ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

(ဓာတ်ပုံ- General Electric Company ၏ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ John G. Rice ဖြစ်ပါသည်။)
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် နည်းပညာနဲ့ စွမ်းအင်ဆိုင်ရာ GE ကုမ္ပဏီ က မြန်မာနိုင်ငံက ပုဂ္ဂလိက ဆေးရုံ (၂) ရုံမှာ
ဆေးဖက်ဆိုင်ရာသုံး ကိရိယာတွေ တပ်ဆင်ပေးဖို့ သဘောတူ စာချုပ်ချုပ်ဆို လိုက်ကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။

ပုဂ္ဂလိက ဆေးရုံ (၂) ရုံမှာ နှလုံးစမ်းသပ်တဲ့ ဓါတ်မှန် ရိုက်စက် (၂) လုံးတပ်ဆင်ပေးဖို့ စာချုပ်ခဲ့တာဖြစ်ပါတယ်။


အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ယာယီ ရုပ်သိမ်းခဲ့ပြီးနောက် ပထမဦးဆုံး ဝင်ရောက်လာတဲ့ ကုမ္ပဏီ

ဖြစ်ပြီး GE ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံက Sea Lion ကုမ္ပဏီဟာ ဒေါ်လာ (၂)သန်းလောက်သာ မတည်ငွေရှိတဲ့ သေးငယ်တဲ့ ကုမ္ပဏီ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အမေရိကန် ကုမ္ပဏီ (၃၇) ခုက လူပေါင်း ၇၀ လောက် ပါဝင်တဲ့ အဖွဲ့တဖွဲ့ဟာ ရင်းနှီးမြုပ်နှံရေး အခွင့်အလမ်းတွေ ရှာဖွေဖို့

ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ အမေရိကန် သမ္မတ Barack Obama က မြန်မာနိုင်ငံမှာ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု နဲ့ ရင်းနှီးမြုပ် ခွင့်တွေ ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

RFA Burmese

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...