ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

မြ၀တီတွင် MOU ပုံစံဖြင့် ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်နေသော အလုပ်သမား (၇၀၀) ပွဲစားထံတွင် ငွေလိမ်ခံရ

PDF Print E-mail
Photoထိုင်း- မြန်မာ နယ်စပ် မြ၀တီမြို့ရှိ အလုပ်သမား ပါ့စပို့စ်ရုံးတွင် နားလည်မှုစာချွန်ဟုခေါ်သော Memorandum Of Understanding (MOU) ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာရွေ့ပြောင်းအလုပ်သမား (၇၀၀) ခန့်မှာ ပွဲစားထံတွင် ငွေများအလိမ်ခံရကြောင်း သတင်းရရှိသည်။
“ကျနော်တို့က ထိုင်းနိုင်ငံကို MOU နှင့် အလုပ်သွားလုပ်ဖို့အတွက် ပွဲစား ဘိုလှဝင်း(ခ) ကိုမောင်မြင့်နိုင်ကို ပိုက်ဆံပေးထားတယ်၊ ကျနော်သိတဲ့လူတွေကတော့ (၂၀) လောက်ရှိတယ်၊ သူတို့တွေက တစ်ယောက်ကို မြန်မာကျပ်ငွေ နှစ်သိန်းလောက်ပေးထားပြီ၊ ကျနော်တို့နှင့် တဖြတ်တည်း MOU နဲ့ ပါ့စပို့လုပ်တဲ့သူ (၇၀၀) လောက်ရှိတာ၊ ဒီလူတွေဆီကလည်း ယူပြီး ထွက်ပြေသွားတယ်” ဟု ငွေအလိမ်ခံရသူတဦးဖြစ်သူ ကိုမောင်အေးရွှေက အာရကန်တိုင်းမ်စ်အား ပြောကြားသွားသည်။
သူကဆက်လက်ပြီး အလိမ်ခံရသူများ၏ ငွေပမာဏနှင့် လူအရေအတွက်ကို ယှဉ်တွဲပြီး မှတ်မိသလောက် ပြောပြသည်။  “ ကိုမောင်အေးရွှေ- ၁၇၀,၀၀၀(ဘတ်) ကိုမောင်နုနှင့်ဇနီး- ၁၇,၀၀၀(ဘတ်) ကျော်နိုင်သန်းနှင့်ဇနီး- ၁၇,၀၀၀(ဘတ်) ကိုခင်မောင်ဦး- ၇၀,၀၀၀(ဘတ်) မောင်ဆန်းဝင်း၊ ထွန်းဝင်းနှင့် ထွန်းထွန်းနိုင်တို့မှ စုစုပေါင်း ၄၅,၀၀၀(ဘတ်) ကိုသိန်းထိုက်- ၁၄၀,၀၀၀(ဘတ်) ခင်ကျော်ဝင်း- ၂၀၀,၀၀၀(ကျပ်) ဆန်းဆန်းဝင်း- ၁၅,၀၀၀(ဘတ်) ကျော်နိုင်ဝင်း- ၁၅,၀၀၀(ဘတ်) ထွန်းထွန်း- ၁၅,၀၀၀(ဘတ်) သာထွန်းလှ- ,၀၀၀(ဘတ်) ဦးသန်းကြည်၊ သန္တာဦး၊ ဦးစောနိုင်တို့မှ စုစုပေါင်း ၆၀၀,၀၀၀(ကျပ်) ကျော်နိုင်သန်းနှင့်ဇနီး- ၁၄,၀၀၀(ဘတ်) မောင်နုနှင့်ဇနီး- ၁၄,၀၀၀(ဘတ်) ကျော်မြင့်နိုင်- ၂၀၀,၀၀၀(ကျပ်) ဖြစ်ပါတယ်။ နောက်ထပ် ကျနော်မသိတာ အလိမ်ခံသူတွေ အများကြီးကျန်နေပါသေးတယ်။ဟု ဆိုသည်။
