ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


(ဓာတ်ပုံ- AFP-ပြင်သစ်  နိုင်ငံကို ရောက်နေစဉ် အတွင်း အစိုးရ မဟုတ်တဲ့ NGO အဖွဲ့ဝင် များနှင့် ဇွန်လ ၂၇ ရက်နေ့က တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်
ကို ရုရှားနိုင်ငံတွင် ထောင်ကျခံနေရသော အတိုက်အခံ Mikhaïl Khodorkovsky ၏ သားဖြစ်သူ Pavel Khodorkovsky (၀ဲ) နှင့် ယူကရိန်းနိုင်ငံက ထောင်ဒဏ်ကျခံနေရသည့် ၀န်ကြီးချုပ်ဟောင်း Yulia Tymoshenko ၏ သမီးဖြစ်သူ Eugenia Tymoshenko (ယာ) တို့နှင့်အတူ တွေ့ရစဉ်။)
ဥရောပခရီးစဉ် နောက်ဆုံးခရီးတစ်ထောက်အဖြစ် ပြင်သစ်နိုင်ငံကို
ရောက်နေတဲ့  မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တကမ္ဘာလုံးမှာရှိတဲ့  နိုင်ငံရေးအကျဉ်းသားတွေကို မိမိတို့ ရဲ့ ယုံကြည်ချက် အတွက် လက်မလျှော့ဘဲ တိုက်ပွဲ ၀င်ကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လူ့ အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့ ဝင် ကိုယ်စားလှယ်တွေနဲ့  ပဲရစ်မြို့  စိန်းမြစ်ထဲက ရေယာဉ်တစ်စီးပေါ်မှာ ဗုဒ္ဓဟူးနေ့ က တွေ့ ဆုံခဲ့ပါတယ်။

ဒီတွေ့ ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကလူ့ အခွင့်အရေးအဖွဲ့ ကိုယ်စားလှယ်
တွေကို မိမိကိုယ်မိမိလေးစားကြတယ် ဆိုရင် ကိုယ့်ယုံကြည်ချက်ကို မစွန့် လွှတ်ဘဲ တိုက်ပွဲဝင်သွားဖို့  ပြောဆိုပါတယ်။

ဒီပွဲကို ယူကရိန်းနိုင်ငံ က ထောင်ဒဏ်ကျခံနေရတဲ့  ၀န်ကြီးချုပ်ဟောင်း Yulia Tymoshenko ရဲ့  သမီးဖြစ်သူ Eugenia Tymoshenko ၊ ရုရှားနိုင်ငံမှာ ထောင်ကျခံနေရတဲ့  စီပွားရေးလုပ်ငန်းရှင်ဟောင်း လည်းဖြစ် ၊ ရုရှားသမ္မတ ပူတင်ရဲ့  အတိုက်အခံလည်း ဖြစ်တဲ့  Mikhail Khodorkovsky ရဲ့ သားဖြစ်သူ Pavel Khodorkovsky တို့ လည်းပါဝင်ပါတယ်။

Pavel Khodorkovsky က သူ့ ဖခင် က ရေးပေးတဲ့ စာတစောင် ကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...