ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


2012-07-16
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးကို မနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း စစ်တပ် အာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
မနေ့ကမနက် (၁၀) နာရီလောက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၈) ဦးဟာ စက်လှေတစ်စီးနဲ့ ဘင်္ဂလား ပင်လယ်ပြင်ကို ဖြတ်သန်း ဝင်ရောက် လာကြတာ ဖြစ်ပြီး ပေါက်တောမြို့နယ်၊ စစ်ကဲပြင် ကျေးရွာဘက်မှာ တပ်ချထားတဲ့ ခမရ (၃၇၁) က မသင်္ကာတဲ့အတွက် အဲဒီစက်လှေကို ရပ်တန့်ဖို့ ပြောကြားခဲ့ရာမှာ စက်လှေက မရပ်တန့်ဘဲ ဆံတော်ရှင် ကမ်းဘက်ကို ဆက်လက်ဦးတည် ခုတ်မောင်း နေတဲ့အတွက် စစ်တပ်က ပစ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီလို ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးမှာ သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး မနေ့က ညနေ(၄)နာရီခန့်မှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးကို တင်ထားရတယ်လို့လည်း သိရပါတယ်။ ကျန် (၇) ဦးကိုတော့ မနေ့က စစ်တွေ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
မနေ့က ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား(၈)ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ တက္ကနက်မြို့နယ်၊ မူနာဒီကျေးရွာက ဖြစ်တယ်လို့လည်း သိရပါတယ်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...