ပွဲစား ဘိုလှဝင်း(ခ)မောင်မြင့်နိုင်မှာ မြန်မာအလုပ်သမား(၇၀၀) ထံမှ ငွေများလိမ်ယူသွားသည့်အပြင် ၎င်းတို့ကိုင်ဆောင်ထားသော နိုင်ငံသားမှတ်ပုံတင်များကိုပါယူသွားသဖြင့် အဆိုပါ အလုပ်သမားများမှာ နေရပ်သို့ပြန်ရန် ခက်ခဲနေခြင်းကြောင့် မြ၀တီမြို့ရှိ သက်ဆိုင်ရာ အာဏာပိုင်များမှ နေရပ်သို့ပြန်ရန်အတွက် အလုပ်သမားတစ်ချို့အား ထောက်ခံစာများ ထုတ်ပေးနေကြောင်း သိရသည်။
အလုပ်သမားများမှာ မိမိတို့အလိမ်ခံရသည့်ငွေများ ပြန်လည်ရနိုင်ရေးအတွက် မြ၀တီအခြေစိုက် KNU ငြိမ်းချမ်းရေးကောင်စီတွင် တိုင်ကြားထားသည့်အတွက် အဆိုပါပွဲစား ဘိုလှဝင်း (ခ) မောင်မြင့်နိုင်အား KNU ငြိမ်းချမ်းရေးကောင်စီမှ ၊ဇူလိုင်လ (၂၆) ရက်နေ့တွင် ဖမ်းဆီးထားပြီး ပွဲစားမောင်မြင့်နိုင်မှာ ၄င်းနေ့တွင်ပင် ထွက်ပြေး လွတ်မြောက်သွားကြောင်း စုံစမ်းသိရှိရသည်။
အလုပ်သမား (၇၀၀) ထံမှ ငွေလိမ်ယူကာ ထွက်ပြေသွားသူ ပွဲစား ဘိုလှဝင်း(ခ)မောင်မြင့်နိုင်မှာ ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး မြောက်ဦးမြို့နယ်၊ မညှင်းချောင်း ကျေးရွာမှ ဦးစောရွှေ၊ ဒေါ်ယဉ်နုတို့၏သားဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင်နံပါတ် ၁၁/မဥန (နိုင်) ၀၇၀၁၀၀ ကိုကိုင်ဆောင်ထားသူဖြစ်ကြောင်း သိရှိရသည်။
မြန်မာအလုပ်သမား (၇၀၀) ခန့်မှ ငွေများလိမ်လည်သွားသော ပွဲစား ဘိုလှဝင်း(ခ)မောင်မြင့်နိုင်အား မြန်မာနိုင်ငံ သက်ဆိုင်ရာအာဏာပိုင်များ အနေဖြင့် ထိထိရောက်ရောက် အရေးယူသင့်ပြီ်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေကြသော အဖွဲ့အစည်းများအနေဖြင့်လည်း နောက်ထပ်အခုလိုမျိုး မဖြစ်ရအောင် ပူးပေါင်းတိုက်ဖျက် ဖြေရှင်းပေးကြဖို့အတွက် ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်း အလုပ်သမားထုကိုယ်စား ကိုမောင်အေးရွှေက အကြံပြု တိုက်တွန်း သွားသည်။
ထိုင်းနိုင်ငံကို မြန်မာနိုင်ငံဒေသအသီးသီးမှ အလုပ်အကိုင်ရရှိရန် ရောက်ရှိလာကြသူများမှာ တချို့သော မိမိတို့မြန်မာနိုင်ငံသား ပွဲစားများနှင့် ထိုင်းအလုပ်ရှင်များ၏ လိမ်လည်မှုများကို မကြာခဏခံနေရခြင်းကြောင့် အဆိုပါ အလုပ်သမားများမှာ အမျိုးမျိုးသောလူမှုရေးနှင့် လုံခြုံရေးအခက်အခဲများ ရှိနေကြကြောင်းလည်း အလိမ်ခံရသည့် အလုပ်သမားများ၏ ပြောပြချက်များရ သိရှိရသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...