ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယား ဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ က နေပြည်တော်မှာ
တွေ့ဆုံခဲ့ပြီး အရေးပေါ်အခြေအနေကြေညာထားတဲ့ ရခိုင်ပြည်နယ်
အရေး ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းဌာန က ဖေါ်ပြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီယား ဟာ သမ္မတ ဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့
တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။

ဦးသိန်းစိန်နဲ့ ဆွေးနွေး ရာမှာ အရေးပေါ် အခြေအနေကြေညာရတဲ့
အကြောင်း၊ အခြေအနေတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ၊ လူ့အခွင့် အရေး၊ တရားဥပဒေစိုးမိုးရေးတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းဖို့လိုကြောင်း၊ အကြမ်းဖက်သံသရာကို ဖြတ်တောက်ရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမထိခိုက်ရေး စတာတွေ အကြောင်း ဆွေးနွေး ခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် က နယူးယောက်မြို့မှာ သတင်းထောက်တွေကို
ပြောဆိုခဲ့ပါတယ်။
RFA Burmese

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...