ချင်းပြည်နယ်တွင် မိုဘိုင်းစခန်းများတည်ဆောက်ပြီးပါက ဖုန်းလိုသလောက် ချထားပေးမည်
Posted by nankeythiooချင်းပြည်နယ်၌ မိုဘိုင်းစခန်းများတည်ဆောက်ပြီးစီးပါက ယင်းဒေသမှ တောင်းဆိုသလောက် မိုဘိုင်းဖုန်း ဆင်ကဒ်များ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သော ချင်းပြည်နယ် အလယ်ပိုင်း ချင်းပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းဒေသများတွင် ဖုန်းသုံးစွဲနိုင်မှု လွယ်ကူစေရန်အတွက် မိုက်ခရိုဝေ့ဆက်ကြောင်း အသုံးပြု၍ ဆက်သွယ်ရေးစခန်းများတည်ဆောက်မည်ဟု နိုင်ငံပိုင်သတင်းစာများထွင် ထုတ်ပြန်ကြေညာထားသည်။
“ဒီဒေသတွေက ရွာတွေဖြစ်တော့ မြို့ကြီးတွေလို ဆွဲအားသုံးထောင်လောက်ရှိတဲ့ တာဝါတိုင်တွေ ဆောက်ဖို့ အဆင်မပြေဘူး၊ ဒါကြောင့် မိုက်ခရိုဝေ့ဆက်ကြောင်းတွေကတစ်ဆင့် ဖုန်းသုံးစွဲလို့ရအောင် ဆောင်ရွက်တာပါ။” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။
ချင်းပြည်နယ်တွင် မိုဘိုင်းစခန်းတည်ဆောက်ပြီးစီးပါက မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများကိုပါ မိုက်ခရိုဝေ့ဆက်ကြောင်းဖြင့် မိုဘိုင်းစခန်းများတည်ဆောက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
“မိုဘိုင်းစခန်းတွေ ပြီးသွားရင် ချင်းပြည်နယ်က ဖုန်းသုံးစွဲသူများတွေ လိုင်းမကြပ်အောင် ဖုန်းလိုင်းတွေကို လိုအပ်သလောက် ချထားပေးသွားမှာပါ။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်က ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆ (၈၀)ရာခိုင်နှုန်းတွင် ကျေးလက်ဒေသ တယ်လီဖုန်း သိပ်သည်းဆမှာ (၃၈) ရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် လာမည့် ၂၀၁၇ခုနှစ်တွင် ကျေးလက်ဒေသ တယ်လီ ဖုန်းသိပ်သည်းဆ (၇၀) ရာခိုင်နှုန်းနှင့် ၂၀၂၀ ခုနှစ်တွင် တယ်လီဖုန်းသိပ်သည်းဆ (၁၀၀)ရာခိုင်နှုန်းအထိ မြင့် တက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup


"/>



Myanmar Kyat Converter
Yangon (Rangoon) Time

0 comments:
Post a Comment