ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


ရခိုင်ပဋိပက္ခအတွင်း စစ်တွေက မီးလောင်ပြင်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ လှည့်လည်ကြည့်ရှုနေစဉ်။ ( ဇွန် ၁၅၊ 
ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြား ချက်တွေကြောင့် ဒီကိစ္စအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ် ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီရဲ့ မဟာမင်းကြီး မစ္စနာဗီပီလေး (Navi Pillay) က ဇူလိုင်လ (၂၈) ရက်နေ့ က တောင်းဆို လိုက်ပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး (UNHCR) ရုံးကလည်း ရခိုင်ပြည်နယ်မှာ အကြမ်း ဘက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေး နေကြသူ (IDP) တွေ ရှစ်သောင်းလောက်ရှိနေပြီး ဒီ IDP အများစုဟာ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြရတာကြောင့် သူတို့အတွက် ရွက် ဖျင်တဲတွေကို လေကြောင်းကနေ ပို့ပေးနေတယ်လို့ ပြောဆိုပါတယ်။


ရှေ့သီတင်းပတ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် သော မတ်(စ်) အိုဟေး ကင်တားနား (Tomas Ojae Qunitana) ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို လာရောက်ခွင့်ပြုတဲ့ မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်ကိုလည်း မဟာမင်းကြီး မစ္စ နာဗီ ပီလေးက ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ဒီလို မစ္စတာကင်တားနား မြန်မာနိုင်ငံကို သွားရောက်ခြင်းက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရေးနဲ့ အလဲအလှယ်အစားထိုးဖို့ မဟုတ်ဘူး လို့လည်း မစ္စပီလေးက ဆိုပါတယ်။


အိုးအိမ်စွန့်ခွာထွက်ပြေးနေကြသူ (IDP )တွေဟာ နေရပ်ကိုပြန်သွားကြဖို့ သိပ်ကြောက်ရွံ့နေကြတယ် လို့ UNHCR ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ အယ်န်ဒရက်(ဂ်ျ) မဟီဆစ် (Andrej Mahecic)က ပြောဆိုပါ တယ်။


မြန်မာနိုင်ငံမှာ လူနည်းစုလူမျိုးစုတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ထားရှိရေးအတွက် မကြာသေးခင်ကပဲ ပြည်သူ့လွှတ်တော်မှာ အာဏာရ ပြည်-ခိုင်-ဖြိုးပါတီက တင်သွင်းတဲ့အဆိုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံဆွေးနွေးခဲ့ပါတယ်။ မြန်မာအစိုးရသစ်ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အများအပြားလုပ်ဆောင်နေပေမဲ့ နိုင်ငံရဲ့ တချို့ ဒေသတွေမှာ ပဋိပက္ခတွေ မငြိမ်မသက်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...