ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ဇွန်လ ၁၂ ရက်နေ့
ဘင်္ဂါလီ ရိုဟင်ဂျာများကြောင့် မီးလောင်ကျွမ်းနေသော ကျောင်းကြီးလမ်း ရပ်ကွက် နှင့် နာဇီရပ်ကွက် မြင်ကွင်းအား နေ့လည် ၂း၃၀ နာရီခန့်က တွေ့ရစဉ်  ဓါတ်ပုံ- Eleven Media Group
စစ်တွေမြို့တွင် ဘင်္ဂါလီရိုဟင်ဂျာများက ကျောင်းကြီးလမ်းရပ်ကွက်တွင်ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့မှုကြောင့် မီးလောင်ကြွမ်းမှုမှာ ဆက်လက် ဖြစ်ပွားနေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖေါက် သတိပေးနေကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် သတင်းပေးပို့ပါသည်။

အလားတူ စစ်တွေမြို့ ဖေရာလမ်းရှိ ဟိန္ဒူ ဘုရားကျောင်းတစ်ကျောင်းနှင့် အိမ်များအား ရိုဟင်ဂျာ ဘင်္ဂါလီများက မီးရှို့လျှက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာပြီဖြစ်ကြောင်း Eleven Media Group သတင်းထောက်က မွန်းလွဲ ၂ နာရီတွင် သတင်းပေးပို့ထားကြောင်း Eleven Media Group - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...