ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား အကြမ်းဖက်မှုများနှင့် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံရန် ရောက်ရှိလာသော ရိုဟင်ဂျာ လှေများကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ လက်မခံဘဲ တနင်္လာနေ့က ပြန်လည် မောင်းနှင်လွှတ်လိုက်ကြောင်း သိရသည်။

တစီးလျှင် လူ ၅၀ ကျော်ပါ လေ ၁၄ စီးအား ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းသို့ အကပ်မခံ၍ ဆိပ်ကမ်းနှင့် မိုင် ၄၀ အကွာ ဘင်္ဂလားပင်လယ်တွင်သာ ရောက်ရှိနေကြောင်း နယ်စပ်ရှိ ရိုဟင်ဂျာအဖွဲ့တခုမှ ဆိုသည်။

“လှေပိုင်ရှင်တွေက ပြောတယ်။ ငါတို့ စစ်တွေက လာတာ။ ငါတို့ အသက်ကို ကယ်ပါ။ အဲဒါ ဘင်္ဂလားဒေ့ရှ် navy (ရေတပ်)က ပြောတယ်။ ငါတို့နိုင်ငံကို မ၀င်နဲ့။ အဲ ဆိုက်ကပ်ဖို့ လှေ ၁၄ ခုကို ပင်လယ်သမုဒ္ဒရာမှာ မျှောပါတယ်” ဟု Arakan National Rohinja Democratic Party ဆိုသည့်အဖွဲ့မှ ဦးမောင်မောင် က မဇ္ဈိမကို ပြောသည်။

ထိုသတင်းနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးသော်လည်း AFP သတင်းတရပ်တွင်မူ စုစုပေါင်း ရိုဟင်ဂျာ ၃၀၀ ကျော် လိုက်ပါလာကြသည့် လှေ ရှစ်စီးအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ပြန်လည်
မောင်းထုတ်လိုက်ကြောင်း ဖော်ပြထားသည်။

“စစ်တွေက လာတဲ့ လှေ ရှစ်စီးလုံး မြန်မာပိုင်နက်ထဲကို ပြန်နှင်ထုတ်လိုက်တာပါ။ အများစုက မိန်းမနဲ့ ကလေးတွေ
ဖြစ်ပါတယ်။ အတော်များများက ငိုယိုနေကြပြီး အတော်စိုးရိမ်ထိတ်လန့်နေကြပုံပေါ်ပါတယ်” ဟု နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး Shafiqur Rahman က ပြောသည်။

သို့သော် စစ်တွေဒေသခံများကမူ ၎င်းရိုဟင်ဂျာ မူဆလင်များက ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များ ကို မီးရှို့ကာ ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

ဘင်္ဂလား-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ သုံးသိန်းခန့်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများက
ရေးသားထားကြသည်။

ရိုဟင်ဂျာ ဟူသောအသုံးကို မြန်မာအစိုးရနှင့် ရခိုင်တိုင်းရင်းသားများက လက်မခံကြဘဲ ၎င်းတို့မှာ တဖက်နိုင်ငံမှ ဘင်္ဂါလီများသာ ဖြစ်ကြသည်ဟု သတ်မှတ်ထားသည်။

၁၉၂၁ ခုနှစ် ဗြိတိသျှ ကိုလိုနီအစိုးရက ရခိုင်ဒေသရှိ မူဆလင်များကို အိန္ဒိယ တိုင်းရင်းသားများအဖြစ် မှတ်တမ်းတင် ခဲ့သည်။ ထိုစဉ်က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်မှာ တပေါင်းတစည်းတည်း ဖြစ်သည်။

မောင်တောမြို့နယ်တွင် ၁၉၄၂ ခုနှစ်က ရခိုင်-ဘင်္ဂါလီ အဓိကရုဏ်းဖြစ်ပွားပြီး ရခိုင်ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက် ၁၉၅၁ ခုနှစ်တွင် ရခိုင်ပြည်လုံးဆိုင်ရာ မူဆလင်ကွန်ဖရင့် ကျင်းပကာ ရခိုင်ပြည်နယ်တွင်း ရခိုင်နှင့် မူဆလင်များ အာဏာခွဲဝေရေးအတွက် တင်ပြခဲ့ကြဖူးသည်။

ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ် ဇူလိုင်လ လွှတ်တော်တွင် ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ်တဦး၏ အမေးကို လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ဖြေကြားခဲ့ဖူးသည်။

“ကာလရှည်ကြာ မြန်မာနိုင်ငံအတွင်းသို့ တဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက် နေထိုင်သူများ အများအပြား ရှိလာ သည့်အတွက် ၁၉၇၈ ခုနှစ်အတွင်းတွင် နယ်မြေ ဒေသလုံခြုံရေးနှင့် အမျိုးသားရေး လိုအပ်ချက်အရ နဂါးမင်း စစ်ဆင်ရေး၊ ဟင်္သာ စီမံချက်တို့ဖြင့် စိစစ်ဆောင်ရွက်ပြီး လူဦးရေ ၁၈၀,ဝ၀ဝ ကျော်ကို ပြန်လည် လက်ခံခြင်း ပြုခဲ့ ပါကြောင်း၊ ၁၉၉၂ ခုနှစ် စက်တင်ဘာ၂၂ ရက်မှစ၍ နှစ်နိုင်ငံသဘော တူညီချက်ဖြင့်လည်း ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ၂၀ဝ၅ ခုနှစ် ဇူလိုင်လအထိ လူဦးရေ ၂၃၀,ဝ၀ဝ ကျော် လက်ခံဆောင်ရွက်
ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုနောက်ပိုင်း ယနေ့တိုင် လက်ခံစခန်း ဖွင့်ထားသော်လည်း တရားဝင် ပြန်လည် ဝင်ရောက် လာသူ မရှိတော့ဘဲ တရားမဝင် ခိုးဝင်မှုများမှာမူ ယနေ့တိုင် ရှိနေဆဲ ဖြစ်ပါကြောင်း” ဟူ၍ ပြောဆိုသွားခဲ့သည်။

မောင်တောခရိုင်ဒေသသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ၁၅၂ မိုင်ခန့် ထိစပ်လျက်ရှိသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...