ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


ယခုအခါ နိုင်ငံတော်တရား စီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ်္ဂိုလ်များရဲ့  စီးပွားရေး လုပ်ငန်း များ၊ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်  တကွ စာရင်းပြုစုပြီး နိုင်ငံတော်  သမ္မတထံ ပေးပို့ရမယ်လို့ နိုင်ငံတော်  သမ္မတရုံးမှ သက်ဆိုင်ရာ ပုဂ်္ဂိုလ် အသီးသီးထံ ညွှန်ကြားထားကြောင်း သိရပါတယ်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ နေ ပြည်တော်စက်မှုဝန်ကြီးဌာနအစည်း အဝေးခန်းမတွင် မီဒီယာတွေ့ဆုံ ပွဲ၌စက်မှုဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ““ဘယ်သူ့ကို လာဘ်ပေးရတယ်ဆိုတာ တိတိ ကျကျပြော၊သိပ်တိကျရင် မနက်  ဖြန်ကျွန်တော်အရေးယူမယ်။  ကျွန်တော့်ကိုလာဘ်ပေးရတယ် ဆိုရင်လည်းကျွန်တော့်ကိုယ်ကျွန်တော်  အရေးယူမယ်။ မီဒီယာတွေအနေနဲ့  ကျွန်တော်တို့ဆောင်ရွက်နေတာ မှန်ကန်ရင် ကူညီကြပါ။အာပေး ကြပါမှားနေတယ်ဆိုရင်လည်းတည့် မတ်ပေးကြပါ။ဒါပေမမဲ့ ကျွန်တော်   တို့လာဘ်စားနေတယ်လို့တော့ ရမ်းမလုပ်လိုက်ကြပါနဲ့။ကျွန်တော်  လာဘ်ယူရင် ကျွန်တော်ထွက်ပါ မယ်။ဒီလိုပဲ ကျွန်တော့်မိတ်ဆွေ ၀န်ကြီးတွေ၊ကျွန်တော့အဖွဲ့သား တွေလာဘ်ယူရင်လည်းအရေးယူဖို့  အတွက် နိုင်ငံတော်သမ္မတကြီးကို  တင်ပြသွားမှာပါ။””ဟု ရဲရဲဝံ့ဝံ့ပြော ကြားသွာသည်။


ထို့အပြင် ပြည်ထောင်စုဝန် ကြီး ဦစိုးသိန်းက ကျွန်တော့်ရဲ့  ပိုင်ဆိုင်မှုတွေကို အချိန်မရွေးပေး နိုင်ကြောင်းနှင့် ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်း ၊၊ပြည်ထောင်စုဝန်   ကြီး ဦးခင်ရီတို့ကလည်း မိမိတို လာဘ်စားမိပါက မိမိတို့ကိုယ်တို င်နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အပေါ် ပြည်သူ လူထုက အလွန်သဘောကျနှစ်  ခြိုက်ခဲ့ကြောင်းလည်းသိရသည်။


K.T  

Hot News Weekly

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...