ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ အသေးစား ကမ္ဘာမြေပြင်လေ့လာရေးဂြိုဟ်တု လွှတ်တင်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြိး ပထမအဆင့် ဖြစ်နိုင်မဲ့အခြေအနေတွေကို လေ့လာဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ အခုလ(၁၅)ရက်နေ့က သဘောတူခဲ့ကြပါတယ်။ အဲဒီဂြိုဟ်တုဟာ သဘာဝဘေးဒဏ် ကြိုတင်ကာကွယ်ရေး၊ သဘာဝ ဝန်းကျင်ထိမ်းသိမ်းရေး၊ ဓာတ်သတ္တုရှာဖွေရေး၊ စိုက်ပျိုးရေးကဏ္ဍ လေ့လာရေးတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြစ်ရေကြီးမှု၊ မြေငလျင်လှုပ်မှု၊ မြေပြိုမှု စတဲ့သဘာဝအန္တရယ်တွေကို ဆန်းစစ်လေ့လာနိုင်မှာဖြစ်ပြီး အချိန်နဲ့တပြေးညီ သိရှိနိုင်မှာလဲဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဂြိုလ်တုရဲ့ မှတ်တမ်းတွေနေကဆင့် အာကာသဆိုင်ရာ သုတေသနပြုမှု၊ ဂြိုလ်တုကိုသုံးပြိး ဆက်သွယ်တဲ့ နည်းပညာစနစ်နဲ့ တက္ကသိုလ်တွေမှာ အာကာသနည်းပညာဆိုင်ရာ သင်ကြားမှုတွေသင်ကြားဖို့လည်း ဂျပန်နိုင်ငံက ဆက်လက်ကူညီမဲ့အကြောင်း အစိုးရသတင်းစာတွေမှာ ဖေါ်ပြထားပါ တယ်။

DVB မှ  ကူးယူဖေါ်ပြသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...