ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်

 ယနေ့ကျရောက်သော (၆၅)နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဒေါက်တာ ဒေါ်နန်းခင်မြင့် မှ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ မကုဋာရာမ မြန်မာကျောင်းတိုက်၌ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ထိုဆွမ်းကပ်ပွဲသို့ကြွရောက်လာသော သံဃာတော်အရှင်မြတ်များက အာဇာနည်ခေါင်းဆောင်ကြီး များနှင့်တကွ ကမ္ဘာသူကမ္ဘာသားသတ္တ၀ါများ အေးချမ်းစေခြင်းငှာ မေတ္တာသုတ်ပရိတ်တရားတော်ကို ရွတ်ဖတ်ပြီး ယနေ့ပြုလုပ်သော ကုသိုလ်ကောင်းမှုတို့ကို အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ အတူ ဝေနေယျသတ္တ၀ါတို့အား အမျှအတမ်းပေးဝေခဲ့ကြပါသည်။








0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...