မစ်နိုင်ငံများ
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို အလိုမရှိကြောင်း သံဃာတော်တွေဦးဆောင်ပြီး
ဆန္ဒပြခဲ့ကြပါတယ်။ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်
ဦးပွားဘုရားကနေ ဘုရားကြီး အရှေ့မုခ်အထိ ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြရာမှာ
ပါဝင်ခဲ့တဲ့ သံဃာတစ်ပါးက အခုလို မိန့်ပါတယ်။
“ဦးဇင်းတို့
တောင်းဆိုချက်က (၁) တိုင်းရင်းသားအဖြစ် လက်မခံရေး၊ (၂) မြန်မာပြည်ရဲ့
မည်သည့်နေရာတွင်မဆို အိုအိုင်စီရုံးဖွင့်ခွင့်မပြု (၃) ၁၉၈၂ နိုင်ငံသား
ဥပဒေဖြစ်ရမယ်၊ (၄) အိုအိုင်စီ အလိုမရှိ၊ (၅) ခိုးဝင်ဘင်္ဂါလီများအား
ရခိုင်ဒေသမှ အစ္စလာမ်မစ်နိုင်ငံများသို့ အမြန်ဆုံးခေါ်ယူသွားရန်၊
အဲဒီရည်ရွယ်ချက် ၅ ချက်ပါ”
ဆန္ဒပြသံဃာတွေဟာ ဦးပွားဘုရားကို
ပြန်ကြွခဲ့ကြပြီး ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ပါတယ်။ ခွင့်ပြုချက်မရဘဲ
ဆန္ဒပြတာဖြစ်ပေမဲ့ ချမ်းမြသာစည်မြို့နယ် ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့
သိရပါတယ်။
Posted From RFA Burmese
0 comments:
Post a Comment