9:32 AM
Rsma (Srilanka) သိရီလင်္ကာရောက် ရခိုင်ရဟန်းတော်များသမဂ္ဂ (သီရိလင်္ကာနိုင်ငံ)၏သဘောထားမှတ်ချက်ထုတ်ြပန်ခြင်း
Posted by nankeythiooRsma (Srilanka)
သိရီလင်္ကာရောက် ရခိုင်ရဟန်းတော်များသမဂ္ဂ (သီရိလင်္ကာနိုင်ငံ)၏သဘောထားမှတ်ချက်ထုတ်ြပန်ခြင်း ဇွန်လ (၁၄)ရက် သောကြာနေ့
1. မြန်မာနိုင်ငံ၏အနောက်ဘက်ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပြဿနာသည် လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ လုံးဝ( လုံးဝ )မဟုတ်ဟုပြောလိုသည်။
2. ရိုဟင်ဂျာအမည်ခံလူတစ်စုနှင့် ယင်းတို့၏အပေါင်းအပါအစွန်းရောက်စစ်သွေးကြွများ၏ ကျူးကျော်သောင်းကျန်း အကြမ်း ဖက်မှုသာဖြစ်သည်ဟုရှုမြင်သည်။ ယင်းတို့၏ကျူးကျော်သောင်းကျန်း အကြမ်းဖက်နယ်မြေလုခြင်းကိုပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်သည်။
3. နိုင်ငံတော်အစိုးရသည် ရိုဟင်ဂျာများ၏ကျူကျော်သောင်းကျန်းနယ်မြေလုအကြမ်းဖက်သတ်ဖြတ်မှုကို ဟန့်တားနေခြင်းမျှသာ ဖြစ်သည်။
4. ရိုဟင်ဂျာများ၏ကျူကျော်အကြမ်းဖက်ခြင်းကိုလူမျိုးရေးအသွင် ဘာသာရေးအဓိကရုဏ်းအသွင်သို့မရောက်ရောက်အောင် တွန်းပို့ဆွဲသွင်းနေသောပါတီများ ပြည်တွင်းအချို့မီဒီယာများနှင့် ပြည်ပမှ {BBC ၊ RFA ၊ VOA} အပါအ၀င်အခြားသော မြန်မာပိုင်းအစီအစဉ် ထုတ်လွှင့်နေသောမီဒီယာများအား အထူးရှုံ့ချကန့်ကွက်လိုက်သည်။
5. ဘူးသီတောင်၊ မောင်တောဒေသများ၌ ၁၉၅၀ ပြည့်နှစ်တ၀ိုက်တွင် ရိုဟင်ဂျာလူမျိုးများသည် နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ရခိုင်တိုင်းရင်းသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ရွာများကိုမီးရှို့၍ အကြမ်းဖက်နယ်မြေလု သောင်းကျန်းမှုများကိုအကြိမ်ကြိမ်အခါခါလုပ်ခဲ့ဖူးသည်။ အင်အားကောင်းလာသည်နှင့်အမျှလည်း ၁၉၉၂ ခုနှစ်၊ ၂၀၀၁-ခုနှစ်များကဲ့သို့မကြာခဏ အကြိမ်ကြိမ်အခါခါရန်စပြီးပြဿနာကြီး-သေးပေါင်းများစွာရှာခဲ့ဖူးသည်။ ယခုအခါလည်း ဟိုယခင်ကဲ့သို့ အကြမ်းဖက်နယ်မြေလု သောင်းကျန်းနေသည်ဖြစ်ကြောင်း ဘာသာစုံတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးအား ထပ်ဆင့်အသိပေးအပ်ပါသည်။
