မြန်မာ သမ္မတ ဦးသိန်းစိန်သည် သူ၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ၏ ဖိတ်ကြားချက်အရ သုံးရက်ကြာ မြန်မာ သမ္မတ၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိ တစ်ဦးအား ကိုးကားပြီး The Newage သတင်းစာက ဖေါ်ပြသည်။
မြန်မာ သမ္မတ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ရောက်ရှိနေသော မွတ်ဆလင် ဒုက္ခသည်များ အရေးကိစ္စကို အဓိကထားပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံက တင်ပြ ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။
ဒုက္ခသည် အရေးကိစ္စအပြင် လမ်းပမ်းဆက်သွယ်ရေး ကိစ္စ၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ နယ်စပ်ရေးရာ လုံခြုံရေး ကိစ္စ၊ စီးပွားရေး ပူးပေါင်း မြှင့်တင်ရေး ကိစ္စ၊ နိုင်ငံခြား ခရီးသွားလုပ်ငန်း မြင့်တင်ရေး ကိစ္စ၊ ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို လည်း သမ္မတ ဦးသိန်းစိန် ခရီးစဉ် အတွင်း အလေးပေး ဆွေးနွေးကြမည်ဟု ဆိုသည်။
မြန်မာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်သည် သမ္မတ ဦးသိန်းစိန် ခရီးစဉ်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး စီစဉ်ရန် ရှေ့ပြေး အနေဖြင့် ဇူလိုင်လ ၁ ရက်နေ့တွင် ဒက္ကားမြို့သို့ ရောက်ရှိလာမည် ဟု သိရသည်။

"/>

Myanmar Kyat Converter
Yangon (Rangoon) Time

0 comments:
Post a Comment