ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

အောင်မင်္ဂလာရပ်ကွက်ရှိ မီးလောင်ဆုံးရှုံးခဲ့သော နေအိမ်များ။
စစ်တွေမြို့ အဓိဌာန် ဘုန်းတော်ကြီးကျောင်းအနီး ရွာသာယာကျေးရွာကို ဘင်္ဂါလီများဝင်ရောက်မီးရှို့ဖျက်ဆီးနေရာ အဆိုပါမီးလောင်မှုကို လာရောက်ကူညီငြှိမ်းသတ်ပေးသူ စစ်တွေမြို့မင်းဂံရပ်ကွက်မှ ဦးလှဌေးမှာ ပွဲချင်းပြီိး သေဆုံးသွားပြီး ဒဏ်ရာရသူများစွာလည်း ရှိကြောင်း စစ်တွေမြို့သို့ရောက် ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါကျေးရွာတွင် မီးလောင်နေသည့်အပြင် မီးရှို့သူဘဂါင်္လီများနှင့် ရခိုင်တိုင်းရင်းသားများအကြား ပဋိပက္ခများ လည်း ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။


အဆိုပါကျေးရွာတွင် လုံခြုံရေး မရှိသဖြင့် ဒေသခံများကိုယ်တိုင် ကာကွယ်နေရကြောင်း ဒေသခံများက ဆိုသည်။


စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အများအပြားတွင် လုံခြုံရေးအားနည်း လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ တာဝန်ရှိသူများက ပြောကြားသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...