Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
8:43 PM
Posted by
nankeythioo
 |
AFP ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ပြင်သစ် သမ္မတဟောင်း Mr. Nicolas Sarkozy နှင့်ဇနီး Mrs. Carla Bruni Sarkozy တို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး ပဲရစ်မြို့ ရီဂျင်နယ် ဟိုတယ်မှ ပြန်လည်ထွက်ခွာ လာစဉ်။ |
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်သမ္မတဟောင်း Nicolas Sarkozy နဲ့ ဇနီးဖြစ်သူ Carla Bruni တို့က ဒီကနေ့မနက်ပိုင်း တည်းခိုရာဟိုတယ်ကို လာရောက် တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံတာနဲ့ ပတ်သက်လို့ ခရီးစဉ် တလျှောက်လုံးလိုက်ပါသွားတဲ့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဇေယျသော်က အခုလိုပြော ပါတယ်။
"ပြင်သစ်သမ္မတဟောင်း Mr. Sarkozy ရယ် သူ့ရဲ့ဇနီး Carla Bruni ရယ်နဲ့ ဟိုတယ်မှာပဲ တွေ့ပါတယ်ခင်ဗျား။ အမေစု အနေနဲ့ အခုကတော့ museum တစ်ခုကို သွားပါတယ်ဗျ။ Museum ကအပြီး အခုလောလောဆယ်မှာ ကျွန်တော်တို့က ဆီးနိတ်ကို သွားဖို့ ပြင်ဆင်နေပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြင်သစ် ပါလီမန် ၂ ရပ်စလုံးကို တက်ရောက်ပြီးရင် ဥရောပခရီးစဉ် အဆုံးသတ် မယ်လို့ သိရပါတယ်။ ဒီကနေ့ ပြင်သစ် အမျိုးသားလွှတ်တော်နဲ့ အထက် လွှတ်တော် ၂ ရပ်စလုံးကို သွားရောက် မလေ့လာခင်မှာ ပဲရစ်မြို့က ဆောဘွန်း (Sorbone university) တက္ကသိုလ် မှာ ကျောင်းသူ ကျောင်းသားတွေကို စကားပြောမှာ ဖြစ်ပါတယ်။
ပဲရစ်မြို့ကနေ မြန်မာနိုင်ငံကို မထွက်ခွာခင် မနက်ဖြန်မနက်ပိုင်းမှာ နာမည်ကြီး Orsay ပြတိုက်ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း ပဲရစ်မြို့တော်ခန်းမ မှာ ပြင်သစ်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံ အမှာ စကား ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ မြန်မာနိုင်ငံကို ပြန် လည် ရောက်ရှိမှာဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ အပါအဝင် လူအများအပြားက မင်္ဂလာဒုံလေဆိပ်မှာ ကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။
ရန်ကုန်ပြန်ရောက်လာရင် လေဆိပ်ကနေ တက္ကသိုလ်ရိပ်သာလမ်းက အိမ်အထိ လမ်းဘေးဝဲယာကနေ သောင်းသောင်းဖျဖျ ကြိုဆိုကြဖို့ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်က ဦးဆောင်စီစဉ်နေပါတယ်။
RFA Burmese
0 comments:
Post a Comment