Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
10:21 PM
Posted by
nankeythioo
ဒေါ်အောင်ဆန်းစုကြည်၏ ၁၇ ရက်ကြာ ဥရောပ ၅ နိုင်ငံ ခရီးစတင်
ဒေါ်အောင်ဆန်းစုကြည်၏ ၁၇ ရက်ကြာ ဥရောပ ၅ နိုင်ငံ ခရီး စဉ်ကို ယနေ့ ဇွန်လ ၁၃ ရက် နေ့ နံနက် ၉ နာရီ မိနစ် ၅၀ တွင် စတင်၍ TG 304 ထိုင်းလေယာဉ်ဖြင့်
စတင်ထွက်ခွာသွားပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ပထမဆုံးအဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဖာမြို့သို့သွားရောက်ပြီး ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ညီလာခံတွင်
မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ယင်းနောက် နော်ဝေနိုင်ငံ အော်စလိုမြို့သို့သွားရောက်ကာ ငြိမ်းချမ်းရေးနိုဗယ်ဆုကို ကိုယ်တိုင်လက်ခံယူမည်ဖြစ်သည်။
ထို့နောက် အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့သို့ သွားရောက်ကာ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ချီးမြင့်သော Ambassador of conscience
ဆုကိုလက်ခံယူမည်ဖြစ်ပြီး၊ ထိုမှ တစ်ဆင့် အင်္ဂလန်နိုင်ငံသို့ သွားရောက်ကာ တစ်ပတ်ကြာနေထိုင်၍ ပါလီမန်နှစ်ရပ်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း၊
၎င်း၏ ခရီးစဉ်နောက်ဆုံးနိုင်ငံအဖြစ် ပြင်သစ်သို့ သွားရောက်ကာ ဇွန် ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က သူမ၏ ၂၄ နှစ်အတွင်း ပထမဆုံးပြည်ပခရီးအဖြစ် ထိုင်းနိုင်ငံတွင် ကျင်းပသော အရှေ့အာရှဆိုင်ရာ
ကမ္ဘာ့စီးပွားရေးဖိုရမ်သို့သွားရောက်ခဲ့ရာ ယခုခရီးစဉ်သည် သူမ၏ ပြည်ပဒုတိယခရီးနှင့် ၂၄ နှစ်အတွင်း မိသားစုနေထိုင်ခဲ့ရာအရပ်ပြန်လည်သွားရောက်သောခရီးဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ပြသနာများကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် ဝေဖန်မှုအချို့ရှိနေသော်လည်း ခရီးစဉ်အတွင်း ဘေးကင်းရန်ဆုတောင်းနေသူများလည်းရှိသည်။
0 comments:
Post a Comment