ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန။             ။ တငွေ့ငွေ့ လောင်ကျွမ်းနေသော ရိုဟင်ဂျာပြဿနာနှင့် ရေရှည်တည်တံ့မည့် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံအား ဖိအားပေးခံနေရချိန်တွင် မြန်မာ့ အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့သည် တနှစ်အတွင်း တတိယအကြိမ်မြောက်အဖြစ် တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ကြသည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ သိန်းစိန်တို့ ပထမအကြိမ်တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ - AFP
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ သိန်းစိန်တို့ ပထမအကြိမ်တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ - AFP
ထိုသို့ တွေ့ဆုံရာတွင် ပထမဆုံးအကြိမ်အဖြစ် ၀န်ကြီးများပါဝင်တက်ရောက်
ခဲ့ကြပြီး တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်နေသောအရာများကို ပူးတွဲ ဖြေရှင်းကြရန်
သဘောတူညီခဲ့ကြသည်။

တိုင်းပြည်အနှံ့ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းရင်းသားလူနည်းစုများနှင့်
ဖြစ်ပွါးနေသော ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက်
ဒေါ်အောင်ဆန်းစုကြည်အား အသုံးချလိုသည့် အစိုးရ၏ဆန္ဒကို ယခုတွေ့ဆုံမှုက ထင်ရှားစေခဲ့သည်။

အစည်းအဝေးတွင် အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးနေသည့် မူဆလင် ရိုဟင်ဂျာများ ပြဿနာ
ဖြစ်သည်။ ယင်းဆူပူမှုများကြောင့် လူပေါင်း ၈၀ သေဆုံးခဲ့ရပြီး  အိုးအိမ် ထောင်ပေါင်းများစွာနှင့် ပစ္စည်းဥစ္စာ အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

လက်နက်ကိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်ရာ
တွင် အစိုးရကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်နေသည့် ဦးစိုးသိန်းလည်း ယခုအစည်းအဝေးသို့ တက်ရောက်ခဲ့သည်ဟု အစိုးရအရာရှိများက ပြောကြသည်။ သို့သော် အစည်းအဝေးအကြောင်း အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။

လွန်ခဲ့သော ရက်သတ္တပတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေစိုးမိုးရေး ပါလီမန်ရေးရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့သည်။ ယင်းကိစ္စသည် ဧပြီလအတွင်း မဲဆွယ် စည်းရုံးစဉ် ဒေါ်အောင်ဆန်းစုကြည် အဓိက ပြောဆိုခဲ့သည့်
ပြဿနာ သုံးရပ်အနက် တခု ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၈ သိန်းမျှ ရှိနေသည့် နိုင်ငံမဲ့ ရိုဟင်ဂျာလူမျိုးများ၏ ပြဿနာသည် မကြာခင်က
ဖြစ်ပွါးခဲ့သော အဖြစ်အပျက်များအနက် အဓိက ပြဿနာကြီးဖြစ်နေခဲ့သည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဤကိစ္စအတွက် ယုံကြည် ကိုးစားလောက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပါရန်နှင့်
ပြဿနာအတွက် ရေရှည် အဖြေတရပ်ကို ရှာဖွေပါရန် တောင်းဆိုနေခဲ့ကြသည်။

တူရကီ နိုင်ငံခြားရေးဝန်ကြီး ခေါင်းဆောင်သည့် အစ္စလာမ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ကိုယ်စားလှယ်
အဖွဲ့ကို ဆူပူမငြိမ်မသက်မှုများ ဖြစ်ပွါးနေသည့် ရခိုင်ပြည်နယ်သို့ သောကြာနေ့က လာရောက်လည်ပတ်ခွင့်ပြုခဲ့ပြီး
နောက် ယခုတွေ့ဆုံမှု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့သည် တိုင်းရင်းသာလက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး စာချုပ်များ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ သို့သော် အခြားအဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေပြီး အထူးသဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လူထောင်ပေါင်းများစွာ နေအိမ်များကို စွန့်ခွါ ထွက်ပြေးခဲ့ကြရသည်။

တိုင်းပြည်၏ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရေးအတွက် ဥပဒေပြုကဏ္ဍတွင် အပြောင်းအလဲများကို လျင်လျင်မြန်မြန် ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ပြဿနာများအတွက် ဖိအားပေးခံနေရသေး
သည်။

ရခိုင်ပဋိပက္ခမှ ရရှိခဲ့သော `အရေးအကြီးဆုံး သင်ခန်းစာ´သည် တိုင်းပြည်တွင်း `ဥပဒေ စိုးမိုးမှုကို လိုအပ်နေခြင်း´
ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ ယင်းသည် တိုင်းပြည်အတွင်းရှိ မြောက်များလှစွာသော တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရန် အဓိက အချက်လည်း ဖြစ်ကြောင်းသူက ပြောသည်။

စေ့စပ်ပြေအေးလိုသည့် သဘောထားကို ပြသသည့်အနေဖြင့် ရိုဟင်ဂျာဒုက္ခသည် စခန်းများသို့ `အရေးပေါ်အကူအညီ´များ ကူညီခွင့်ပြုရန် OIC ကို ယခုသီတင်းပတ်ကုန် ရက်က ဦးသိန်းစိန်က ခွင့်ပြုခဲ့ကြောင်း
 နိုင်ငံပေါင်း ၅၇ နိုင်ငံ ပါဝင်သည့် ထိုအဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြ ရေးသားထားသည်။

ယင်းခွင့်ပြုချက်ကို အင်ဒိုနီးရှား ဒု-သမ္မတဟောင်း ဂျူဆုဖ်ကာလာ ခေါင်းဆောင်သည့် OIC ကိုယ်စားလှယ်အဖွဲ့ကို
သောကြာနေ့က ဦးသိန်းစိန် လက်ခံတွေ့ဆုံခဲ့ပြီးနောက် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထား
သည်။

ဆော်ဒီအာရေဗျ ဘုရင် အဗ္ဒူလာကလည်း ရိုဟင်ဂျာများအတွက် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ သန်း ၅၀ ပေးအပ်ရန် အမိန့်ပေးခဲ့သည်။

ရိုဟင်ဂျာ အသိုင်းအ၀ိုင်းသည် `လူမျိုးတုံး သတ်ဖြတ်ခြင်း၊ လူသတ်မှု၊ မုဒိမ်းမှု၊ နေအိမ် များမှ အတင်းအကြပ်
ပြောင်းရွှေ့စေခြင်းအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှု များစွာ´ ကို ခံစားခဲ့ရကြောင်း ဆော်ဒီနိုင်ငံပိုင် သတင်းအေဂျင်စီ၏ သတင်းတွင် ရေးသားထားသည်။

တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမတ် ဒါဗူတိုဂလူ Ahmet Davutoglu သည် စစ်တွေသို့ သွားရောက်ကာ အကူအညီလိုအပ်ချက်ကို သွားရောက်စုံစမ်း လေ့လာခဲ့ပြီး အင်္ဂါနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့၌ ကျင်းပမည့် OIC ထိပ်သီးအစည်းအဝေးသို့ တင်ပြမည်ဖြစ်ကြောင်း ကြေးနန်းသတင်းဌာနများက ရေးသား သတင်းပေးပို့ထားသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...