6. မိမိတို့ရခိုင်လူမျိုးများအနေနဲ့လည်း မည်သည့်လူမျိုးကိုမျှမုန်းလိုစိတ် ရန်လိုစိတ် လုံးဝ(လုံးဝ) အလျှင်းမရှိပါ။ သို့သော်လည်း မိမိတို့၏အမျိုးသားရေး၊အကျိုးစီးပွားကို လာရောက်နှောက်ယှက်ဖျက်ဆီးပါကခုခံကာကွယ်တားဆီးခြင်းသည်လူသားတိုင်း၏ သမိုင်းပေးတာဝန်တစ်ရပ်ဟု လက်ခံယုံကြည်သည့်အားလျှော်စွာ မိမိတို့၏မြေကို လာရောက်ကျူးကျော်နှောက်ယှက် သောင်းကျန်းနေသော အကြမ်းဖက်ရိုဟင်ဂျာများနှင့် ယင်းတို့၏ အပေါင်းအပါ စစ်သွေးကြွ ရာဇ၀တ်ကောင်များကို ခုခံကာကွယ်တားဆီးရမည်သာဖြစ်သည်။ မူဆလင်များအားရည်ရွယ်၍ တိုက်ခိုက်နေခြင်းမျိုးလုံးဝ(လုံးဝ)မဟုတ်ပါ။ မူဆလင်ဟူသော အများပိုင်အမည်ကို ခုတုံးလုပ်ပြီး သောင်းကျန်းသူရိုဟင်ဂျာများနှင့်ယင်း၏ ကြိုးဆွဲရာလိုက်ပါနေသော ရုပ်သေးရုပ်စစ်သွေးကြွ ရာဇ၀တ်ကောင်တို့ကိုသာ ခုခံကာကွယ် တားမြစ်ခြင်းမျှဖြစ်သည်ဟု အစ္စလာမ်ဘာသာဝင် မူဆလင်အပေါင်းတို့အား ထပ်ဆင့်ပန်ကြားသိစေလိုက်သည်။
7. ယခုမိမိတို့နိုင်ငံ၌ ရိုဟင်ဂျာများ၏အကြမ်ဖက်မှုကို ခံခဲ့၊ခံနေရသလိုသီရိလင်္ကာနိုင်ငံ၌လည်း တမီး(လ်)လူမျိုးများ၏ အကြမ်းဖက်မှုကို နှစ်အတော်ကြာခံခဲ့ရပြီးမှ အဆုံးသတ်ချေမှုန်းနိုင်ခဲ့သည်။ ထိုစဉ်က သီရိလင်္ကာအစိုးရသည် ပြည်ပနိုင်ငံကြီးများနှင့် မီဒီယာကြီးများ၏ ဖိအားပေးမှုကို အကြီးအကျယ်ခံခဲ့ရဖူးသည်။ သို့သော်လည်း ယင်းတို့နိုင်ငံ၏ပါတီစုံများ ပြည်တွင်းမီဒီယာများနှင့်ပြည်သူလူထုတစ်ရပ်လုံးသည် တညီတညွတ်တည်း တွန်းလှန်ကာကွယ် ထွက်ဆိုခဲ့ခြင်းကြောင့် အရေးတော်ပုံကြီးအောင်မြင်ခဲ့၍ ကိုယ့်မြေကိုယ့်ရေကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း လေ့လာ တွေ့ရှိရသည်။ ထိုဖြစ်စဉ်ကိုစံနမူနာယူ၍ ယခုအချိန်၌မြန်မာနိုင်ငံ၏ပါတီစုံများ ပြည်တွင်းမီဒီယာများနှင့် ပြည်သူလူထု တစ်ရပ်လုံးသည် ညီညွတ်ခြင်းဖြင့် မိမိနိုင်ငံ၏ အန္တရာယ်တို့ကို ကာကွယ်ပေးပါရန် တိုက်တွန်းမေတ္တာရပ်ခံလိုက်သည်။
8. မိမိတို့၏ရာထူးဌာနန္တရ စသော အချက်များကြောင့် ရိုဟင်ဂျာများ၏ ကျူကျော်ရန်ကို ခေါင်းငုံ့ခံပြီး မိမိပြည်သူများ၏ အသက်အိုးအိမ်စည်းဇိမ်များ ပြာပုံဘ၀သို့ ရောက်စေတော့မှာလား? အကယ်၍ မိမိတို့၏ ရာထူးဌာနန္တရ စသော အကြောင်းပြချက်များကြောင့် ရိုဟင်ဂျာများ၏ကျူကျော်ရန်ကို ကိုင်တွယ်ဖို့ရန်အခက်ကြုံနေပါက ရိုဟင်ဂျာများ၏ အခြေအနေကို ကောင်းကောင်းသိကျွမ်းနားလည်သော ရခိုင်အမျိုးသားတိုးတတ်ရေးပါတီကို ခေါင်းစည်းပြု လွဲအပ်စေလိုသည်။ ယင်းရခိုင်းအမျိုးသားတိုးတတ်ရေးပါတီမှ မျှတငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဟုရှု့မြင်သည်။
9. အချိန်နှင်အမျှ ရခိုင်ပြည်သူများ၏ အသက်အိုးအိမ်စည်းဇိမ်များ ပျက်စီးဆုံးရှုံးနေရခြင်းသည် နိုင်ငံတော်အစိုးရနှင့်အဖွဲ့
