Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
7:00 PM
Posted by
nankeythioo
ရခိုင်ပြည်နယ်မှာ မေ ၂၈ ရက်က ဇွန် ၁၄ ရက်အတွင်းဖြစ်ပွားသွားတဲ့ ပဋိပက္ခအတွင်း လူ ၅၀ သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ အစိုးရ သတင်းစာတွေမှာ ဒီနေ့ဖော်ပြပါတယ်။
 |
RFA ၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် ပျက်စီးနေသည့် အိုးအိမ်များကိုတွေ့ရပုံ။ |
အကြီးတန်း တာဝန်ရှိသူတစ်ဦး ကတော့ မူဆလင် ၁၆ ဦးနဲ့ ဗုဒ္ဒဘာသာဝင် ၁၃ ဦး သေဆုံးတယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဝေးလံတဲ့နေရာက ဒေသခံတွေကတော့ ဒီအရေအတွက်ထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့တော်က ကယ်ဆယ်ရေး စခန်းတွေမှာ ကလေးတွေ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားနေပြီး အကူအညီတွေ လိုအပ်နေတုန်းပဲလို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဒုက္ခသည် စခန်း ၃၇ ခုဖွင့်လှစ်ထားရှိပြီး လူ ၃၁၀၀၀ ကျော် ခိုလှုံနေပါတယ်။ စစ်တွေမြို့မှာ ဒုက္ခသည်စခန်း ၁၇ ခု၊ ရသေ့တောင်မှာ ၁၄ ခု၊ ပုဏ္ဍားကျွန်းမှာ ၄ ခု၊ ပေါက်တောမှာ ၂ ခု ဖွင့်လှစ် ထားရှိပါတယ်။
နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်တဲ့ အဖွဲ့ ဟာ မောင်တောမြို့နယ် တောင်ဘက်ခြမ်းက ဖျက်ဆီးခံရတဲ့ တိုင်းရင်းသား ၇ ရွာနဲ့ ဒီ ရွာတွေနားက ဘင်္ဂါလီ ကျေးရွာတွေကို သွားရောက်ခဲ့တဲ့ကြောင်း ဒီနေ့ထုတ် သတင်းစာတွေမှာ ပါရှိပါတယ်။
RFA Burmese
0 comments:
Post a Comment