ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


စစ်တွေမြို့တွင် ဘင်္ဂါလီများက ကျောင်းကြီးလမ်းရပ်ကွက်တွင် ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့နေသည့် အတွက် လုံခြုံရေးများ ရောက်ရှိလာစဉ်  ဓါတ်ပုံ- Eleven Media Group
ယနေ့၁ နာရီ ၂၀ မိနစ်တွင် စစ်တွေမြို့ ကျောင်းကြီးတန်းရပ်ကွက် ရခိုင်လူမျိုးနေထိုင်သော အိမ်များကို ရိုဟင်ဂျာဘင်္ဂါလီများက မီးရှို့ပြီး ထွက်ပြေးရန် ဆောင်ရွက်နေကြောင့် ရခိုင်လူမျိုများက လိုက်လံ ဖမ်းဆီးနေကြကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ သတင်းပေးပို့ပါသည်။

"အခုဖြစ်နေတဲ့ နေရာက နာဇီရပ်၊ အခု ဘင်္ဂါလီရိုဟင်ဂျာတွေ ပြေးစရာထွက်ပေါက်မရှိလို့ ရပ်ကွက်ထဲကို ၀င်ဖို့ကြိုးစားနေတယ်။ အခု သူတို့ ၀င်ဖို့ကြိုးစားနေတဲ့ နေရာက ကျောင်းကြီးတန်းရပ်ကွက် ၊ ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေနဲ့ ကျောင်းကြီးတန်းရပ်ကွက်က ရခိုင်တွေနဲ့ ထိပ်တိုက်တွေ့မယ့် အခြေအနေဖြစ်နေတယ်။ ဒီမှာက လမ်းသွယ်တွေက အများကြီးရှိနေတယ်။ လုံခြုံရေး ရောက်လာတာတော့ မရှိသေးဘူး" ဟု အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် သတင်းပေးပို့ ခဲ့ကြောင်း  Eleven Media Group - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။

စစ်တွေမြို့တွင် ဘင်္ဂါလီများက ကျောင်းကြီးလမ်း ရပ်ကွက်တွင် ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့ထားသည်ကို တွေ့ရစဉ်  ဓါတ်ပုံ- Eleven Media Group

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...