(သို့မဟုတ်)မြန်မာ့တပ်မတော်မှပေါ့ပေါ့ပျက်ပျက်နိုင်လွန်းသောသက်သေပြယုဂ်များဖြစ်ကြောင်းပြင်းပြင်းထန်ထန်ပြောကြားလိုက်သည်။ ပြည်သူတွေကို ကောင်းစွာမကာကွယ်ပေးနိုင်သော နိုင်ငံတော်အစိုးရနှင့်အဖွဲ့(သို့မဟုတ်) မြန်မာ့တပ်မတော်ကို လွန်စွာစိတ်ပျက်မိသည်။ ဤသို့အချိန်ဆွဲပေါ့ပျက်ပျက် လုပ်နေခြင်းကိုပြင်းပြင်းထန်ထန် ရှုံ့ချလိုက်သည်။ ပေါ့ပျက်ပျက်လုပ်နေခြင်းသည် နိုင်ငံတော်အစိုးရအဖွဲ့ (သို့မဟုတ်) မြန်မာ့တပ်မတော်နှင့် ရခိုင်စသောပြည်သူတွေအကြား ကြည်ညိုလေးစားအားကိုးယုံကြည်မှုနည်းပါးပျက်ပြားခြင်းနှင့်အတူ သံသယကို အကြီးအကျယ်တိုးပွားစေသည်။
10. နိုင်ငံတော်သမ္မတကြီးနှင့်အဖွဲ့(သို့မဟုတ်) မြန်မာ့တပ်မတော်စစ်ဦးစီးချုပ်စသော အရာရှိကြီးများအနေဖြင့် အချိန်နှင့်အမျှ ရခိုင်ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များ ပြာပုံဘ၀သို့ကျရောက်နေရခြင်းကို အချိန်ဆွဲပေါ့ပျက်ပျက်ရပ်ကြည့်မနေဘဲ မြန်မြန်ဆန်ဆန် မြန်မာတပ်မတော်သားကောင်းများပီပီ ကာကွယ်တားဆီးပေးပြီး ကျူးကျော်အကြမ်းဖက်နယ်မြေလု သောင်းကျန်းနေသော တိုင်းတပါးသားရိုဟင်ဂျာများနှင့် ယင်းတို့၏အပေါင်းအပါစစ်သွေးကြွ ရာဇ၀တ်ကောင်များကို အပြီးအပိုင်မောင်းထုတ်ပေးပါရန် ပြင်းပြင်းထန်ထန်တိုက်တွန်းလိုက်သည်။
11. အို.......... တိုင်းရင်းသားဘာသာစုံညီအစ်ကိုမောင်နှမအပေါင်းတို့... ယခုအခါသည် သင်တို့၏မြန်မာပြည် အနောက်တံတိုင်းကြီးသည် တိုင်းတပါးသားရိုဟင်ဂျာအမည်ခံအကြမ်းဖက်ကျူးကျော်သောင်းကျန်း နယ်မြေလုသူများနှင့် ယင်းတို့၏အပေါင်းအပါ စစ်သွေးကြွသောင်းကျန်းသူ ရာဇ၀တ်ကောင်များ၏ လက်ချက်ဖြင့် ပြာပုံဘ၀သို့ပင် ရောက်ရတော့မည့်အခြေအနေသို့ ရောက်ရှိခဲ့လေပြီ။ သင်တို့၏ညီတော်နောင်တော် ညီမအစ်မများ၏ အသက်၊ အိုးအိမ်စည်းစိမ်များ နေ့စဉ်နှင့်အမျှ ပြာပုံဘ၀သို့ ရောက်ရှိပြီး အချိန်နှင့်အမျှ စိုးရိမ်ပူဆွေးငိုကြွေးခြင်းနှင့်အတူ (ကျီးလန့်စာစား)ဘ၀ဖြင့်တစ်နေ့တာအချိန်ကိုဖြတ်သန်းနေကြရပါသည်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားဘာသာစုံ ညီအစ်ကိုမောင်နှမများ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးမှ စည်းစည်းလုံးလုံးဖြင့် မိတ်ဆွေစစ်မိတ်ဆွေကောင်းများ၏ လက္ခဏာအသွင်အပြင်ကိုပေါ်လွင်စေလျက် မိမိတို့တတ်စွမ်းသည်ဘက်မှ ပါဝင်ကူညီကြပါရန် ထပ်ဆင့်အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုက်သည်။
12. Rsma (Srilanka)
သိရီလင်္ကာရောက် ရခိုင်ရဟန်းတော်များသမဂ္ဂ (သီရိလင်္ကာနိုင်ငံ)
0 comments:
Post a Comment