မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဆွစ်ဇာလန်ုနိင်ငံ မြို့တော် ဘန်း (Bern) မှာ ကျင်းပနေတဲ့
ဆွစ်ပါလီမန် ကို တက်ရောက်ခဲ့ပြီး ဆွစ်ပါလီမန်အမတ်တွေရဲ့ မူဝါဒရေးရာ
ဆွေးနွေးနေတာကို တက်ရောက် နားထောင်ခဲ့ပါတယ်။
မနေ့က ဂျီနီဗါမြို့ကနေ ဘန်းမြို့ကို ဆွစ်အစိုးရတာဝန်ရှိသူတွေနဲ့အတူ မီးရထားနဲ့ ရောက်ရှိခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ စကားပြောနေစဉ် ရုတ်တရက် နေမကောင်း
တာကြောင့် သူတည်းခိုနေတဲ့ ဟိုတယ်ပြန်ပြီး အနားယူခဲ့ရပါတယ်။
"နေရာတခုတည်းမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာကြာပြီး၊ အခု ဥရောပ
ခရီးစဉ် အတွက် လေယဉ်ပျံခရီးကို နာရီပေါင်းများစွာ စီးခဲ့ရတာမှာ အင်မတန် ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရပါတယ်။ လွန်ခဲ့တဲ့
နှစ်ပေါင်း ၂၄ နှစ်တုန်းကလို အရှေ့ နဲ့ အနောက် အချိန်ကွာဟမှကို ခံနိုင်ရည်မရှိဘဲ ဖြစ်သွားခဲ့ရပါတယ်"
- လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပြီး သတင်းစာရှင်းလင်းပွဲ
တက်ရောက်သူတွေကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။
မနေ့က ဂျီနီဗါမြို့မှာ အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံကို တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
အဲဒီ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာက - မြန်မာနိုင်ငံက လူငယ်တွေဟာ အလုပ်လက်မဲ့ ပြဿနာရင်ဆိုင်နေရတာကြောင့်
နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ လက်ခံတော့မယ်ဆိုရင် အလုပ်အကိုင်
အခွင့်အလမ်း ဖန်တီးပေးနိုင်တဲ့ ရင်းနှီးမြှပ်နှံမှု မျိုးတွေသာ ဖြစ်သင့်ကြောင်း
တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ကနေ နော်ဝေနိုင်ငံ အော်စလိုမြို့ကို ရောက်ရှိပြီး အော်စလို မှာတော့
နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။
အဲဒီနောက် ဗြိတိန် ပြင်သစ်နဲ့ အိုင်ယာလန်ခရီးစဉ်တွေလည်း ဆက်လက် သွားဖို့ ရှိနေပါသေးတယ်။
0 comments:
Post a Comment